ဒီနည်းပညာတွေဟာ ဂျပန်လူမျိုးများက စတင်စမ်းသပ်စိုက်ပျိုးလာခြင်း ဖြစ်ပါတယ်။
တကယ်တော့ ဘွန်စိုင်းပင်ဆိုတာက အပင်တစ်ပင်ရဲ့ ရေသောက်မြစ်ကို ဖြတ်တောက်ပြီး အခြားသော အမြစ်ငယ်
များဖြင့် ကျောက်တုံးခဲလေးများပေါ်၌ မြေဆွေးဖြူးပြီး စိုက်ပျိုးခြင်းဖြစ်ပါတယ်။
အရင်ဆုံး ငရုတ်ပင်ကို ဘွန်စိုင်းပင် ဖြစ်အောင်ပြုလုပ်နည်း။
မိမိမှာ အပင်အမျိုးအစားအပေါ် မှုတည်ပြီး Bonsai pots လို့ခေါ်တဲ့
အပင်ထည့်စိုက်ရန်အတွက် စောက်တိမ်ပြီးအောက်ခြေ၌ အပေါက်ငယ်လေးများ ဖောက်ထားသော အင်တုံအိုးငယ်လေးများ
အဆင်သင့် ရှိထားရပါမယ်။
ပထမဆုံး မိမိစိုက်ပျိုးလိုသော ငရုတ်ပင် တစ်ပင်ကို အမြစ်များပါရှိအောင် နုတ်ယူပါနုတ်ယူပြီးပါက အပင်ရဲ့ အကိုင်းအတက်များကို သေချာ
သန့်စင်အောင် ဖြတ်တောက်ပစ်ပါ။
နုတ်ယူပြီးသော ငရုတ်ပင်မှ မြေဆွေးများကို ကုန်စင်အောင် ခါချပြီး အပင်၏ အလယ်တည့်တည့်၌ရှိသော ရေသောက်မြစ်
လို့ခေါ်တဲ့ အမြစ်မကြီးကို အပင်၏ အောက်ခြေအရင်းမှ ကတ်ကြေးဖြင့် ဖြတ်တောက်ပစ်လိုက်ပါ။
အခြားကျန်ရှိသော အမြစ်ငယ်များကိုဖြတ်တောက်မပစ်ပါနဲ့
ရေသောက်မြစ် ဖြတ်တောက်ပြီးပါက Bosai pot လို့ခေါ်တဲ့
အောက်ခြေ၌ အပေါက်ဖောက်ထားသော အိုးငယ်အတွင်းသို့ ပထမဆုံး မြစ်ကျောက်ခဲလေးများကို အောက်ခြေ၌ အနည်းငယ် ခင်းထားပေး
ပါ။
ကျောက်တုံး ကျောက်ခဲလေးများပေါ်တွင်ငရုတ်ပင်ကို အိုး၏ အလယ်တည့်တည့်၌် တည့်မတ်ပြီး ပင်စည်တွင်
ကျန်ရှိနေသော အမြစ်ငယ်လေးများကို ကျောက်တုံး ကျောက်ခဲများပေါ်၌ သေချာအောင် ဖြန့်ဖြူးပေးပါ ။
အမြစ်ငယ်များ ကျောက်တုံးများပေါ်တွင် သေချာဖြန့်ဖြူး ခင်းကျင်းပြီးပါက အမြစ်များပေါ်သို့ မြေဆွေးထပ်မံ၍ ဖုံးအုပ်ပေးပြီး ရေကို စိုစွတ်
ရုံမျှ လောင်းပေးရပါမယ်။
ရေလောင်းပြီးပါက မြေဆွေးများပေါ်သို့ မိမိ၏အနီးအနားပတ်ဝန်းကျင်ရှိ ရေတွင်းရေကန်များ၌ ပေါက်ရောက်သော
ရေညှိစိမ်းများကို ခွာယူပြီး ၎င်း အပေါ်မှ ခပ်ပါးပါး ထပ်မံဖုံးအုပ်ပေးထားရပါမယ်။
ဤသို့ အဆင့်ဆင့်ပြုလုပ်ပြီးပါက အပင်ကိုနေရိပ်ထဲသို့ပြောင်းရွေ့ထားပြီး အပင်ရှင်သန်လာအောင် နေ့စဉ် ဂရုစိုက်ပေးရပါမယ်။
တစ်ပတ်အတွင်း အပင်ရှင်သန်သွားပါက ၎င်း ပင်စည်မှ အပင်အတက်လေးများဟာ စတင်ထွတ်ရှိလာပြီး တစ်နေ့တခြား ကြီးထွားရှင်သန်
လာပါလိမ့်မယ်။
ထွက်ရှိလာသော အကိုင်းအတက်များကို မိမိလိုချင်သလို ကြေးနန်း ဝါယာကြိုးဖြင့် လိုသလိုပုံစံသွင်းယူရပါမယ်။
အပင်တစ်ပင်ကိုရေသောက်မြစ်ဖြတ်တောက်ထားခြင်းကြောင့် ရှေ့ဆက်မကြီးထွားနိုင်တော့ပဲ မိမိဟာ တစ်ပေခန့်
ဖြတ်တောက်ထားရင် တစ်ပေအမြင့်သာ အစဉ်ထာဝရ ရှင်သန်ပြီးအသီးအပွင့်များဝေဆာပွင့်လန်းနေမှာဖြစ်ပါတယ်။
မည်သည့်အပင်မျိုးမဆို ဒီနည်းအတိုင်း ဘွန်ဆိုင်းပင်ဖြစ်အောင် ပြုလုပ်လို့ရပါတယ်။ Crd
Zawgyi
ဒီနည္းပညာေတြဟာ ဂ်ပန္လူမ်ိဳးမ်ားက စတင္စမ္းသပ္စိုက္ပ်ိဳးလာျခင္း ျဖစ္ပါတယ္။
တကယ္ေတာ့ ဘြန္စိုင္းပင္ဆိုတာက အပင္တစ္ပင္ရဲ႕ ေရေသာက္ျမစ္ကို ျဖတ္ေတာက္ၿပီး အျခားေသာ အျမစ္ငယ္
မ်ားျဖင့္ ေက်ာက္တုံးခဲေလးမ်ားေပၚ၌ ေျမေဆြးျဖဴးၿပီး စိုက္ပ်ိဳးျခင္းျဖစ္ပါတယ္။
အရင္ဆုံး င႐ုတ္ပင္ကို ဘြန္စိုင္းပင္ ျဖစ္ေအာင္ ျပဳလုပ္နည္း။
မိမိမွာ အပင္အမ်ိဳးအစားအေပၚမႈတည္ၿပီး Bonsai pots လို႔
ေခၚတဲ့ အပင္ထည့္စိုက္ရန္အတြက္ ေစာက္တိမ္ၿပီးေအာက္ေျခ၌ အေပါက္ငယ္ေလးမ်ား ေဖာက္ထားေသာ အင္တုံ အိုးငယ္ေလးမ်ား အ
ဆင္သင့္ ရွိထားရပါမယ္။
ပထမဆုံး မိမိစိုက္ပ်ိဳးလိုေသာ င႐ုတ္ပင္ တစ္ပင္ကို အျမစ္မ်ားပါရွိေအာင္ ႏုတ္ယူပါႏုတ္ယူၿပီးပါက အပင္ရဲ႕ အကိုင္းအတက္မ်ားကို ေသခ်ာသန႔္စ
င္ေအာင္ ျဖတ္ေတာက္ပစ္ပါ။
ႏုတ္ယူၿပီးေသာ င႐ုတ္ပင္မွ ေျမေဆြးမ်ားကို ကုန္စင္ေအာင္ ခါခ်ၿပီး အပင္၏ အလယ္တည့္တည့္၌ရွိေသာ ေရေသာက္ျမစ္
လို႔ေခၚတဲ့ အျမစ္မႀကီးကို အပင္၏ ေအာက္ေျခအရင္းမွ ကတ္ေၾကးျဖင့္ ျဖတ္ေတာက္ပစ္လိုက္ပါ။
အျခားက်န္ရွိေသာ အျမစ္ငယ္မ်ားကိုျဖတ္ေတာက္မပစ္ပါနဲ႕
ေရေသာက္ျမစ္ ျဖတ္ေတာက္ၿပီးပါက Bosai pot လို႔ေခၚတဲ့
ေအာက္ေျခ၌ အေပါက္ေဖာက္ထားေသာ အိုးငယ္အတြင္းသို႔ ပထမဆုံး ျမစ္ေက်ာက္ခဲေလးမ်ားကို ေအာက္ေျခ၌ အနည္းင
ယ္ ခင္းထားေပးပါ။
ေက်ာက္တုံး ေက်ာက္ခဲေလးမ်ားေပၚတြင္င႐ုတ္ပင္ကို အိုး၏ အလယ္တည့္တည့္၌္ တည့္မတ္ၿပီး ပင္စည္တြင္
က်န္ရွိေနေသာ အျမစ္ငယ္ေလးမ်ားကို ေက်ာက္တုံး ေက်ာက္ခဲမ်ားေပၚ၌ ေသခ်ာေအာင္ ျဖန႔္ျဖဴးေပးပါ ။
အျမစ္ငယ္မ်ား ေက်ာက္တုံးမ်ားေပၚတြင္ ေသခ်ာျဖန႔္ျဖဴး ခင္းက်င္းၿပီးပါက အျမစ္မ်ားေပၚသို႔ ေျမေဆြးထပ္မံ၍ ဖုံးအုပ္ေပးၿ
ပီး ေရကို စိုစြတ္႐ုံမွ် ေလာင္းေပးရပါမယ္။
ေရေလာင္းၿပီးပါက ေျမေဆြးမ်ားေပၚသို႔ မိမိ၏အနီးအနားပတ္ဝန္းက်င္ရွိ ေရတြင္းေရကန္မ်ား၌ ေပါက္ေရာက္ေသာ
ေရညွိစိမ္းမ်ားကို ခြာယူၿပီး ၎ အေပၚမွ ခပ္ပါးပါး ထပ္မံဖုံးအုပ္ေပးထားရပါမယ္။
ဤသို႔ အဆင့္ဆင့္ျပဳလုပ္ၿပီးပါက အပင္ကိုေနရိပ္ထဲသို႔ေျပာင္းေ႐ြ႕ထားၿပီး အပင္ရွင္သန္လာေအာင္ ေန႕စဥ္ ဂ႐ုစိုက္ေပးရပါမယ္။
တစ္ပတ္အတြင္း အပင္ရွင္သန္သြားပါက ၎ ပင္စည္မွ အပင္အတက္ေလးမ်ားဟာ စတင္ထြတ္ရွိလာၿပီး တစ္ေန႕တျခား ႀကီးထြားရွင္သန္လာပါလိမ့္မယ္။
ထြက္ရွိလာေသာ အကိုင္းအတက္မ်ားကို မိမိလိုခ်င္သလို ေၾကးနန္း ဝါယာႀကိဳးျဖင့္ လိုသလိုပုံစံသြင္းယူရပါမယ္။
အပင္တစ္ပင္ကိုေရေသာက္ျမစ္ျဖတ္ေတာက္ထားျခင္းေၾကာင့္ ေရွ႕ဆက္မႀကီးထြားနိုင္ေတာ့ပဲ မိမိဟာ တစ္ေပခန႔္
ျဖတ္ေတာက္ထားရင္ တစ္ေပအျမင့္သာ အစဥ္ထာဝရ ရွင္သန္ၿပီးအသီးအပြင့္မ်ားေဝဆာပြင့္လန္းေနမွာျဖစ္ပါတယ္။
မည္သည့္အပင္မ်ိဳးမဆို ဒီနည္းအတိုင္း ဘြန္ဆိုင္းပင္ျဖစ္ေအာင္ ျပဳလုပ္လို႔ရပါတယ္။ Crd