ကျန်းမာရေး

အိပ်ရာဝင်ခါနီးမှာ လုံးဝ မပြုလုပ်သင့်တဲ့ အချက် ( ၁၀ ) ချက်

အိပ်ရာဝင်ခါနီးမှာ လုံးဝ မပြုလုပ်သင့်တဲ့ အချက် ( ၁၀ ) ချက်

 

(၁) အိမ်မွေးတိရစ္ဆာန်များနှင့်အတူ အိပ်ခြင်း

အိမ်မွေးတိရစ္ဆာန်များ၏ အိပ်စက်သည့်အချိန်သည် သာမန်လူများ အိပ်စက်ချိန်ထက် ပို၍ တိုတောင်းသောကြောင့် သင့်ကို အိပ်ရေးပျက်စေပါတယ်။ အိမ်မွေးတိရစ္ဆာန်များ၏ အမွှေးများကလည်း သင်၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါတယ် …။

(၂) ရေနွေးပူစိမ်ချိုးခြင်း

ရေနွေးပူစိမ်ချိုးခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ထို့အပြင် ရေနွေးပူကို (၁၀)မိနစ်လောက် ပို၍ ကြာကြာစိမ်ချိုးပါက သင်၏ သဘာဝအပေါ်ယံ အရေပြားကို ထိခိုက်စေပါတယ် …။

(၃) စိုးရိမ်စိတ်လွန်ကဲခြင်း

အိပ်ရာမဝင်ခင် သတင်းကြည့်ခြင်း (သို့) တစ်ယောက်ယောက်နှင့် ရန်ဖြစ်ခြင်းက အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ ထိုမျှမက အပျော်လွန်ကဲခြင်းသည်လည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်စိတ်ခံစားချက်များကို အိပ်ရာမဝင်ခင် (၂)နာရီခန့် ကြိုတင်ရှင်းလင်းထားပြီး စိတ်ငြိမ်အောင် ထားသင့်ပါတယ် …။

 

(၄) ဆေးသောက်ခြင်း

အိပ်မပျော်သူများအတွက် မအိပ်ခင် အိပ်ဆေးသောက်သင့်သော်လည်း အခြားဆေးများကို မနက်ပိုင်းတွင်သာ သောက်သင့်ပါတယ်။ ထို့ကြောင့် ဆေးဝါးများ မသောက်သုံးခင် ဆရာဝန်ကို သောက်သင့်သည့်အချိန်ကို မေးသင့်ပါတယ် …။

(၅) အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုခြင်း

အီလက်ထရောနစ်ပစ္စည်းများမှ ထုတ်လွှတ်သော ရောင်ခြည်များသည် သင်၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသောကြောင့် ညနေပိုင်းလောက်တွင် သင့်အလုပ်ကို ပြီးစီးအောင် လုပ်ကိုင်ထားသင့်ပါတယ် …။

(၆) သင့်ဦးနှောက်ကို အနားပေးစေသော အလုပ်များ လုပ်ပေးခြင်း

အိပ်ရာမဝင်မီ ဦးနှောက်အသုံးချရသော အလုပ်များကို မလုပ်ပါနှင့်။ အဲဒီအစား စာအုပ်ဖတ်ပေးခြင်း၊ တရားထိုင်ခြင်းတို့ကိုသာ ပြုလုပ်ပေးသင့်ပါတယ် …။

(၇) တရေးအိပ်ခြင်း

တရေးအိပ်အနားယူချင်ပါက နေ့လည် (၁)နာရီနှင့် (၄)နာရီကြားတွင်သာ အိပ်သင့်ပါတယ်။ ညနေပိုင်းတွင် အိပ်ခြင်းက ညဘက်အိပ်ချိန်များကို ထိခိုက်စေသောကြောင့် တစ်နေ့ကို မိနစ်(၃၀) သို့မဟုတ် (၁)နာရီခန့်သာ အိပ်သင့်ပါတယ် …။

(၈) ရေသောက်ခြင်း

ညအိပ်ရာမဝင်ခင် ရေများများ သောက်မိပါက အိပ်ရေးပျက်စေပြီး နောက်နေ့မနက်တွင် မျက်ကွင်းညိုနေတတ်ပါတယ်။ ထို့ကြောင့် မအိပ်မီ ရေတစ်ခွက် (သို့) ခွက်တစ်ဝက်သာ သောက်သုံးပေးသင့်ပါတယ် …။

 

(၉) လေ့ကျင့်ခန်း လုပ်ခြင်း

လေ့ကျင့်ခန််းလုပ်ပြီး အိပ်စက်ခြင်းနှင့် ရေနွေးပူစိမ်ချိုးခြင်းတို့က သင်၏အာရုံကြောများကို နိုးကြွစေတတ်ပါတယ်။ ထို့ကြောင့် အိပ်ချိိန်ထက် သုံး၊လေးနာရီ (သို့) ခြောက်နာရီ ခြား၍ လေ့ကျင့်ခန်း ပြုလုပ်သင့်ပါတယ် …။

(၁၀) ဆေးလိပ်သောက်ခြင်း

မအိပ်မီ ဆေးလိပ်သောက်ခြင်းက ရင်တုန်စေခြင်းနှင့် သွေးခုန်နှုန်း မြင့်တက်စေခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ ထို့ကြောင့် ဆေးလိပ်ကို အိပ်ချိန်နှင့် နှစ်နာရီ (သို့) တစ်နာရီခွဲ ခြား၍ ဆေးလိပ်သောက်သင့်ပါတယ် …။ ။

Writer – Min Thu ( XYZ NEWS )