ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ ပအိုဝ်း လူငယ်တစ်ဦးရဲ့ စိတ်မကောင်းစရာ သတင်း
ထိုင်းနိုင်ငံမှာ ပအိုဝ်းလူငယ်တစ်ဦး ပိုးသတ်ဆေး ၃ ပုလင်းသောက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင် းသတင်းအရင်းအမြစ်များထံက သိရပါတယ်။
မတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၀ အရွယ်ရှိ ပင်ပီးဒေသ ပအိုဝ်းလူငယ် ခွန်ပီးဆိုသူသည် ပိုးသတ်ဆေး ၃ ပုလင်းသောက်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။“သူက ထိုင်းမှာ ၃ နှစ်လောက်ရှိပြီ၊ မကြာခင်က သူ့ရွာ ရှင်ပြုပွဲပြန်သွားတာ၊ အဲ့ဒီမှာ သူနဲ့နာမည်တူ ခွန်ပီးဆိုတဲ့လူက သူများဆိုင်ကယ် ခိုးဖူးတာရှိတယ်၊ သူပြန်လာတော့ သူ့ကိုဝိုင်းပြီးထင်ကြတာ၊ နောက်ပြီး စိတ်ညစ်ညစ်နဲ့ ထိုင်းကိုပြန်လာတာ မကြာသေးဘူး”လို့ ထိုင်းရောက် ပင်ပီးဒေသခံတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းများက ဖော်ပြထားပါတယ်။
ပင်ပီးဒေသပအိုဝ်းလူငယ် ခွန်ပီးသည် ထိုင်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် သူငယ်ချင်းများထံ သွားအိမ်စဉ် ပိုးသတ်ဆေး ၃ ပုလင်းသောက်ပြီး သေကြောင်းကြံစည်ခဲ့တာကြောင့် သူငယ်ချင်းများက ဆေးရုံပို့ပေးခဲ့သော်လည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်ပိုးသတ်ဆေးသောက်ကာ သေကြောင်းကြံစည်ခဲ့တဲ့ ပအိုဝ်းလူငယ် ခွန်ပီးသည် လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စုရှိ ကောင်တန်ပင်ပီးဒေသ နောင်ချိုကျေးရွာဇာတိဖြစ်တယ်လို့ သတင်းများက ဖော်ပြထားပါတယ်။
သေဆုံးသွားသူ ခွန်ပီးသည် အသက်အာမခံချက်ပါရှိတဲ့အတွက် အလုပ်ရှင်သူဌေးများက ၎င်းရဲ့အသုဘပွဲကို အစအဆုံးစီစဉ်ပေးကာ ထိုင်းရောက်ပင်ပီးလူငယ်များ၊ မိဘများနဲ့ ကူညီရေးအဖွဲ့များက မတ်လ ၂၉ ရက်နေ့မှာ မီးသင်္ဂြိုလ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
TMA
crd
zawgyi
ထိုင္းႏိုင္ငံမွာ အလုပ္သြားလုပ္ေနတဲ့ ပအိုဝ္းလူငယ္တစ္ဦးရဲ႕ စိတ္မေကာင္းစရာ သတင္း
ထိုင္းႏိုင္ငံမွာ ပအိုဝ္းလူငယ္တစ္ဦး ပိုးသတ္ေဆး ၃ ပုလင္းေသာက္ၿပီး ေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႔ ေဒသတြင္ းသတင္းအရင္းအျမစ္မ်ားထံက သိရပါတယ္။
မတ္လ ၂၃ ရက္ေန႔က ထိုင္းႏိုင္ငံမွာ သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ အသက္ ၂၀ အ႐ြယ္ရွိ ပင္ပီးေဒသ ပအိုဝ္းလူငယ္ ခြန္ပီးဆိုသူသည္ ပိုးသတ္ေဆး ၃ ပုလင္းေသာက္ၿပီး ေသဆုံးမႈ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။
“သူက ထိုင္းမွာ ၃ ႏွစ္ေလာက္ရွိၿပီ၊ မၾကာခင္က သူ႔႐ြာ ရွင္ျပဳပြဲျပန္သြားတာ၊ အဲ့ဒီမွာ သူနဲ႔နာမည္တူ ခြန္ပီးဆိုတဲ့လူက သူမ်ားဆိုင္ကယ္ ခိုးဖူးတာရွိတယ္၊ သူျပန္လာေတာ့ သူ႔ကိုဝိုင္းၿပီးထင္ၾကတာ၊ ေနာက္ၿပီး စိတ္ညစ္ညစ္နဲ႔ ထိုင္းကိုျပန္လာတာ မၾကာေသးဘူး”လို႔ ထိုင္းေရာက္ ပင္ပီးေဒသခံတစ္ဦးရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ေဒသတြင္းသတင္းမ်ားက ေဖာ္ျပထားပါတယ္။
ပင္ပီးေဒသပအိုဝ္းလူငယ္ ခြန္ပီးသည္ ထိုင္းသို႔ ျပန္လည္ေရာက္ရွိလာၿပီးေနာက္ သူငယ္ခ်င္းမ်ားထံ သြားအိမ္စဥ္ ပိုးသတ္ေဆး ၃ ပုလင္းေသာက္ၿပီး ေသေၾကာင္းႀကံစည္ခဲ့တာေၾကာင့္ သူငယ္ခ်င္းမ်ားက ေဆး႐ုံပို႔ေပးခဲ့ေသာ္လည္း ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ပိုးသတ္ေဆးေသာက္ကာ ေသေၾကာင္းႀကံစည္ခဲ့တဲ့ ပအိုဝ္းလူငယ္ ခြန္ပီးသည္ လင္းေခးခ႐ိုင္၊ မိုင္းပန္ၿမိဳ႕နယ္၊ နားမြန္ေက်း႐ြာအုပ္စုရွိ ေကာင္တန္ပင္ပီးေဒသ ေနာင္ခ်ိဳေက်း႐ြာဇာတိျဖစ္တယ္လို႔ သတင္းမ်ားက ေဖာ္ျပထားပါတယ္။
ေသဆုံးသြားသူ ခြန္ပီးသည္ အသက္အာမခံခ်က္ပါရွိတဲ့အတြက္ အလုပ္ရွင္သူေဌးမ်ားက ၎ရဲ႕အသုဘပြဲကို အစအဆုံးစီစဥ္ေပးကာ ထိုင္းေရာက္ပင္ပီးလူငယ္မ်ား၊ မိဘမ်ားနဲ႔ ကူညီေရးအဖြဲ႕မ်ားက မတ္လ ၂၉ ရက္ေန႔မွာ မီးသၿဂႋဳလ္ေပးခဲ့တာလည္းျဖစ္ပါတယ္။
TMA
crd