ဆံပင္ကၽြတ္ျခင္းဆိုတာက လူတိုင္းေန႔စဥ္ၾကဳံေတြ႕ေနရတာပါ။လူတစ္ေယာက္ကတစ္ေန႔ကို ဆံပင္ ၁၀၀ ေလာက္ကၽြတ္နိုင္ပါတယ္။ဒါေပမယ့္ဆံပင္ကၽြတ္တာကလည္း ေခါင္းေလၽွာ္တာနဲ႔သက္ဆိုင္မႈရွိပါေသးတယ္။အဲ့ဒီေတာ့ ေခါင္းဘယ္လိုေလၽွာ္မလဲဆိုရင္ ဒီတိုင္းေလၽွာ္မယ္ပဲေျဖမိၾကမွာပါ။တကယ္က ဆံပင္မကၽြတ္ေအာင္ ေခါင္းေလၽွာ္တဲ့အခါမွာ ဂ႐ုစိုက္သင့္တာေလးေတြရွိပါတယ္။ဘာေတြ ဂ႐ုစိုက္ရမလဲဆိုတာကို ေဖာ္ျပေပးပါမယ္။
၁ — ေခါင္းေလၽွာ္ရည္နဲ႔ ဆံပင္ေပ်ာ့ေဆး (သို႔) ေပါင္းေဆး အသုံးမ်ားျခင္း
ေခါင္းေလၽွာ္ရည္နဲ႔ ဆံပင္ေပ်ာ့ေဆး မ်ားမ်ားသုံးတာက ဆံေကသာကို ပိုၿပီး ေကာင္းမြန္ေပ်ာ့ေျပာင္းေစတယ္လို႔ထင္မိၾကပါလိမ့္မယ္။ဒါေပမယ့္ အမ်ားႀကီးသုံးရင္ ဆံေကသာကိုထိခိုက္နိုင္တဲ့ အတြက္ ဆံပင္ကၽြတ္ျခင္းကို ျဖစ္ေစနိုင္ပါတယ္။အဲ့ဒါမလို႔ အေတာ္အသင့္ေလာက္ပဲအသုံးျပဳသင့္ပါတယ္။
၂ — ေရေႏြးနဲ႔ေခါင္းေလၽွာ္ျခင္း
လူတခ်ိဳ႕က ေရေႏြးနဲ႔ ေခါင္းေလၽွာ္တတ္ၾကပါတယ္။ေရေႏြးနဲ႔ေခါင္းေလၽွာ္ၿပီးရင္ ခဏၾကာတဲ့အခါမွာ လူကို အိပ္ေပ်ာ္ေစနိုင္ပါတယ္။ေရေႏြးနဲ႔ေခါင္းေလၽွာ္လိုက္ရင္ ဆံပင္ေပါက္ေစနိုင္တဲ့ Follicles ေတြကိုေသေစနိုင္တာမလို႔ ဆံပင္ကၽြတ္တာေတြ ဆံပင္ပါးတာေတြျဖစ္ေစနိုင္ပါတယ္။အဲ့ဒါမလို႔ ေရေႏြးနဲ႔ေခါင္းမေလၽွာ္သင့္ပါဘူး။ေရေအးဒါမွမဟုတ္ ေရေအးနဲ႔ ေရေႏြးမၽွတစြာေရာစပ္ထားတဲ့ ေရနဲ႔ပဲေလၽွာ္ေပးသင့္ပါတယ္။
၃ — သဘက္နဲ႔ ေခါင္းကိုသုတ္ျခင္း
ေခါင္းေလၽွာ္ၿပီးရင္ ေတာ္ေတာ္မ်ားမ်ားက သဘက္နဲ႔ သုတ္တတ္ၾကပါတယ္။သဘက္နဲ႔ ၾကမ္းၾကမ္းတမ္းတမ္းသုတ္တဲ့အခါမွာ ဆံပင္ပိုကၽြတ္ေစနိုင္ပါတယ္။အဲ့ဒါမလို႔ သဘက္နဲ႔ မသုတ္ပဲ ရွပ္အကၤ်ီအေဟာင္းနဲ႔ပဲျဖစ္ျဖစ္ ညင္သာစြာသုတ္ေပးသင့္ပါတယ္။
၄ — ေခါင္းေလၽွာ္ေနစဥ္ႏွိပ္ေပးျခင္း
ေခါင္းေလၽွာ္တဲ့ အခါမွာ ႏွိပ္နယ္ေပးတာက ေခါင္းေလၽွာ္ရည္ကို ဆံေကသာဆီ ပိုၿပီး ပ်ံ႕ႏွံ့ေစတယ္လို႔ထင္မိၾကပါလိမ့္မယ္။ဒါေပမယ့္ အဲ့လိုႏွိပ္နယ္ေပးျခင္းက ဆံေကသာကို အားနည္းေစၿပီးေတာ့ ဆံပင္ကိုကၽြတ္ေစနိုင္ပါတယ္။ႏွိပ္မယ္ဆိုရင္လည္း လက္နဲ႔ဖြဖြေလး ႏွိပ္ေပးတာက ပိုၿပီးသင့္ေတာ္ပါတယ္။
၅ — ေရစိုေနတုန္း ေခါင္းၿဖီးျခင္း
ေခါင္းေလၽွာ္ၿပီးတဲ့အခါမွာ တခ်ိဳ႕က ဆံပင္ကို ဘီးနဲ႔တန္းၿပီးၿဖီးတတ္ၾကပါတယ္။အဲ့လိုလုပ္တာက ဆံပင္ကိုပိုကၽြတ္ေစနိုင္ပါတယ္။ေရစိုေနတဲ့အခ်ိန္မွာ လက္နဲ႔ ရွင္းတာေလာက္ပဲလုပ္သင့္ပါတယ္။
အခုေျပာျပသြားတာေလးေတြကို ဂ႐ုစိုက္ၿပီး လုပ္ၾကည့္မယ္ဆိုရင္ ဆံပင္ကၽြတ္တာကို ကာကြယ္နိုင္မွာပဲျဖစ္ပါတယ္။
Myanma Platform
Unicode,
ဆံပင်ကျွတ်ခြင်းဆိုတာက လူတိုင်းနေ့စဉ်ကြုံတွေ့နေရတာပါ။လူတစ်ယောက်ကတစ်နေ့ကို ဆံပင် ၁၀၀ လောက်ကျွတ်နိုင်ပါတယ်။ဒါပေမယ့်ဆံပင်ကျွတ်တာကလည်း ခေါင်းလျှော်တာနဲ့သက်ဆိုင်မှုရှိပါသေးတယ်။အဲ့ဒီတော့ ခေါင်းဘယ်လိုလျှော်မလဲဆိုရင် ဒီတိုင်းလျှော်မယ်ပဲဖြေမိကြမှာပါ။တကယ်က ဆံပင်မကျွတ်အောင် ခေါင်းလျှော်တဲ့အခါမှာ ဂရုစိုက်သင့်တာလေးတွေရှိပါတယ်။ဘာတွေ ဂရုစိုက်ရမလဲဆိုတာကို ဖော်ပြပေးပါမယ်။
၁ — ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး (သို့) ပေါင်းဆေး အသုံးများခြင်း
ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေး များများသုံးတာက ဆံကေသာကို ပိုပြီး ကောင်းမွန်ပျော့ပြောင်းစေတယ်လို့ထင်မိကြပါလိမ့်မယ်။ဒါပေမယ့် အများကြီးသုံးရင် ဆံကေသာကိုထိခိုက်နိုင်တဲ့ အတွက် ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။အဲ့ဒါမလို့ အတော်အသင့်လောက်ပဲအသုံးပြုသင့်ပါတယ်။
၂ — ရေနွေးနဲ့ခေါင်းလျှော်ခြင်း
လူတချို့က ရေနွေးနဲ့ ခေါင်းလျှော်တတ်ကြပါတယ်။ရေနွေးနဲ့ခေါင်းလျှော်ပြီးရင် ခဏကြာတဲ့အခါမှာ လူကို အိပ်ပျော်စေနိုင်ပါတယ်။ရေနွေးနဲ့ခေါင်းလျှော်လိုက်ရင် ဆံပင်ပေါက်စေနိုင်တဲ့ Follicles တွေကိုသေစေနိုင်တာမလို့ ဆံပင်ကျွတ်တာတွေ ဆံပင်ပါးတာတွေဖြစ်စေနိုင်ပါတယ်။အဲ့ဒါမလို့ ရေနွေးနဲ့ခေါင်းမလျှော်သင့်ပါဘူး။ရေအေးဒါမှမဟုတ် ရေအေးနဲ့ ရေနွေးမျှတစွာရောစပ်ထားတဲ့ ရေနဲ့ပဲလျှော်ပေးသင့်ပါတယ်။
၃ — သဘက်နဲ့ ခေါင်းကိုသုတ်ခြင်း
ခေါင်းလျှော်ပြီးရင် တော်တော်များများက သဘက်နဲ့ သုတ်တတ်ကြပါတယ်။သဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်းသုတ်တဲ့အခါမှာ ဆံပင်ပိုကျွတ်စေနိုင်ပါတယ်။အဲ့ဒါမလို့ သဘက်နဲ့ မသုတ်ပဲ ရှပ်အင်္ကျီအဟောင်းနဲ့ပဲဖြစ်ဖြစ် ညင်သာစွာသုတ်ပေးသင့်ပါတယ်။
၄ — ခေါင်းလျှော်နေစဉ်နှိပ်ပေးခြင်း
ခေါင်းလျှော်တဲ့ အခါမှာ နှိပ်နယ်ပေးတာက ခေါင်းလျှော်ရည်ကို ဆံကေသာဆီ ပိုပြီး ပျံ့နှံ့စေတယ်လို့ထင်မိကြပါလိမ့်မယ်။ဒါပေမယ့် အဲ့လိုနှိပ်နယ်ပေးခြင်းက ဆံကေသာကို အားနည်းစေပြီးတော့ ဆံပင်ကိုကျွတ်စေနိုင်ပါတယ်။နှိပ်မယ်ဆိုရင်လည်း လက်နဲ့ဖွဖွလေး နှိပ်ပေးတာက ပိုပြီးသင့်တော်ပါတယ်။
၅ — ရေစိုနေတုန်း ခေါင်းဖြီးခြင်း
ခေါင်းလျှော်ပြီးတဲ့အခါမှာ တချို့က ဆံပင်ကို ဘီးနဲ့တန်းပြီးဖြီးတတ်ကြပါတယ်။အဲ့လိုလုပ်တာက ဆံပင်ကိုပိုကျွတ်စေနိုင်ပါတယ်။ရေစိုနေတဲ့အချိန်မှာ လက်နဲ့ ရှင်းတာလောက်ပဲလုပ်သင့်ပါတယ်။
အခုပြောပြသွားတာလေးတွေကို ဂရုစိုက်ပြီး လုပ်ကြည့်မယ်ဆိုရင် ဆံပင်ကျွတ်တာကို ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
Myanma Platform