ကျန်းမာရေး အေထြေထြဗဟုသုတ

ကြက်သွန်ဖြူ စားပေးခြင်းကြောင့် ရလာမယ့်အကျိုးကျေးဇူးမျာ

လူတော်တော်များများ ကြက်သွန်ဖြူဆိုရင် မကြိုက်ကြဘူး။ သူရဲ့အနံ့အသက်က လူတွေမကြိုက်ရတဲ့ အကြောင်းအရင်းပါပဲ။ ဒါပေမယ့် ကြက်သွန်ဖြူဟာ ဟင်းတွေချက်တဲ့အခါ မပါမဖြစ်ပါ။ ကြက်သွန်ဖြူဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်မျိုးပါ။

ဒီနေ့က ကြက်သွန်ဖြူစားခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးသွားမှာပါ။

မျက်စိအားကောင်းစေတယ်

ကြက်သွန်ဖြူမှာ  selenium နဲ့ ဗီတာမင်စီတွေ များများ ပါဝင်ပါတယ်။ ဒီအာဟာရဓါတ်တွေက မျက်လုံးထဲကို ပိုးဝင်တာကြောင့် ဖောင်းအစ်တာတွေ မဖြစ်စေဘဲ မျက်စိအားကောင်းစေပါတယ်။

အသည်းကျန်းမာရေး

Source: Northwestern Medicine

ကြက်သွန်ဖြူ စားမယ်ဆိုရင်တော့ အသည်းအားကောင်းစေပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေက အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အစာခြေစနစ်ကို ကောင်းမွန်စေတယ်

Source: Medical News Today

ကြက်သွန်ဖြူ စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတဲ့အပြင် မအီမသာဖြစ်ခြင်းနဲ့ ယားယံခြင်းတွေကိုပါ သက်သာစေပါတယ်။

အဆိပ်အတောက်များတွေ သန့်စင်ပေးတယ်

Source: Healthline

ကြက်သွန်ဖြူမှာ ဆာလဖာဒြပ်ပေါင်းများများ ပါဝင်တာက ခန္ဓာကိုယ်အတွင်းကလီစာတွေကို ပျက်စီးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

အအေးမိခြင်းကို သက်သာစေတယ်

Source: SelfHacked

ကြက်သွန်ဖြူကို အစိမ်းစားပေးမယ်ဆိုရင် အအေးမိဖျားနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေပါတယ်။ အအေးမိတာတွေ ဖြစ်နေတယ်ဆိုရင်တော့ ကြက်သွန်ဖြူ အနည်းငယ်စားပေးပါ။