ကဲဒီနေ့မှာတော့ ထူးထူးခြားခြားအနေနဲ့ မွေးနေ့မှာ positive vibes အပြည့်အဝပေးမယ့် သီချင်း ၅ပုဒ်ကိုပြောပြပေးမှာပဲဖြစ်ပါတယ်
Pontifexx & Bhaskar feat. IRO – Getting Old
ဒီအပုဒ်ကတော့ positive vibe ပါပေးတဲ့အပြင်သင်အသက်ကြီးလာပြီဆိုတာကိုလည်းအသိပေးမှာပဲဖြစ်ပါတယ်
အသက်ကြီးလာလို့လည်းစိတ်မညစ်ပါနဲ့
ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မှာပါ
Martin Garrix feat.Bonn – High On Life
High On Life ဆိုတဲ့သီချင်းနာမည်အတိုင်း ဒီသီချင်းဟာ သင့်ကို လေပေါ်ပျံဝဲစေမှာတော့အမှန်ပါပဲ
စိတ်ဓာတ်ကျနေချိန်တွေမှာလည်းနားထောင်သင့်သလို သင့်ရဲ့မွေးနေ့မှာလည်းနားထောင်သင့်တဲ့ positive vibe သီချင်းတစ်ပုဒ်ပါ
Area21 – We Did It
ဒီသီချင်းကတော့ dirty lyric ပါပေမယ့် တကယ်ကိုမိုက်ပါတယ်
မွေးနေ့မှာ သင်တစ်နှစ်အတွင်းလုပ်ခဲ့တာတွေကိုပြန်စဉ်စားတဲ့အချိန်မှာနားထောင်ရင်း “We Did It” ဆိုပြီးကြွေးကျော်ဖို့အသင့်တော်ဆုံးပါပဲ
Martin Garrix feat. John Martin – Higher Ground
ဒီသီချင်းမှာတော့ lyrics တွေက သင့်ကိုခွန်အားအပြည့်အဝပေးမှာဖြစ်ပြီးတော့ positive vibe ကိုသယ်ဆောင်လာပေးမယ့် သီချင်းတစ်ပုဒ်ပါ
JVNA – I’m With You
ဒီသီချင်းလေးကတော့ သင်ချစ်တဲ့သူတွေဟာသင်နဲ့အတူရှိနေတယ်ဆိုတဲ့ vibe ကိုပေးပြီးတော့ သင်ချစ်ရတဲ့သူတွေကိုလွမ်းဆွတ်တမ်းတမိစေမှာပါ
မွေးနေ့မှာသူငယ်ချင်းတွေနဲ့အချိန်မဖြုတ်မိဖြစ်ကြတဲ့သူတွေအတွက်ကတော့ ဒီသီချင်းဟာအလိုအပ်ဆုံးပါပဲ