အေထြေထြဗဟုသုတ

ချွတ်ရခက်တဲ့ အစွန်းအမျိုးမျိုးကို ကျွတ်စေမယ့် လွယ်ကူသက်သာ နည်းလမ်းကောင်းများ

အဝတ်အထည်တွေမှာ အစွန်းတွေစွန်းသွားတဲ့အခါ ဒီအစွန်းလေးတစ်ခုအတွက် အဝတ်တစ်ထည်လုံးကိုလွှင့်ပစ်လိုက်စရာမလိုပါဘူး။

ဆီအစွန်း၊ အရောင်အစွန်းအပါအဝင် အဝတ်မှာစွန်းတတ်တဲ့အစွန်းအမျိုးမျိုးကိုချွတ်နိုင်မယ့် လွယ်ကူသက်သာတဲ့ နည်းလမ်းကောင်းလေး

တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ကော်ဖီ၊လက်ဖက်ရည်အစွန်း

သွားတိုက်ဆေးအနည်းငယ်ကို ကော်ဖီ၊လက်ဖက်ရည်အစွန်းတွေပေါ်မှာ ခပ်ပါးပါးလေးလိမ်းပြီး ခြောက်တဲ့အထိထားလိုက်ပါ။

သွားတိုက်ဆေးခြောက်သွားတဲ့အခါ သွားပွတ်တံလေးနဲ့ပွတ်တိုက်ပြီး လျှော်ဖွပ်ပေးလိုက်ပါ။ အစွန်းတွေပျောက်သွားပါလိမ့်မယ်။

(၂) မင်အစွန်း

အဝတ်မှာမင်တွေစွန်းသွားရင် သံပရိုရည်အနည်းငယ်နဲ့ဆွတ်ပြီး လျှော်ပေးလိုက်ရင် မင်အစွန်းတွေပျောက်သွားပါလိမ့်မယ်။

(၃) ဆီအစွန်း

အဝတ်မှာဆီစွန်းသွားတဲ့အခါ စွန်းသွားတဲ့နေရာကို မြေဖြူနဲ့ပွတ်ထားပြီးမှ လျှော်ပေးလိုက်ပါ။

ဒါမှမဟုတ် ဆီစွန်းတဲ့နေရာမှာ မုန့်ဖုတ်ဆိုဒါကိုဖြူးလိုက်ပြီး ခြောက်သွားတဲ့အခါမှ လျှော်ပေးလိုက်ပါ။ ဆီအစွန်းတွေပျောက်သွားပါလိမ့်

မယ်။

(၄) အရောင်အစွန်း

အဝတ်တွေရောလျှော်ပြီး တစ်ထည်နဲ့တစ်ထည်အရောင်တွေစွန်းကုန်တဲ့အခါ အဝတ်တစ်ထည်ချင်းကို ရှာလကာရည်နဲ့ရေနွေးရောထားတဲ့

အထဲတစ်နာရီခန့်စိမ်ထားပြီးမှ ပြန်လျှော်ပေးလိုက်ပါ။

(၅) ချွေးအစွန်း

အင်္ကျီချိုင်းနေရာမှာ ချွေးတွေစွန်းနေတာကိုပျောက်ဖို့ သံပရိုရည်နဲ့မုန့်ဖုတ်ဆိုဒါကိုရောပြီးရလာတဲ့အနှစ်နဲ့ သုတ်လိမ်းကာ ခြောက်သွားမှ

ပြန်လျှော်လိုက်ပါ။

ချွေးအစွန်းတွေပျောက်သွားပါလိမ့်မယ်။

(၆) ကော်ဇောတွေမှာစွန်းတဲ့အစွန်းတွေ

မုန့်ဖုတ်ဆိုဒါကိုရေနဲ့ရောပြီး ရလာတဲ့အနှစ်ကို ကော်ဇောပေါ်ကအစွန်းတွေပေါ်မှာ သုတ်လိမ်းကာ ဘရပ်နဲ့ပွတ်ပြီးလျှော်ပေးလိုက်ပါ။

crd