ကျောက်စိမ်း အရိုင်းတုံး တစ်ခုကို သိန်း(၄၀၀)ပေး ဝယ်ပြီး ပုတီး လုပ်လိုက်တဲ့ အခါ တန်ဖိုးက အဆမတန် တက်လာပါတယ်။
ကျောက်စိမ်းပုတီး ပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ
ကျောက်စိမ်းတွေ အကန်ကအသတ်မရှိ အထိန်းအကွပ်မဲ့ တူးဖော်ပြီး
တရုတ်ကို အတုံးလိုက် တန်နဲ့ချီပြီး ရောင်းနေကြတာ တကယ်တော့ နှမြောစရာ ကောင်းလှပါတယ်။
မြန်မာပြည်က ရောက်သွားတဲ့ ကျောက်စိမ်း အရိုင်းတစ်တုံးဟာ တရုတ်ပြည် ရောက်သွားရင်
နည်းပညာနှင့် အချောထည်လုပ်လိုက်တဲ့အခါ ဒေါ်လာသန်းချီ တန်တဲ့ပစ္စည်း ဖြစ်သွား ပါတယ်။
ခုတော့ ကျောက်စီမ်းဈေးကွက်က တရုတ်ပြည်ကို ရောက်သွားပါပြီ…မသိတဲ့ နိုင်ငံတွေကတော့ ကျောက်စိမ်းက တရုတ်ပြည်က ထွက်တယ်လို့တောင် ထင်နေကြတာ ဖြစ်ပါတယ်။
ကျောက်စိမ်းကို တရုတ်ပြည် သွားရောင်းနေကြတဲ့ အဖြစ်မျိုးကနေ ကျောက်စိမ်းကို နိုင်ငံတကာက လူတွေ ကမြန်မာပြည် လာဝယ်ရအောင် လုပ်သင့်နေပါပြီ။
ဒီသိန်းလေးရာတန် ကျောက်စိမ်းတုံးလေးကို ကျောက်စိမ်းပုတီး လုပ်လိုက်တဲ့အခါ တန်ဖိုးက သုံးဆကျော်လောက် တက်သွားပါတယ်။
ဒီပုတီးတစ်ကုံးရဲ့ တန်ဖိုး ဟာ SGG အခေါ် ၁၀ ဆိုဒ်ပိုင်ရှင်ကတော့ တစ်ကုံး သိန်း ၅၀၀ လောက် မှန်းမယ်ထင်ပါတယ်။
ကျောက်စိမ်းလုပ်ကွက်တွေကို အကန့်အသတ်မရှိ တူးဖော်ဖို့ ရောင်းစားနေမယ့်အစား ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ တစ်ပိုင်တစ်နိုင် တူးဖော်ခွင့်ပြုပြီး
ကုန်ချောပစ္စည်းလေးတွေ နိုင်သလောက်ထုတ်ပြီး တဖြည်းဖြည်း ဈေးကွက်ထူထောင်မယ်ဆိုရင် မြန်မာ့ကျောက်စိမ်းဟာ နှစ်ပေါင်းများစွာ ရှာစားလို့ မကုန်နိုင်ပါဘူး ဖြစ်နိုင်ပါတယ်။
နည်းပညာအသုံးပြု ဖန်ဆီပစ္စည်းနဲ့ လူသုံးကုန် ပစ္စည်းမျိုးမျိုး ထုတ်လုပ်ကာ ရောင်းချမယ်ဆိုလျှင် ပြည်တွင်း လုပ်ငန်းရှင်တွေလည်း ဦးမော့လာနိုင်ပါတယ်။
ကျောက်မျက် တူးဖော်မှုနဲ့ အရိုင်းတင်ပို့ခြင်းကို ကန့်သတ်ခွင့် ပြုသင့်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပြောင်းလဲလာမည့် ကျောက်စိမ်း ဥပဒေတွေကလည်း နိုင်ငံသူ/ သား တွေအတွက် အကျိုးရှိပြီး
သယံဇာတ ပြုန်းတီးခြင်းမှလည်း ကာကွယ်နိုင်မယ်၊ နိုင်ငံအတွက်လည်း အကျိုးရှိမယ် ဈေးကွက်လည်း ဖွံ့ဖြိုးတည်ငြိမ်လာမယ်ဆိုရင် အကောင်းဆုံး ဖြစ်ပါတယ်။