ကျန်းမာရေး ပြည်တွင်းသတင်း

မန္တလေးတိုင်းအတွင်း ဥပုသ်စောင့်ခြင်းနှင့် ဘာသာရေးဝတ်ပြု ဆုတောင်းခြင်းများ ပြန်လည်ခွင့်ပြု

မန္တလေးတိုင်းအတွင်း ဥပုသ်စောင့်ခြင်းနှင့် ဘာသာရေးဝတ်ပြု ဆုတောင်းခြင်းများ ပြန်လည်ခွင့်ပြု

Mandalay In-depth News၊ သြဂုတ်-၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် Church၊ ဗလီ၊ ဟိန္ဒူ ဘုရားကျောင်းများ၌ ဝတ်ပြုဆုတောင်းခြင်းများကို လူဦးရေအကန့်အသတ်၊ အချိန်အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုမည် ဖြစ်ကြောင်း တိုင်းအစိုးရက ကြေညာသည်။

ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းကို ဥပုသ်နေ့များတွင် တစ်လလျှင် (၄)ရက်၊ အခြားဘာသာဝင်များ အနေဖြင့်လည်း Church၊ ဗလီ၊ ဟိန္ဒူ ကျောင်းများ၌ ဝတ်ပြုဆုတောင်းခြင်းများကို တစ်ပါတ်လျှင်တစ်ရက်၊ တစ်လလျှင် (၄)ရက်ဖြင့် တစ်ကြိမ်လျှင် လူ(၃၀)ဦးထက် မပိုစေဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်စေပြီး ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ယနေ့ သြဂုတ်(၁၇)ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထိုသို့ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းခြင်းများနှင့်ပတ်သက်၍ အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုသော်လည်း COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်ချက်များကိုမူ ဆက်လက်ထားရှိမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး သာသနာရေး ဦးစီးဌာနသို့ Mandalay In-depth News မှ ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ထံ အကြောင်းကြားစာ မရရှိသေးကြောင်း တိုင်းသာသနာရေးဦးစီးမှူးက ပြန်လည်ဖြေကြားသည်။

မန္တလေးတိုင်းအတွင်း COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်ချက်များကို သြဂုတ်(၃၁)ရက်အထိ ရက်တိုးသတ်မှတ်ကြောင်း တိုင်းအစိုးရက သြဂုတ်(၁၆)ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်

Photo – U Ponnya Swe

#Mandalay_Indepth_News #MandalayInDepthNews #ကိုဗစ် #COVID-19

.
မန္တလေးတိုင်းအတွင်း ဥပုသ်စောင့်ခြင်းနှင့် ဘာသာရေး၀တ်ပြု ဆုတောင်းခြင်းများ ပြန်လည်ခွင့်ပြု

Mandalay In-depth News၊ သြဂုတ်-၁၇

မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် Church၊ ဗလီ၊ ဟိန္ဒူ ဘုရားကျောင်းများ၌ ၀တ်ပြုဆုတောင်းခြင်းများကို လူဦးရေအကန့်အသတ်၊ အချိန်အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုမည် ဖြစ်ကြောင်း တိုင်းအစိုးရက ကြေညာသည်။

ဗုဒ္ဓဘာသာ၀င်များ အနေဖြင့် ဘုန်းကြီးကျောင်းများ၌ ဥပုသ်သီလ ဆောက်တည်ခြင်းကို ဥပုသ်နေ့များတွင် တစ်လလျှင် (၄)ရက်၊ အခြားဘာသာ၀င်များ အနေဖြင့်လည်း Church၊ ဗလီ၊ ဟိန္ဒူ ကျောင်းများ၌ ၀တ်ပြုဆုတောင်းခြင်းများကို တစ်ပါတ်လျှင်တစ်ရက်၊ တစ်လလျှင် (၄)ရက်ဖြင့် တစ်ကြိမ်လျှင် လူ(၃၀)ဦးထက် မပိုစေဘဲ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်စေပြီး ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့က ယနေ့ သြဂုတ်(၁၇)ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထိုသို့ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘာသာရေးဆိုင်ရာ ၀တ်ပြုဆုတောင်းခြင်းများနှင့်ပတ်သက်၍ အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုသော်လည်း COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် တားမြစ်ကန့်သတ်ချက်များကိုမူ ဆက်လက်ထားရှိမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။