ၾကားသိရတဲ့ အဆိုေတာ္ G-Fatt ရဲ႕ စိတ္မေကာင္းစရာသတင္း
အဆိုေတာ္ G Fatt ကို ၿပီးခဲ့သည့္ မတ္လ ၂၅ ရက္တြင္ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕၌ စစ္ေကာင္စီက ဖမ္းဆီးထိန္းသိမ္းလိုက္ေၾကာင္း သတင္းမ်ား ထြက္ေပၚလ်က္ရွိသည္။
အဆိုပါ သတင္းကို ဧရာဝတီက အတည္ျပဳႏိုင္ရန္ G Fatt ႏွင့္ရင္းႏွီးသည့္မိတ္ေဆြမ်ားကို ေမးျမန္းရာတြင္ ၎တို႔ႏွင့္ အဆက္အသြယ္ ျပတ္ေတာက္ေနသည္မွာ ၃ ရက္ခန႔္ ရွိၿပီျဖစ္ေၾကာင္း ေျပာဆိုၾကသည္။
လတ္တေလာတြင္ ရန္ကုန္ၿမိဳ႕ရွိ စစ္ေၾကာေရးစခန္းတခု၌ အစစ္ေဆးခံေနရေၾကာင္းလည္း သတင္းမ်ား ထြက္ေပၚ လ်က္ရွိသည္။
အဆိုေတာ္ G Fatt တာခ်ီလိတ္ၿမိဳ႕၌ ဖမ္းဆီးခံရသည့္ သတင္းမ်ား ထြက္ေပၚၿပီးသည့္ေနာက္တြင္ ၎အား စစ္ေကာင္စီမွ ဖမ္းဆီးျခင္းမဟုတ္ဘဲ
ကိုယ္တိုင္သြားေရာက္ အဖမ္းခံျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီကို ဆန႔္က်င္ေတာ္လွန္ေနသည့္ အႏုပညာရွင္ အသိုင္းအဝိုင္းက ဆိုၾကသည္။
G Fatt ႏွင့္အတူ အဆိုေတာ္ Floke Rose လည္း ဖမ္းဆီးခံရသည္ဟု သိရေသာ္လည္း ဧရာဝတီအေနျဖင့္ သီးျခား အတည္ျပဳႏိုင္ျခင္း မရွိပါ။
၎တို႔ ၂ ဦးမွာ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက ဘန္ေကာက္ၿမိဳ႕တြင္ ရႈိးပြဲတခု ျပဳလုပ္ခဲ့သလို၊ အဆိုေတာ္ G Fatt အေနျဖင့္လည္း ကုန္ပစၥည္းေၾကာ္ျငာမ်ား ႐ိုက္ကူးလ်က္ရွိသူလည္း ျဖစ္သည္။
အဆိုေတာ္ G Fatt သည္ ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕ဝင္မ်ားႏွင့္အတူ ေတာ္လွန္ေရးသီခ်င္း သီဆိုထားသည့္ ဗီဒီယိုဖိုင္တခု ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ဩဂုတ္လပိုင္းခန႔္က လူမႈကြန္ရက္ေပၚတြင္ ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္
စစ္တပ္ေလာ္ဘီမ်ား၏တယ္လီဂရမ္ခ်န္နယ္မ်ားတြင္ ၎အား ဖမ္း ဆီးရန္ လႈံ႕ေဆာ္မႈမ်ားေၾကာင့္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕သို႔ တိမ္းေရွာင္ခဲ့ျခင္း ျဖစ္သည္။
စစ္အာဏာသိမ္းခဲ့သည့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ေနာက္ပိုင္း စစ္အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားမႈမ်ားတြင္ ပါဝင္ခဲ့သည့္ အႏုပညာရွင္မ်ားအား
စစ္ေကာင္ စီက ပုဒ္မ ၅၀၅- က ျဖင့္ အမႈဖြင့္ဖမ္းဆီးျခင္းမ်ား ျပဳ လုပ္ခဲ့ၿပီး ၂၀၂၁ ခုႏွစ္ ဇြန္လ၂၉ ရက္တြင္မူ ခံဝန္ကတိျဖင့္ အမႈမွ ႐ုပ္သိမ္းေပးခဲ့သူမ်ားထဲတြင္ G Fatt လည္း ပါဝင္ခဲ့သည္။
credit to orginal
zawgyi
ကြားသိရတဲ့ အဆိုတော် G-Fatt ရဲ့ စိတ်မကောင်းစရာသတင်း
အဆိုတော် G Fatt ကို ပြီးခဲ့သည့် မတ်လ ၂၅ ရက်တွင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၌ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
အဆိုပါ သတင်းကို ဧရာဝတီက အတည်ပြုနိုင်ရန် G Fatt နှင့်ရင်းနှီးသည့်မိတ်ဆွေများကို မေးမြန်းရာတွင် ၎င်းတို့နှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ ၃ ရက်ခန့် ရှိပြီဖြစ်ကြောင်း ပြောဆိုကြသည်။
လတ်တလောတွင် ရန်ကုန်မြို့ရှိ စစ်ကြောရေးစခန်းတခု၌ အစစ်ဆေးခံနေရကြောင်းလည်း သတင်းများ ထွက်ပေါ် လျက်ရှိသည်။
အဆိုတော် G Fatt တာချီလိတ်မြို့၌ ဖမ်းဆီးခံရသည့် သတင်းများ ထွက်ပေါ်ပြီးသည့်နောက်တွင် ၎င်းအား စစ်ကောင်စီမှ ဖမ်းဆီးခြင်းမဟုတ်ဘဲ
ကိုယ်တိုင်သွားရောက် အဖမ်းခံခြင်းဖြစ်ကြောင်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် အနုပညာရှင် အသိုင်းအဝိုင်းက ဆိုကြသည်။
G Fatt နှင့်အတူ အဆိုတော် Floke Rose လည်း ဖမ်းဆီးခံရသည်ဟု သိရသော်လည်း ဧရာဝတီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
၎င်းတို့ ၂ ဦးမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ဘန်ကောက်မြို့တွင် ရှိုးပွဲတခု ပြုလုပ်ခဲ့သလို၊ အဆိုတော် G Fatt အနေဖြင့်လည်း ကုန်ပစ္စည်းကြော်ငြာများ ရိုက်ကူးလျက်ရှိသူလည်း ဖြစ်သည်။
အဆိုတော် G Fatt သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့်အတူ တော်လှန်ရေးသီချင်း သီဆိုထားသည့် ဗီဒီယိုဖိုင်တခု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လပိုင်းခန့်က လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက်
စစ်တပ်လော်ဘီများ၏တယ်လီဂရမ်ချန်နယ်များတွင် ၎င်းအား ဖမ်း ဆီးရန် လှုံ့ဆော်မှုများကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ တိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။
စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များအား
စစ်ကောင် စီက ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်ဖမ်းဆီးခြင်းများ ပြု လုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇွန်လ၂၉ ရက်တွင်မူ ခံဝန်ကတိဖြင့် အမှုမှ ရုပ်သိမ်းပေးခဲ့သူများထဲတွင် G Fatt လည်း ပါဝင်ခဲ့သည်။
credit to orginal