စိတ္ဖိစီးမႈေတြကိုေျပေလ်ာ့ေစၿပီး ညဘက္ေကာင္းေကာင္းအိပ္ေပ်ာ္ေစမယ့္ နည္းလမ္း(၄)ခု…
အလုပ္ေတြ အရမ္းပင္ပန္းလို႕ပဲျဖစ္ျဖစ္၊ စိတ္ညစ္စရာေတြရွိလို႕ပဲျဖစ္ျဖစ္၊ ညဘက္အိပ္မေပ်ာ္တဲ့အခါ ေနာက္တစ္ေန႕အတြက္ အားအင္ေတြမျပည့္ေတာ့ပဲ သင့္ရဲ႕ ေန႕စဥ္ဘ၀ကို ကေမာက္ကမ ျဖစ္လာေစနိုင္ပါတယ္။ ဒီေတာ့ အိပ္တဲ့အခ်ိန္မွာ စိတ္ဖိစီးမႈေတြကို ေလွ်ာ့ခ်ေပးျပီး ေကာင္းေကာင္း အိပ္ေပ်ာ္ေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္ …။
နည္းလမ္း (၁)
အိပ္ရာေပၚမွာ လဲွအိပ္ျပီး ဒူးႏွစ္ဖက္ကို ပိုက္ထားလိုက္ပါ။ အသက္ကို ျဖည္းျဖည္းခ်င္း ရွဴသြင္း၊ ရွဴထုတ္လုပ္တာကို ၁၀ ၾကိမ္ လုပ္ေပးပါ။ ဒီလိုလုပ္တဲ့အခါ ေခါင္းအံုး မအံုးထားပါနဲ႔ …။
နည္းလမ္း (၂)
တင္ပါးေအာက္မွာ ေခါင္းအံုး ဒါမွမဟုတ္ ေစာင္ကိုေခါက္ထားျပီး ေျခေထာက္ေတြကို နံရံမွာ ေထာင္လိုက္ပါ။ လက္ႏွစ္ဖက္ကို ေဘးဘက္မွာ ခ်ထားကာ အသက္ကိုျဖည္းျဖည္းခ်င္း ရွဴပါ။ အဲ႔ဒီအေနအထားအတိုင္း ၅ မိနစ္ေလာက္ ေနေပးလိုက္ပါ …။
နည္းလမ္း (၃)
အိပ္ရာေပၚမွာ လဲွအိပ္ျပီး လည္ပင္းနဲ႕ ခါးေအာက္မွာ တဘက္လိပ္ေလးေတြ ထည့္ျပီး ေျခေထာက္ ႏွစ္ဖက္ကို ေဘးဘက္ကို ကားျပီးျပန္ကပ္လိုက္ပါ။ အဲ့ဒါကို တစ္မိနစ္ေလာက္ ျပဳလုပ္ေပးပါ …။
နဖူးကို ေခါင္းအံုးမွာ တင္ထားျပီး ေမွာက္ခံုအိပ္ပါ၊ ခုနကလိုပဲ ေျခေထာက္နွစ္ဖက္ကို ေဘးဘက္ကို ကားျပီးျပန္ကပ္တာကို တစ္မိနစ္ေလာက္ ျပဳလုပ္ေပးပါ …။
နည္းလမ္း (၄)
အိပ္ရာေပၚမွာ သက္ေတာင့္သက္သာ လဲွအိပ္ျပီး တဘက္ကို ေခါက္ျပီးလည္ပင္းေအာက္မွာ ထည့္ထားလိုက္ပါ။ လက္၀ါးႏွစ္ဖက္ကိုလွန္ျပီး ေဘးကို ခ်ထားပါ။ အသက္ကို ျဖည္းျဖည္းခ်င္းရွဴျပီး စိတ္ထဲမွာျဖစ္လာတဲ့ အေတြးေလးေတြကို လိုက္မထိန္္းခ်ဳပ္ပဲ ဒီတိုင္းေလးပဲ ေတြးေနလိုက္ပါ။ အဲ့ဒီအတိုင္း သက္ေတာင့္သက္သာေလးေနရင္း အိပ္ခ်င္လာျပီး ေကာင္းေကာင္း အိပ္ေပ်ာ္သြားပါလိမ့္မယ္ေနာ္ …။ ။
Credit – MAY THAZINHTOO
Unicode
စိတ်ဖိစီးမှုတွေကိုပြေလျော့စေပြီး ညဘက်ကောင်းကောင်းအိပ်ပျော်စေမယ့် နည်းလမ်း(၄)ခု…
အလုပ်တွေ အရမ်းပင်ပန်းလို့ပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာတွေရှိလို့ပဲဖြစ်ဖြစ်၊ ညဘက်အိပ်မပျော်တဲ့အခါ နောက်တစ်နေ့အတွက် အားအင်တွေမပြည့်တော့ပဲ သင့်ရဲ့ နေ့စဉ်ဘဝကို ကမောက်ကမ ဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ အိပ်တဲ့အချိန်မှာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး ကောင်းကောင်း အိပ်ပျော်စေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော် …။
နည်းလမ်း (၁)
အိပ်ရာပေါ်မှာ လှဲအိပ်ပြီး ဒူးနှစ်ဖက်ကို ပိုက်ထားလိုက်ပါ။ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်လုပ်တာကို ၁၀ ကြိမ် လုပ်ပေးပါ။ ဒီလိုလုပ်တဲ့အခါ ခေါင်းအုံး မအုံးထားပါနဲ့ …။
နည်းလမ်း (၂)
တင်ပါးအောက်မှာ ခေါင်းအုံး ဒါမှမဟုတ် စောင်ကိုခေါက်ထားပြီး ခြေထောက်တွေကို နံရံမှာ ထောင်လိုက်ပါ။ လက်နှစ်ဖက်ကို ဘေးဘက်မှာ ချထားကာ အသက်ကိုဖြည်းဖြည်းချင်း ရှူပါ။ အဲ့ဒီအနေအထားအတိုင်း ၅ မိနစ်လောက် နေပေးလိုက်ပါ …။
နည်းလမ်း (၃)
အိပ်ရာပေါ်မှာ လှဲအိပ်ပြီး လည်ပင်းနဲ့ ခါးအောက်မှာ တဘက်လိပ်လေးတွေ ထည့်ပြီး ခြေထောက် နှစ်ဖက်ကို ဘေးဘက်ကို ကားပြီးပြန်ကပ်လိုက်ပါ။ အဲ့ဒါကို တစ်မိနစ်လောက် ပြုလုပ်ပေးပါ …။
နဖူးကို ခေါင်းအုံးမှာ တင်ထားပြီး မှောက်ခုံအိပ်ပါ၊ ခုနကလိုပဲ ခြေထောက်နှစ်ဖက်ကို ဘေးဘက်ကို ကားပြီးပြန်ကပ်တာကို တစ်မိနစ်လောက် ပြုလုပ်ပေးပါ …။
နည်းလမ်း (၄)
အိပ်ရာပေါ်မှာ သက်တောင့်သက်သာ လှဲအိပ်ပြီး တဘက်ကို ခေါက်ပြီးလည်ပင်းအောက်မှာ ထည့်ထားလိုက်ပါ။ လက်ဝါးနှစ်ဖက်ကိုလှန်ပြီး ဘေးကို ချထားပါ။ အသက်ကို ဖြည်းဖြည်းချင်းရှူပြီး စိတ်ထဲမှာဖြစ်လာတဲ့ အတွေးလေးတွေကို လိုက်မထိန်းချုပ်ပဲ ဒီတိုင်းလေးပဲ တွေးနေလိုက်ပါ။ အဲ့ဒီအတိုင်း သက်တောင့်သက်သာလေးနေရင်း အိပ်ချင်လာပြီး ကောင်းကောင်း အိပ်ပျော်သွားပါလိမ့်မယ်နော် …။ ။
Credit – MAY THAZINHTOO