ပြည်တွင်းသတင်း

အိမ်သုံးအမျိုးအစား လျှပ်စစ်မီး သုံးစွဲမှုကို ဒီဇင်ဘာလကုန်ထိ လစဉ် ၁၅၀ ယူနစ် အခမဲ့ပေးမည်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသည် ရေဂါပိုးကူးစက်မှု ကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန်အတွက် သြဂုတ်လကုန်အထိ ရက်တိုးမြှင့်လိုက်ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် အိမ်သုံးအမျိုးအစား လျှပ်စစ်မီး သုံးစွဲမှုကို ဒီဇင်ဘာလကုန်ထိ လစဉ် ၁၅၀ ယူနစ် အခမဲ့ပေးမည်ဖြစ်ကြောင်း သြဂုတ်လ ၁၈ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

အိမ်သုံးမီတာခ တစ်လဘယ်လောက်ကျမလဲ …

COVID- 19 ကြောင့် ပြည်သူများ စီးပွားရေးအရ စိတ်ဓာတ်ရေးရာ ကြပ်တည်းခြင်းများစွာ ရှိနေသည့် အတွက် သြဂုတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ လစဉ် ၁၅၀ ယူနစ်အတွက် ဓာတ်အားကျသင့်ငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုယူနစ်များအနမက်မှ လျှပ်စစ် ဓာတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ သုံးစွဲသူများသည် ဓာတ်အားကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခ အပါအ၀င် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်ပြီး (၁၅၁) ယူနစ်နှင့်အထက်သုံးစွဲသူများသည် ယူနစ် (၁၅၀) အတွက် ဓာတ်အားကျသင့်ငွေ (၁၁၅၅၀ ကျပ်) ကို ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည်ဖြစ်သည်။

ဇူလိုင်လအတွက် မီတာခတွေကို ၇၅ ယူနစ် …
အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုမှု ယူနစ်လျော့ချပေးခြင်းကို ၂၀၂၀ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည်။

ပြည်မြန်မာ