ကျန်းမာရေး

ႏွလုံးေရာဂါ ထ မေဖာက္ခင္ တစ္လအလိုမွာ သင့္ကို သတိေပးေနတဲ့ လကၡဏာ (၆) ခု…

ႏွလုံးေရာဂါ ထ မေဖာက္ခင္ တစ္လအလိုမွာ သင့္ကို သတိေပးေနတဲ့ လကၡဏာ (၆) ခု…

အေနာက္ႏိုင္ငံေတြမွာ ေသဆုံးမႈအေၾကာင္းအရင္းေတြထဲမွာ ႏွလုံးေရာဂါထေဖာက္တာကလည္း ထိပ္ဆုံးအေၾကာင္းရင္းေတြထဲက တစ္ခုပဲ ျဖစ္ပါတယ္။ UK မွာဆိုရင္ေတာ့နံပါတ္တစ္ လူသတ္သမားဆိုရင္လည္း မမွားပါဘူး။ UK မွာ ႏွစ္တိုင္းလိုလို လူေပါင္း ၁၆၀,၀၀၀ ကႏွလုံးေရာဂါေၾကာင့္ ေသဆုံးၾကရတာပါ။ ဒါေၾကာင့္လည္း သင့္မွာႏွလုံးေရာဂါ႐ွိေနရင္ ႏွလုံးေရာဂါထေဖာက္မယ့္ လကၡဏာေတြကိုသိထားဖို ့အေရးႀကီးပါတယ္။ ဒီအခ်က္ကိုသိထားမယ္ဆိုရင္ သင့္အသက္ကိုကယ္တာပါလို ့ေျပာလည္း မမွားပါဘူး။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ ႏွလုံးေရာဂါထေဖာက္တယ္ဆိုတာက ႐ုတ္တရက္ျဖစ္တာပါလို ့ထင္ၾကေပမယ့္ ကိစၥေတာ္ေတာ္မ်ားမ်ားမွာေတာ့ တစ္ကယ္ ထမေဖာက္ခင္ ရက္သတၱေပါင္းမ်ားစြာ လကၡဏာျပတာမ်ိဳးေတြ ႐ွိပါတယ္။ ႏွလုံးေရာဂါထေဖာက္တဲ့ လကၡဏာေတြကို သိထားမယ္ဆိုရင္ေတာ့ လူ ့အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္မွာပဲ ျဖစ္ပါတယ္ေနာ္။

လကၡဏာမ်ား

သင္ႏွလုံးေရာဂါထေဖာက္ေတာ့မယ္ဆိုရင္ ႏွလုံးအလုပ္လုပ္တာကပုံမမွန္တာေၾကာင့္ သင့္ကိုယ္တြင္းမွာေသြးေတြကိုႏွလုံးက မလႊတ္ေတာ့ပါဘူး။ ဒီလို ႏွလုံးအလုပ္လုပ္တာ ပုံမမွန္တာေတြက တစ္ခါတစ္ေလမွာ ေသြးေၾကာခဲေနလို ့ျဖစ္တာပါ။ ႏွလုံးေရာဂါထေဖာက္ေတာ့မယ့္လူေတြက ရက္သတၱပတ္အေတာ္ၾကာေအာင္ ရင္ဘတ္ေအာင့္တာေတြ အသက္႐ႈမဝတာေတြ ေအာ့အန္တာေတြ မူးေဝတာေတြ ခ်ိနဲ႔ေနတာေတြနဲ႔ ရင္တုန္ပန္းတုန္တာေတြကို ခံစားရပါတယ္။ဒီလိုမ်ိဳး ခံစားရတာေတြကလည္း တစ္ျခားအေၾကာင္းရင္းတစ္ခုခုေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ (အေအးမိတဲ့လူေတြမွာလည္း အသက္႐ႈမဝတာေတြ႐ွိတတ္ပါတယ္)။ ဒါေပမယ့္ ဒီလကၡဏာအားလုံးစုုၿပီးခံစားေနရၿပီဆိုရင္ေတာ့ ႏွလုံးကထေဖာက္ေတာ့မယ္ဆိုတာကို ၫႊန္ျပေနပါတယ္။သင္ေရာ ခုနကေျပာခဲ့တဲ့လကၡဏာတစ္ခု ဒါမွမဟုတ္ တစ္ခ်ိဳ ့တစ္ေလကိုခံစားမိေနၿပီလား။ ဒါဆိုရင္ေတာ့ ဆရာဝန္သြားျပသင့္ပါၿပီေနာ္။

အသံတိတ္ ႏွလုံးေရာဂါထေဖာက္ျခင္း

ႏွလုံးေရာဂါထေဖာက္တဲ့ကိစၥတစ္ဝက္ေလာက္က သတိမထားမိပဲျဖစ္သြားတယ္ဆိုတာ သင္သိပါသလား။ သင္ဟာ ႏွလုံးေရာဂါေၾကာင့္ေသဖို႔ရာႏႈန္းသုံးဆထက္မ်ားတာမ်ိဳးတို ့သင့္မွာအသံတိတ္ႏွလုံးေရာဂါထေဖာက္တာမ်ိဳး႐ွိဖူးတယ္ဆိုရင္ေတာ့ ဒီကိစၥကေတာ့ စိုးရိမ္စရာျဖစ္ေနမွာပဲ။ လူေတာ္ေတာ္မ်ားမ်ားက ႏွလုံးထေဖာက္ၿပီဆိုရင္ အရမ္းကိုနာက်င္ၿပီး ပင့္သက္႐ႈေနတာမ်ိဳးကိုပဲ ေတြးမိၾကပါတယ္။ ဒါေပမယ့္လည္း ႏွလုံးေရာဂါထေဖာက္တာက လုံးဝကို သတိမထားမိပဲျဖစ္သြားႏိုင္ပါတယ္။ ပုံမွန္ထက္နည္းနည္းပိုပင္ပန္းၿပီး ႏွလုံးတုန္တာမ်ိဳးေတြ ေခြၽးေတြအရမ္းက်လာတာမ်ိဳးေတြခံစားရတတ္ပါတယ္။ဒါေပမယ့္လည္း ဒီလကၡဏာမ်ိဳးကအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္တတ္တာပဲ ႏွလုံးေရာဂါတစ္ခုတည္းမွာပဲ ျဖစ္လာတာမ်ိဳးမဟုတ္ဘူးေလ။ အဲ့ဒါေၾကာင့္ ပိုစိုးရိမ္စရာ ျဖစ္လာတာေပါ့။

 

အသံတိတ္ေရာဂါလကၡဏာမ်ား

သင္အသံတိတ္ႏွလုံးေရာဂါေဖာက္တာကို သတိထားမိမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ႐ိုး႐ိုး႐ွင္း႐ွင္း ပင္ပန္းတာမဟုတ္ပဲ ပိုၿပီး ဆိုးဝါးတဲ့ ေရာဂါျပသနာကိုၫႊန္ျပေနတဲ့ လကၡဏာေတြ အမ်ားႀကိး႐ွိပါတယ္။ အခုဆက္ေျပာေတာ့မယ့္ ေရာဂါလကၡဏာေတြကိုခံစားရၿပီဆိုရင္ေတာ့ သတိထားပါ။ သင္စိတ္ပူေနတယ္ဆိုရင္ ဆရာဝန္နဲ ့တိုင္ပင္ေဆြးေႏြးပါ။ ေရာဂါလကၡဏာေတြကေတာ့…

၁- ရင္ဘတ္မွာတင္းတင္းက်ပ္က်ပ္ခံစားရတာမ်ိဳးတို ့ ရင္ဘတ္ကိုညႇစ္ထားသလိုမ်ိဳးခံစားရျခင္း အဲ့ခံစားရတာေတြက လည္ပင္း၊ ေမး႐ိုးနဲ႔ ေနာက္ေက်ာေတြအထိပါ ျပန္ႏွံ ့သြားႏိုင္ပါတယ္ …..။

၂- ေဇာေခြၽးျပန္ျခင္း။

၃- ေအာ့အန္ျခင္း၊ ပ်ိဳ႕တက္ျခင္း။

၄- ဝမ္းဗိုက္အေပၚဘက္နာက်င္မႈခံစားရျခင္း။

၅- ပခုံးႏွစ္ဘက္ၾကား နာက်င္မႈခံစားရျခင္း။

၆- အသက္႐ႈမဝျခင္း။

၇- အလြန္အမင္းပင္ပန္းႏြမ္းနယ္ျခင္း။

၈- မူးေဝျခင္း။

၉- စိုးရိမ္မႈမ်ား မနားမေနခံစားရျခင္း။

၁၀- အသက္႐ႈႏႈန္းျမန္လာျခင္း တို ့ပဲျဖစ္ပါတယ္။

အမ်ိဳးသမီးမ်ား

အမ်ိဳးသမီးေတြမွာဆိုရင္ေတာ့ ႏွလုံးေရာဂါလကၡဏာေတြက အမ်ိဳးသားေတြအတြက္ ႏွလုံးေရာဂါလကၡဏာေတြထက္စာရင္ မ႐ွင္းမလင္းျဖစ္တတ္ပါတယ္။ ႏွလုံးေရာဂါလကၡဏာေတြက တစ္ခါတစ္ေလ ေသြးဆုံးခ်ိန္လကၡဏာေတြနဲ ့ေရာေထြးေနတတ္ပါတယ္။ ႏွလုံးေရာဂါျဖစ္ပြားေစတဲ့ အေရးႀကီးအေၾကာင္းရင္းေတြကေတာ့ မ်ိဳး႐ိုးလိုက္ျခင္း၊ေသြးဖိအားမ်ားျခင္း၊အဝလြန္ျခင္း၊ ဖိအားမ်ားျခင္း၊ ေလ့က်င့္ခန္းပုံမွန္မလုပ္ျခင္းႏ်င့္ ေဆးလိပ္ေသာက္ျခင္းတို ့ျဖစ္ပါတယ္။ အမ်ိဳးသားေတြလိုပဲ အမ်ိဳးသမီးေတြရဲ ့ရင္ဘတ္မွာ တင္းက်ပ္သလိုခံစားရတာေတြ ညႇစ္ထားတဲ့နာက်င္မႈေတြကိုခံစားရၿပီး အဲ့နာက်င္မႈေတြက လက္ေမာင္းအေပၚဘက္၊လည္ပင္း၊ေမး႐ိုး၊ေနာက္ေက်ာနဲ ့ ဝမ္းဗိုက္ဧရိယာအထိပါပ်ံ ့ႏွံ႔သြားႏိုင္ပါတယ္။ အဲ့လိုနာက်င္မႈေတြကို ၅မိနစ္ထက္ပိုၿပီးခံစားလာရၿပီး ေဇာေခြၽးျပန္ျခင္း၊ေအာ့အန္ျခင္းနဲ႔ ပ်ိဳ ့တက္ျခင္းကိုပါ ေနာက္ဆက္တြဲခံစားရလာႏိုင္ပါတယ္။ ဒါေပမယ့္လည္း အမ်ိဳးသမီးေတြက ‘အသံတိတ္ ေရာဂါလကၡဏာ’ ဆိုတဲ့ေခါင္းစဥ္ေအာက္မွာေဖာ္ျပထားတဲ့ လကၡဏာေတြအျပင္ တစ္ျခား လကၡဏာေတြကိုပါ ခံစားရတတ္ပါတယ္။ ဆက္ေျပာမယ့္ ႏွလုံးေရာဂါကိုေဖာ္ျပေနတဲ့ ေရာဂါလကၡဏာေတြကိုခံစားရၿပီဆိုရင္ေတာ့ မေပ့ါဆသင့္ေတာ့ပါဘူး။

၁- အျမင္အာ႐ုံ ႐ုတ္တရက္ ဆုံး႐ႈံးျခင္း ဒါမွမဟုတ္ ႏွစ္ထပ္ျမင္ရျခင္း ဒါမွမဟုတ္ မႈန္ဝါးဝါးျမင္ရျခင္း

အေပၚမွာေျပာထားတဲ့ အခ်က္ေတြထဲက တစ္ခုခုကို ခံစားရၿပီဆိုရင္ေတာ့ အေရးေပၚကို ခ်က္ခ်င္းပဲသြားဖို ့အၾကံေပးခ်င္ပါတယ္။

၂- ေျခေထာက္ေဖာေယာင္ျခင္း

 

ေျခေထာက္က ေဖာေယာင္လာတာမ်ိဳးတို ့ နာက်င္တာမ်ိဳးတို ့ခံစားရတာက ေသြးျပန္ေၾကာမွာ ေသြးခဲေနတာကို ေဖာ္ျပေနတာပါ။ ဒီျပသနာက ႏွလုံးကထြက္လာတဲ့ေသြးျပန္ေၾကာကိုပါ ေသြးခဲမႈျဖစ္ေစမွာပါ။ခ်က္ခ်င္းပဲ ဆရာဝန္ကို ေခၚလိုက္ပါ။

၃- မ်က္ခြံအေရာင္ေျပာင္းျခင္း

မ်က္ခြံကအဝါေရာင္ေၾကာင္းလာတာေတြ ဒါမွမဟုတ္ မ်က္ခြံနားမွာ အဝါေရာင္ အကြက္ေတြ႕ရတယ္ဆိုရင္ေတာ့ ကိုလက္စထေရာပမာဏျမင့္တက္တာကို ေဖာ္ျပေနတာပါ။ ကိုလက္စထေရာျမင့္တက္လာရင္ ႏွလုံးေရာဂါျဖစ္ႏႈန္းကလည္းျမင့္လာႏိုင္ပါတယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ေတာ့ ဆရာဝန္ေခၚၿပီး ကိုလက္စထေရာ ပမာဏကို စစ္ေဆးၾကည့္လိုက္ပါေနာ္။

၄- အနီေရာင္႐ွိၿပီး ထိခိုက္လြယ္ေသာ သြားဖုံးမ်ား

ပါးစပ္ထဲက ပိုးမႊားေတြက ေသြးေၾကာထဲ ဝင္သြားၿပီး ႏွလုံးေသြးေၾကာမွာတြယ္ကပ္ေနတဲ့အခ်ိန္မွာ ႏွလုံးေသြးေၾကာေရာဂါေတြျဖစ္တတ္ပါတယ္။သင့္သြားဆရာဝန္ကို သြားပုံမွန္သန္႔႐ွင္းေရးလုပ္ေပးျခင္းကႏွလုံးေရာဂါျဖစ္မႈကို ေလွ်ာ့က်ေစတယ္လို ့ေလ့လာခ်က္ေတြအရ သိရပါတယ္။

၅- လက္ေခ်ာင္းမ်ားျပာႏွမ္းလာျခင္း

ျပာႏွမ္းတဲ့လက္ေခ်ာင္းေတြ ေျခေခ်ာင္းေတြ နားသီးေတြ လက္ေတြ ႏႈတ္ခမ္းေတြနဲ ့ပါးျပင္ေတြအထိပါ ျပာႏွမ္းလာၿပီဆိုရင္ေတာ့ ဆရာဝန္ဆီ သြားသင့္ပါၿပီ။ ဒီလကၡဏာေတြက တစ္႐ႈးတြငး္ ေအာက္စီဂ်င္မလုံေလာက္တာကိုေဖာ္ျပေနၿပီး ဒီလိုမလုံေလာက္မႈေတြျဖစ္ရတာကလည္း ႏွလုံးေရာဂါေၾကာင့္ ျဖစ္ရတာပါ။

ဒီလိုေရာဂါလကၡဏာေတြက လူတစ္ေယာက္နဲ႔တစ္ေယာက္စီက ႐ုတ္တရက္ျဖစ္တာမ်ိဳးေတြ ျဖည္းျဖည္းခ်င္းျဖစ္တာမ်ိဳးေတြက ကြာျခားပါတယ္။ႏွလုံးေရာဂါထေဖာက္လာၿပီဆိုရင္ေတာ့ စိတ္ၿငိမ္ၿငိမ္ထားၿပီး ထိုင္တာမ်ိဳးေတြ လဲေလ်ာင္းတာမ်ိဳးေတြလုပ္လိုက္ပါ၊ၿပီးေတာ့ ေဆး႐ုံကိုတစ္ေယာက္တည္းမသြားပဲနဲ ့ေဆး႐ုံတင္ကားကို ေခၚၿပီးမွသြားပါေနာ္။

Writer – Min Thu (YGN Times)

Unicode

နှလုံးရောဂါ ထ မဖောက်ခင် တစ်လအလိုမှာ သင့်ကို သတိပေးနေတဲ့ လက္ခဏာ (၆) ခု…

အနောက်နိုင်ငံတွေမှာ သေဆုံးမှုအကြောင်းအရင်းတွေထဲမှာ နှလုံးရောဂါထဖောက်တာကလည်း ထိပ်ဆုံးအကြောင်းရင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ UK မှာဆိုရင်တော့နံပါတ်တစ် လူသတ်သမားဆိုရင်လည်း မမှားပါဘူး။ UK မှာ နှစ်တိုင်းလိုလို လူပေါင်း ၁၆၀,၀၀၀ ကနှလုံးရောဂါကြောင့် သေဆုံးကြရတာပါ။ ဒါကြောင့်လည်း သင့်မှာနှလုံးရောဂါရှိနေရင် နှလုံးရောဂါထဖောက်မယ့် လက္ခဏာတွေကိုသိထားဖို့အရေးကြီးပါတယ်။ ဒီအချက်ကိုသိထားမယ်ဆိုရင် သင့်အသက်ကိုကယ်တာပါလို့ပြောလည်း မမှားပါဘူး။ လူတော်တော်များများကတော့ နှလုံးရောဂါထဖောက်တယ်ဆိုတာက ရုတ်တရက်ဖြစ်တာပါလို့ထင်ကြပေမယ့် ကိစ္စတော်တော်များများမှာတော့ တစ်ကယ် ထမဖောက်ခင် ရက်သတ္တပေါင်းများစွာ လက္ခဏာပြတာမျိုးတွေ ရှိပါတယ်။ နှလုံးရောဂါထဖောက်တဲ့ လက္ခဏာတွေကို သိထားမယ်ဆိုရင်တော့ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာပဲ ဖြစ်ပါတယ်နော်။

လက္ခဏာများ

သင်နှလုံးရောဂါထဖောက်တော့မယ်ဆိုရင် နှလုံးအလုပ်လုပ်တာကပုံမမှန်တာကြောင့် သင့်ကိုယ်တွင်းမှာသွေးတွေကိုနှလုံးက မလွှတ်တော့ပါဘူး။ ဒီလို နှလုံးအလုပ်လုပ်တာ ပုံမမှန်တာတွေက တစ်ခါတစ်လေမှာ သွေးကြောခဲနေလို့ဖြစ်တာပါ။ နှလုံးရောဂါထဖောက်တော့မယ့်လူတွေက ရက်သတ္တပတ်အတော်ကြာအောင် ရင်ဘတ်အောင့်တာတွေ အသက်ရှုမဝတာတွေ အော့အန်တာတွေ မူးဝေတာတွေ ချိနဲ့နေတာတွေနဲ့ ရင်တုန်ပန်းတုန်တာတွေကို ခံစားရပါတယ်။ဒီလိုမျိုး ခံစားရတာတွေကလည်း တစ်ခြားအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ (အအေးမိတဲ့လူတွေမှာလည်း အသက်ရှုမဝတာတွေရှိတတ်ပါတယ်)။ ဒါပေမယ့် ဒီလက္ခဏာအားလုံးစုပြီးခံစားနေရပြီဆိုရင်တော့ နှလုံးကထဖောက်တော့မယ်ဆိုတာကို ညွှန်ပြနေပါတယ်။သင်ရော ခုနကပြောခဲ့တဲ့လက္ခဏာတစ်ခု ဒါမှမဟုတ် တစ်ချို့တစ်လေကိုခံစားမိနေပြီလား။ ဒါဆိုရင်တော့ ဆရာဝန်သွားပြသင့်ပါပြီနော်။

အသံတိတ် နှလုံးရောဂါထဖောက်ခြင်း

နှလုံးရောဂါထဖောက်တဲ့ကိစ္စတစ်ဝက်လောက်က သတိမထားမိပဲဖြစ်သွားတယ်ဆိုတာ သင်သိပါသလား။ သင်ဟာ နှလုံးရောဂါကြောင့်သေဖို့ရာနှုန်းသုံးဆထက်များတာမျိုးတို့သင့်မှာအသံတိတ်နှလုံးရောဂါထဖောက်တာမျိုးရှိဖူးတယ်ဆိုရင်တော့ ဒီကိစ္စကတော့ စိုးရိမ်စရာဖြစ်နေမှာပဲ။ လူတော်တော်များများက နှလုံးထဖောက်ပြီဆိုရင် အရမ်းကိုနာကျင်ပြီး ပင့်သက်ရှုနေတာမျိုးကိုပဲ တွေးမိကြပါတယ်။ ဒါပေမယ့်လည်း နှလုံးရောဂါထဖောက်တာက လုံးဝကို သတိမထားမိပဲဖြစ်သွားနိုင်ပါတယ်။ ပုံမှန်ထက်နည်းနည်းပိုပင်ပန်းပြီး နှလုံးတုန်တာမျိုးတွေ ချွေးတွေအရမ်းကျလာတာမျိုးတွေခံစားရတတ်ပါတယ်။ဒါပေမယ့်လည်း ဒီလက္ခဏာမျိုးကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်တတ်တာပဲ နှလုံးရောဂါတစ်ခုတည်းမှာပဲ ဖြစ်လာတာမျိုးမဟုတ်ဘူးလေ။ အဲ့ဒါကြောင့် ပိုစိုးရိမ်စရာ ဖြစ်လာတာပေါ့။

အသံတိတ်ရောဂါလက္ခဏာများ

သင်အသံတိတ်နှလုံးရောဂါဖောက်တာကို သတိထားမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ရိုးရိုးရှင်းရှင်း ပင်ပန်းတာမဟုတ်ပဲ ပိုပြီး ဆိုးဝါးတဲ့ ရောဂါပြသနာကိုညွှန်ပြနေတဲ့ လက္ခဏာတွေ အများကြိးရှိပါတယ်။ အခုဆက်ပြောတော့မယ့် ရောဂါလက္ခဏာတွေကိုခံစားရပြီဆိုရင်တော့ သတိထားပါ။ သင်စိတ်ပူနေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာတွေကတော့…

၁- ရင်ဘတ်မှာတင်းတင်းကျပ်ကျပ်ခံစားရတာမျိုးတို့ ရင်ဘတ်ကိုညှစ်ထားသလိုမျိုးခံစားရခြင်း အဲ့ခံစားရတာတွေက လည်ပင်း၊ မေးရိုးနဲ့ နောက်ကျောတွေအထိပါ ပြန်နှံ့သွားနိုင်ပါတယ်။

၂- ဇောချွေးပြန်ခြင်း။

၃- အော့အန်ခြင်း၊ ပျို့တက်ခြင်း။

၄- ဝမ်းဗိုက်အပေါ်ဘက်နာကျင်မှုခံစားရခြင်း။

၅- ပခုံးနှစ်ဘက်ကြား နာကျင်မှုခံစားရခြင်း။

၆- အသက်ရှုမဝခြင်း။

၇- အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း။

၈- မူးဝေခြင်း။

၉- စိုးရိမ်မှုများ မနားမနေခံစားရခြင်း။

၁၀- အသက်ရှုနှုန်းမြန်လာခြင်း တို့ပဲဖြစ်ပါတယ်။

အမျိုးသမီးများ

အမျိုးသမီးတွေမှာဆိုရင်တော့ နှလုံးရောဂါလက္ခဏာတွေက အမျိုးသားတွေအတွက် နှလုံးရောဂါလက္ခဏာတွေထက်စာရင် မရှင်းမလင်းဖြစ်တတ်ပါတယ်။ နှလုံးရောဂါလက္ခဏာတွေက တစ်ခါတစ်လေ သွေးဆုံးချိန်လက္ခဏာတွေနဲ့ရောထွေးနေတတ်ပါတယ်။ နှလုံးရောဂါဖြစ်ပွားစေတဲ့ အရေးကြီးအကြောင်းရင်းတွေကတော့ မျိုးရိုးလိုက်ခြင်း၊သွေးဖိအားများခြင်း၊အဝလွန်ခြင်း၊ ဖိအားများခြင်း၊ လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်းနျင့် ဆေးလိပ်သောက်ခြင်းတို့ဖြစ်ပါတယ်။ အမျိုးသားတွေလိုပဲ အမျိုးသမီးတွေရဲ့ရင်ဘတ်မှာ တင်းကျပ်သလိုခံစားရတာတွေ ညှစ်ထားတဲ့နာကျင်မှုတွေကိုခံစားရပြီး အဲ့နာကျင်မှုတွေက လက်မောင်းအပေါ်ဘက်၊လည်ပင်း၊မေးရိုး၊နောက်ကျောနဲ့ ဝမ်းဗိုက်ဧရိယာအထိပါပျံ့နှံ့သွားနိုင်ပါတယ်။ အဲ့လိုနာကျင်မှုတွေကို ၅မိနစ်ထက်ပိုပြီးခံစားလာရပြီး ဇောချွေးပြန်ခြင်း၊အော့အန်ခြင်းနဲ့ ပျို့တက်ခြင်းကိုပါ နောက်ဆက်တွဲခံစားရလာနိုင်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေက ‘အသံတိတ် ရောဂါလက္ခဏာ’ ဆိုတဲ့ခေါင်းစဉ်အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေအပြင် တစ်ခြား လက္ခဏာတွေကိုပါ ခံစားရတတ်ပါတယ်။ ဆက်ပြောမယ့် နှလုံးရောဂါကိုဖော်ပြနေတဲ့ ရောဂါလက္ခဏာတွေကိုခံစားရပြီဆိုရင်တော့ မပေါ့ဆသင့်တော့ပါဘူး။

၁- အမြင်အာရုံ ရုတ်တရက် ဆုံးရှုံးခြင်း ဒါမှမဟုတ် နှစ်ထပ်မြင်ရခြင်း ဒါမှမဟုတ် မှုန်ဝါးဝါးမြင်ရခြင်း

အပေါ်မှာပြောထားတဲ့ အချက်တွေထဲက တစ်ခုခုကို ခံစားရပြီဆိုရင်တော့ အရေးပေါ်ကို ချက်ချင်းပဲသွားဖို့အကြံပေးချင်ပါတယ်။

၂- ခြေထောက်ဖောယောင်ခြင်း

ခြေထောက်က ဖောယောင်လာတာမျိုးတို့ နာကျင်တာမျိုးတို့ခံစားရတာက သွေးပြန်ကြောမှာ သွေးခဲနေတာကို ဖော်ပြနေတာပါ။ ဒီပြသနာက နှလုံးကထွက်လာတဲ့သွေးပြန်ကြောကိုပါ သွေးခဲမှုဖြစ်စေမှာပါ။ချက်ချင်းပဲ ဆရာဝန်ကို ခေါ်လိုက်ပါ။

၃- မျက်ခွံအရောင်ပြောင်းခြင်း

မျက်ခွံကအဝါရောင်ကြောင်းလာတာတွေ ဒါမှမဟုတ် မျက်ခွံနားမှာ အဝါရောင် အကွက်တွေ့ရတယ်ဆိုရင်တော့ ကိုလက်စထရောပမာဏမြင့်တက်တာကို ဖော်ပြနေတာပါ။ ကိုလက်စထရောမြင့်တက်လာရင် နှလုံးရောဂါဖြစ်နှုန်းကလည်းမြင့်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ခေါ်ပြီး ကိုလက်စထရော ပမာဏကို စစ်ဆေးကြည့်လိုက်ပါနော်။

၄- အနီရောင်ရှိပြီး ထိခိုက်လွယ်သော သွားဖုံးများ

ပါးစပ်ထဲက ပိုးမွှားတွေက သွေးကြောထဲ ဝင်သွားပြီး နှလုံးသွေးကြောမှာတွယ်ကပ်နေတဲ့အချိန်မှာ နှလုံးသွေးကြောရောဂါတွေဖြစ်တတ်ပါတယ်။သင့်သွားဆရာဝန်ကို သွားပုံမှန်သန့်ရှင်းရေးလုပ်ပေးခြင်းကနှလုံးရောဂါဖြစ်မှုကို လျှော့ကျစေတယ်လို့လေ့လာချက်တွေအရ သိရပါတယ်။

၅- လက်ချောင်းများပြာနှမ်းလာခြင်း

ပြာနှမ်းတဲ့လက်ချောင်းတွေ ခြေချောင်းတွေ နားသီးတွေ လက်တွေ နှုတ်ခမ်းတွေနဲ့ပါးပြင်တွေအထိပါ ပြာနှမ်းလာပြီဆိုရင်တော့ ဆရာဝန်ဆီ သွားသင့်ပါပြီ။ ဒီလက္ခဏာတွေက တစ်ရှုးတွငး် အောက်စီဂျင်မလုံလောက်တာကိုဖော်ပြနေပြီး ဒီလိုမလုံလောက်မှုတွေဖြစ်ရတာကလည်း နှလုံးရောဂါကြောင့် ဖြစ်ရတာပါ။

ဒီလိုရောဂါလက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက်စီက ရုတ်တရက်ဖြစ်တာမျိုးတွေ ဖြည်းဖြည်းချင်းဖြစ်တာမျိုးတွေက ကွာခြားပါတယ်။နှလုံးရောဂါထဖောက်လာပြီဆိုရင်တော့ စိတ်ငြိမ်ငြိမ်ထားပြီး ထိုင်တာမျိုးတွေ လဲလျောင်းတာမျိုးတွေလုပ်လိုက်ပါ၊ပြီးတော့ ဆေးရုံကိုတစ်ယောက်တည်းမသွားပဲနဲ့ဆေးရုံတင်ကားကို ခေါ်ပြီးမှသွားပါနော်။

Writer – Min Thu (YGN Times)