၁။ ဆံပင်အရောင်
ရွှေဝါရောင်ဆံပင်ပိုင်ရှင်များက အခြား ဆံပင်အရောင်ပိုင်ရှင်များထက် လူအများ အာရုံစိုက်မှု ပို ခံရပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိကြပါတယ်။
ဆံပင်နီကျင်ကျင်ပိုင်ရှင်များက အခြားသူများထက်နာကျင်မှုကို ပို ခံစားရလေ့ရှိသောကြောင့် ခွဲစိတ်ကုသရာတွင် ထုံဆေး ပိုသုံးရန်ပိုလိုအပ်လေ့ရှိပါတယ်။
အမျိုးသားများတွင်IQ ၁၁၉ ရှိသူများသည် IQ၁၁၅ ရှိသူများထက်ပို၍ ထိပ်ပြောင်လွယ်လေ့ရှိပါတယ်။
၂။ မျက်နှာ
မျက်နှာ ပြင် ကျဉ်းသော အမျိုးသားများသည်ရိုးသားပွင့်လင်းကြပါတယ်။
မျက်နှာပြင်ကျယ်သော အမျိုးသားများသည် လိမ်ညာ လေ့ရှိပြီး လိမ်ပြောရန်လည်း ဝန်လေးလေ့မရှိပါဘူး။ မကြာခဏ လိမ်ပြောလေ့လည်းရှိပါတယ်။
၃။ မျက်ခုံးမွေး
အသက် ၃၁ မှ ၃၄ အတွင်းရှိသူ များ၏ မျက်ခုံးမွေးများသည် တိုပါက သူ တို့ ဘဝ တွင် ခက်ခဲမှုများလေ့ရှိပါတယ် ။
မျက်ခုံးမွှေး မဲနက်ထူထပ်သူများသည် သူတို့၏ သူငယ်ချင်းများကို အလေးထားလေ့ရှိပြီး ပါတီ လုပ်ရတာကိုနှစ်သက်လေ့ရှိပါတယ် ။
မျက်ခုံးမွှေး ပါးသောသူများသည် သူငယ်ချင်းများများစားစားရှိလေ့မရှိပါဘူး စာအုပ်ကြီးအတိုင်း နေလေ့ရှိပြီး သန့်ရှင်း သပ်ရပ်တာ ကို သဘော ကျလေ့ရှိပါတယ်။
မျက်ခုံးမွေးရုပ်သူများကတော့ ငွေရေးကြေးရေးကိစ္စတွင် ပရမ်းပတာ ဖြစ်လေ့ရှိပါတယ်။
၄။နားရွက်
နားရွက် ကားသူများက ကျော်ကြားမှုကိုခုံမင်လေ့ရှိပါတယ် ။
နားရွက်ပြားကြီးသူများကတော့ ဇိမ်ကောင်းကောင်းခံတတ်လေ့ရှိပြီး နားရွက်ပြားသေးသူများက အခြားသူများထက်ထင်မြင်ချက်ပိုပေးလေ့ရှိပါတယ်။
နားရွက်ထိပ်ပိုင်းက နားရွက်ဖျားထက် ကြီးပြီး လုံးဝန်းနေပါက အင်မတန် ညဏ်ကောင်းလေ့ရှိကြပါတယ် ။
၅။ နှုတ်ခမ်း
နှုတ်ခမ်းသားဖူး ပြီး ပါးစပ်ကျယ်သူ အမျိုးသမီးများက ပို၍ ကျော်ကြားပြီး ကံကောင်းလေ့ရှိပါတယ် ။နှုတ်ခမ်းသားပါးသူများကတော့ ပို၍ ပျော်ရွှင်ကြည်နူးခိုင်မြဲသော rsမျိုးရရှိလေ့ရှိပါတယ်။
၆။ မေးစေ့
လေ့လာမှုများအရ ကျယ်ဝန်းသော မေးစေ့ရှိသော အမျိုးသမီးများသည် ပို၍ ဟော်မုန်းအပြောင်းအလဲများသောကြောင့် လိမ်လည်လေ့ရှိပါတယ်။
၇။ လက်ဖဝါးပေါ်ရှိ အရေးအကြောင်းများ
ဤ အရေးအကြောင်းများသည် လူ တစ်ယောက် အကြောင်း အများဆုံး ပြောလေ့ရှိပါတယ်။
အထင်းရှားဆုံး အရေးကြောင်းက သင့် လက်ဖဝါးအောက်ခြေမှ စ၍ ရှိနေသူများက အချစ်ရေးတွင် ကံကောင်းလေ့ရှိပါတယ် ။
အရေးကြောင်းက လက်ဖဝါးကို ဖြောင့်ဖြောင့်တန်းတန်းဖြတ်သွားသူများသည် အင်မတန် ထူးချွန်လေ့ရှိပါတယ်။
Writer – Min Thu ( XYZ NEWS )