kyar thi ya tha mya

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကရင်တိုင်းရင်းသား တစ်ဦးက ဘတ် ၆ သန်းဆု ထိုင်းထီပေါက်..

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား တစ်ဦးက ဘတ် ၆ သန်းဆု ထိုင်းထီပေါက်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသား ကရင်တိုင်းရင်းသား တစ်ဦးဟာ ထိုင်းထီ ဘတ် ၆ သန်း ဆွတ်ခူးသွားတယ်လို့ သိခဲ့ရပါတယ်

ထိုင်းနိုင်ငံ ကန်ချနဘူရီ ပြည်နယ်ရှိ ရေခဲဆိုင်တွင် ဆယ်စုနှစ်တစ်ခုကျော် အလုပ်လုပ်ကိုင်နေသည့်

မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသားတစ်ဦးသည် ဇူလိုင်လ ၃၁ ရက်နေ့က ဖွင့်လှစ်သော

ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ဘတ်ခြောက်သန်းဆု (ပထမဆု) ကံထူးသွားတယ်လို့ ထိုင်းမီဒီယာများတွင် ဖော်ပြထားတာ ဖြစ်ပါတယ်။

ထိုင်းတီဆုကြီး ကံထူးရှင် မြန်မာလုပ်သားသည် ပန်းရောင်ဘတ်ကဒ် ကိုင်ဆောင်ထားသော အသက်(၃၆) နှစ်ရှိသူ ဖိုးထူး ဖြစ်ကြောင်း သိရပါသည်။

ကံထူးရှင် ဖိုးထူးသည် စံခလဘူရီမြို့နယ်ရှိ ကျရုန်ချိုင် ရေခဲဆိုင်တွင် ၁၅ နှစ်ကြာ လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။

၎င်း ထီပေါက်နံပါတ်မှာ 260453 ဖြစ်သည်ဟု သိရပြီးနောက် ထီဆုကြီးပေါက်ကြောင်း သိရပြီး

စံခလဘူရီမြို့နယ်ရဲစခန်းသို့ သွားရောက်ပြီး ရဲနေ့စဥ◌်မှတ်တမ်းတွင် အကြောင်းကြား အသိပေး အကူအညီတောင်းခဲ့သည်ဟု သိရပါသည်။

Source Ygn Times

ထိုင္းႏိုင္ငံတြင္ ျမန္မာႏိုင္ငံသား အလုပ္လုပ္ကိုင္ေနသူ ျမန္မာႏိုင္ငံသား ကရင္တိုင္းရင္းသား တစ္ဦးက ဘတ္ ၆ သန္းဆု ထိုင္းထီေပါက္

ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာအမ်ိဳးသား ကရင္တိုင္းရင္းသား တစ္ဦးဟာ ထိုင္းထီ ဘတ္ ၆ သန္း ဆြတ္ခူးသြားတယ္လို႔ သိခဲ့ရပါတယ္

ထိုင္းႏိုင္ငံ ကန္ခ်နဘူရီ ျပည္နယ္ရွိ ေရခဲဆိုင္တြင္ ဆယ္စုႏွစ္တစ္ခုေက်ာ္ အလုပ္လုပ္ကိုင္ေနသည့္

ျမန္မာႏိုင္ငံသား ကရင္တိုင္းရင္းသားတစ္ဦးသည္ ဇူလိုင္လ ၃၁ ရက္ေန႔က ဖြင့္လွစ္ေသာ

ထိုင္းထီအျမင့္ဆုံးဆုျဖစ္သည့္ ဘတ္ေျခာက္သန္းဆု (ပထမဆု) ကံထူးသြားတယ္လို႔ ထိုင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ထိုင္းတီဆုႀကီး ကံထူးရွင္ ျမန္မာလုပ္သားသည္ ပန္းေရာင္ဘတ္ကဒ္ ကိုင္ေဆာင္ထားေသာ အသက္(၃၆) ႏွစ္ရွိသူ ဖိုးထူး ျဖစ္ေၾကာင္း သိရပါသည္။

ကံထူးရွင္ ဖိုးထူးသည္ စံခလဘူရီၿမိဳ႕နယ္ရွိ က်႐ုန္ခ်ိဳင္ ေရခဲဆိုင္တြင္ ၁၅ ႏွစ္ၾကာ လုပ္ကိုင္ေနသူ တစ္ဦးျဖစ္သည္။

၎ ထီေပါက္နံပါတ္မွာ 260453 ျဖစ္သည္ဟု သိရၿပီးေနာက္ ထီဆုႀကီးေပါက္ေၾကာင္း သိရၿပီး

စံခလဘူရီၿမိဳ႕နယ္ရဲစခန္းသို႔ သြားေရာက္ၿပီး ရဲေန႔စဥ◌္မွတ္တမ္းတြင္ အေၾကာင္းၾကား အသိေပး အကူအညီေတာင္းခဲ့သည္ဟု သိရပါသည္။

Source Ygn Times