အေထြေထြဗဟုသုတ

တန်ဖိုးကြီး ရှားပါး ထူးဆန်းတဲ့အရာများကို ဖော်ပြပေးလိုက်ပါတယ်…

မြန်မာနိုင်ငံအတွင်းရှိ တန်ဖိုးကြီးမား ရှားပါးသည့်အရာများ တောတောင်များ အတွင်း ကြီးမားပြီး ရှားပါးထူးဆန်းတဲ့ အရာများကို ဖော်ပြပေးလိုက်ပါတယ်။

အဆိုပါပစ္စည်းတွေဟာ တဖက်နိုင်ငံက တရားမဝင်ကုန်သွယ် ရောင်းဝယ်မှုတွေကြောင့် အတော်များများ ပျက်စီးပျောက်ဆုံးကုန်ပြီ ဖြစ်ပါတယ်။ ၎င်း ပစ္စည်းများကို ထိန်းသိမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပုံမမြင်ဘူးသူများ မြင်ဖူးစေရန်အတွက် ပုံနှင့်တကွ ဖော်ပြလိုက်ရပါတယ်

ညောင်နီပင် မြန်မာနိုင်ငံမှာရှိတဲ့ တောထဲတွင် ရံဖန်ရံခါတွေရလေ့ရှိသော ညောင်ပင်နီဖြစ်ပါတယ်။သစ်ပင်ကိုင်းအား ဓါးဖြင့်ခုတ်လျှင် လူကဲ့သို့ သွေးများထွက်သည်။ တရုတ်နိူင်ငံမှ အဓိကထား ဝယ်နေတယ်လို့ သိရသည်။

၁၉၆၈ ခုနှစ်တွင် ပဲခူးရိုးမတွင် ကွန်မြူနစ်ခေါင်းဆောင် တစ်ဦးမှ ထိုအပင်ကိုတွေ့ရှိ၍ အပင်လိုက်ခုတ်ကာ တရုတ်နိူင်ငံသို့ ရောင်းချခဲ့သည်ဟု သိရသည်။ ယခုခေတ်တွင်လည်း ထိုအပင်ကို လိုက်လံရှာဖွေ ဝယ်ယူနေသော ထိုင်းလူမျိုးအချို့နှင့်

တရုတ်လူမျိုးတို့ကို တွေ့ဖူးသည်။ ဒေသခံအချို့ တွေ့ဖူးလျှင် လမ်းပြကြေးပေးကာ လိုက်လံရှာဖွေတက်ကြသည် ၎င်း အပင်သည် ကျောက်မျက်အတုလုပ်သည့် လုပ်ငန်းနှင့် ဆေးဝါးဖော်စပ်သည့်နေရာတွင် အလွန်အသုံးဝင်သည်ဟု သိရပါတယ်။

ယခုအခါ ထိုအပင်မှာမရှိသလောက် ရှားပါးသွားသည် ကျွန်းနက် မြန်မာနိုင်ငံရှိ ရေနံမြေနှင့် ဆက်စပ်နေသော ဒေသအချို့တွင် ပေါက်ရောက်သည်။ ကျွန်းနက်သည် မူလအစက ကျွန်းဖိုပင်ဖြစ်သော်လည်း ရေနံမြေ၏ အောက်ခံမြေဆီလွာနှင့်

ကျောက်အလွာကြောင့် သက်တမ်းရင့်လာသည့်အခါ ကျွန်းနက်အဖြစ်သို့ ပြောင်းလဲသွားသည် ကျွန်းနက်အား အဂ္ဂရိတ်ထိုသည့် နေရာတွင် အလွန်အသုံးဝင်သည်။ ကျွန်းနက်အား အဆီအနှစ်ထုတ်ကာ အဂ္ဂရိတ်ပညာဖြင့် သံလုံးရအောင်လုပ်သည်။

ကျွန်းနက်၏ မူလအသားမှာလဲ မီးရှို့၍ပြာချလျှင် သံလိုက်သယောင် ရှိသည်။အဂ္ဂရိတ်ပညာဖြင့် ဓါတ်လုံးရအောင် ထိုးနိုင်လျှင် ပီယသီဒ္စီ၊ ကာယသိဒွီတို့၌ အလွန်အစွမ်းရှိသည်။ဂမ္ဘီရအနွယ်ဝင် သစ်ပင်ဖြစ်သောကြောင့် တော်ရုံတန်ရုံတွေ့ရဖို့

မလွယ်ကူသလို တွေ့ရှိသည့်ကျွန်းနက်ပင်အချို့မှာလဲ ဘုရားဆင်းထု ထုပ်လုပ်ရန်သာအသုံးဝင်သည်ကျွန်းနက်သားအစစ်အား ပိသာချိန်ဖြင့် ချိန်တွယ်ကာ သိန်းဂဏန်းကျပ်ဖြင့် ဝယ်ယူကြတယ်လို့ သိရတယ်။

ဝါးအမြူတေ

ဝါးအမြူတေသည် ဝါးတောများထဲတွင် တစ်ပင်တည်းထူးခြားစွာ ပေါက်သည်။ဝါးများထဲတွင်သန္ဓေတည်သည်ပုံစံမှာ အလုံး သို့မဟုတ် နွယ်ပင်ကဲ့သို့ ပုံစံမျိုးဖြစ်သည်။ဝါးအမြူတေသည် လပြည့်၊လကွယ် ညများတွင် ထိုဝါးထဲမှ စကားပြောသံများ သီချင်းဆိုသံများ ဝါးကြိတ်

သံများ ကြားရတက်သည် ပုဂံခေတ်က ဝါးထဲမှမွေးဖွား၍ ဘုရင့်မိဖုရားဖြစ်သွားသော ဝေဠုဝတီ မိဖုရားသည် ထိုအမြူတေမှ ပေါက်ဖွားသည့်ဟု ကြားဖူးခဲ့သည်။ထိုဝါးအမြူတေအား အိမ်၌ ဆောင်ထားလျှင်စီးပွားတက်ခြင်း၊ လာဒ်လာဘပွင့်ခြင်း စသည့်

အကျိုးကျေးဇူးများ ရရှိသည် အထူးသဖြင့် စုန်း၊ ကဝေ၊ အောက်လမ်းတို့ မပြုစားနိုင်သောကြောင့် စုန်းယုံကြည်သော အာရှနိုင်ငံအချို့နှင့် အာဖရိကနိုင်ငံအချို့က ဈေးကောင်းပေး၍ ဝယ်တက်သည်။ သစ်ကွင်းတောကြီး တောင်ကြီးများတွင်သာ တွေ့ရတက်သည်။

၎င်း သစ်ကွင်းများကို အိမ်၌ဆောင်ထားလျှင် မီးကွင်းသည်။လူ၊ နတ် ချစ်ခင်သည်။ စုန်း၊ အောက်လမ်းတို့ ပြုစားခြင်း ကင်းလွတ်သည်။စုန်းယုံကြည်သော မြန်မာလူမျိုးများနှင့် ထိုင်းလူမျိုး၊ မလေးလူမျိုးတို့က ဈေးကောင်းပေး၍

ဝယ်တက်သည်။သံစားကျောက် ရှေးဟောင်းပစ္စည်း ပွဲစားများနှင့် ထိုင်းလူမျိုးများ အလွန်လိုချင်နေသော ကျောက်တစ်မျိုးဖြစ်သည်။ ထိုကျောက်ကို ရေတံခွန်များ ပေါများရာဒေသနှင့် မီးတောင်များရှိရာ ဒေသတို့တွင်သာ တွေ့ရတက်သည်။

ထိုကျောက်၏ကာလပေါက်ဈေးတန်ဖိုးမှာသိန်းတစ်ထောင်အောက်သာဖြစ်သည်။ထိုကျောက်သည်မိုးရေ၊အောက်ဆီဂျင်နှင့်အိုင်းယွန်းဆာလဖြူရစ်တို့နှင့်ထိတွေ့ပြီးဓါတ်ပြုကာအက်ဆစ်ဓါတ်ဖြစ်ပေါ်သောကြောင့်သံအရည်ပျော်ခြင်းဖြစ်သည်။

အရည်ပျော်သည်မှာလဲချက်ချင်းပျော်သွားခြင်းမဟုတ်ဘဲနှစ်ရက်သုံးရက်ခန့်မှသာအရည်ပျော်ခြင်းဖြစ်သည်။ခြသံအဂ္ဂရိတ်ပညာရှင်များတောထဲရှိခြတောင်ပို့များအားဖြို၍ရှာသောကျောက်တစ်မျိုးဖြစ်သည်။ခြသံစစ်လျှင်ကျောက်ပျဉ်၌

သွေးလျှင်နို့ကဲ့သို့ အဖြူရောင်အရည်များ ထွက်တတ်သည် ပုဂံခေတ် ရှင်အဇ္ဇဂေါဏ၏ မုဆိုးမ ဘုရားတည်နိူင်သော ရွှေဖြစ်၊ ငွေဖြစ် လမ်းစဉ်အောင်မြင်ရခြင်းသည် ခြသံ၏အရေးပါမူကြောင့်လဲ ဖြစ်ပါသည် ကျောက်လိပ်၊ ကျောက်ခရုနှင့် ကျောက်ငါး

ထို ကျောက်ဖြစ်နေသော ရေနေသတ္တဝါများအား ကျောက်ဆောင်ထူထပ်၍ ရေနှင့်နီးသည့် နေရာများတွင် တွေ့ရတက်သည် ထိုကျောက်သတ္တဝါများ၏ အသုံးဝင်ပုံမှာ ရေဖလားထဲတွင်ထည့်၍ ပြဒါးကျွေးထားလျှင် ရက်အတန်ကြာသည့်အခါ ထိုကျောက်သတ္တဝါများ စွန့်ပစ်သော အညစ်ကြေးမှာ ရွှေဖြစ်နေတက်သည်ဟု ကြားဖူးခဲ့ပါတယ်။