ပြုပြင်မှုကင်းမဲ့ပြီး ထိန်းသိမ်းသူမရှိတဲ့ ဘုရားတွေကိုကြည့်ပြီး ထိန်းသိမ်းစောင့်ရှောက်မဲ့သူပဲဖြစ်ဖြစ် ၊ တာဝန်ရှိသူတွေပဲဖြစ်ဖြစ် မြင်ပြီး အချိန်မှီ ထိန်းသိမ်းနိုင်အောင်တင်ပေးလိုက်ပါတယ် ။ ပုံတွေမှာ မြင်ရတာကတော့ ပုန်းအင်း ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ပိတောက်တထောင်ဘုရားပါ။
ရှမ်းပြည်နယ် တောင်ကြီးမြို့အလွန် မွေတော်ကက္ကူဘုရားအကျော် နောင်မွန်အုပ်စုပုန်းအင်း နောင်ဆန့်ရွာဘက်မှာရှိပါတယ်။ ထိန်းသိမ်းသူမရှိတော့လည်း နှမြောမိပါတယ် … တစ်ကယ်သာပြုပြင်မွမ်းမံလိုက်ရင်အရမ်းကို ကြည်ညိုဖွယ်ရာ ကောင်းမှာ အမှန်ပါ။
ဘုရာတွေကိုကြည့်ပြီး အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ် ၊ အခုပုံတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ အခုလိုမန့်ထားတာကိုလည်းတွေ့ရှိရပါတယ်။
“ဗောဓိတစ်ထောင် ကံ့ကော်တစ်ထောင် ဘာတစ်ထောင် ညာတစ်ထောင်နဲ့ မြန်မာပြည်တစ်နံတလျား ဘုရားတွေကပေါမှပေါ။
သို့ပေသိ ဒီလို မြက်တောကိုင်းတော ခြုံတော်ထဲမြင်ရတာတွေကများပါတယ်။ ဗုဒ္ဓသာသနာအတွက် တကယ်စိတ်မချမ်းသာစရာပါ။ ကိုယ့်သာသနာစျေး ကိုယ်ပြန်ချနေတာနဲ့ တူပါတယ်။ ရခဲမှရတနာပါ။ အရလွယ်တော့ တန်ဖိုးမထားကြတော့ပါ။
ဆွမ်းမဘုန်းပေးရ ရေမဘုန်းပေးရ။ ဆီမီးပန်းလည်း မပူဇော်နိုင်ကြ။ များသောအားဖြင့် ထိုဘုရားဝန်းထဲ ဖိနပ်မချွတ်ကြ။ ဆယ်ဖီဆွဲရာဌာန ပျော်ပွဲစားရာဌာနတွေ ဖြစ်နေတာများပါတယ်။
တိဋ္ဌန္တေ နိဗ္ဗုတောစာပိ သမေစိတ္တေ သမံ ဖလံ ဆိုသည်နှင့်အညီ ရုပ်ပွါးတော်ကို သက်တော်ထင်ရှား ဘုရားလို တန်ဖိုးထားရင် အကျိုးကြီးမားသလို အခုလို တန်ဖိုးမထား ပစ်ပယ်ထားကြမယ်ဆိုရင် ဓမ္မကျိန်စာသင့်ကြမှာ စိုးရိမ်မိပါတယ်။”
ပရိတ်သတ်ကြီးလည်းအခုစာလေးကိုဖတ်ပြီးတဲ့အချိန်မှာ ထိန်းသိမ်းမဲ့သူတွေ မြန်မြန်ပေါ်အောင် ရှယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
Writer ; Kwee (Jeeptoolay)
Source ; Long Kham