ကျန်းမာရေး
ကိုးရီးယားတွေ ကျန်းမာရေးအတွက် အမြတ်တနိုး သောက်ကြတဲ့ ချဉ်ပေါင်ဖူးဖျော်ရည် အစွမ်း နှင့် အသုံးပြုပုံ
ချဉ်ပေါင်ဖူးအစွမ်း
အမျိုးသမီးတွေကြားမှာ ယခုခေတ်မှာ ခေတ်စားလာတဲ့အလေ့အထတွေထဲကတစ်ခုက အသားအရေလှပဖို့ ခန္ဓာကိုယ်ကျစ်လစ်ကျန်းမာဖို့ အစားအသောက်တွေကို ရွေးချယ်ပြီး စားသောက်လာကြတာပါ။
၂၀၁၇ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက စာတမ်းဖတ်ပွဲဖိတ်လို့ သွားရတဲ့အခါ သူတို့ရဲ့ ကျန်းမာရေးနဲ့ဆက်စပ်တဲ့ ဈေးရောင်းပွဲတော်တစ်ခုနဲ့ဆုံတာကြောင့် အဲဒီဈေးရောင်းပွဲတော်မှာ
ထူးထူးခြားခြားမြင်ခဲ့ရတာက ချဉ်ပေါင်ဖူးဖျော်ရည်/ရေနွေးကြမ်း Roselle tea ပါ။ သောက်ကြည့်လိုက်တော့ အရသာလေးက ချဉ်ပြုံးပြုံးလေး အချိုအတွက် အရသာကိုတော့ သကြားသုံးထားတယ်လို့ ထင်ပါတယ်။
ကျွန်မလည်း စိတ်ဝင်စားမိတဲ့အတွက် အင်တာနက်မှာ ရှာကြည့်လိုက်တာ တခြားနိုင်ငံ အတော်များများမှာလည်း ချဉ်ပေါင်ဖူးကို ရေနွေးကြမ်းအနေနဲ့သောက်သုံးကြတာကို သွားတွေ့ပါတယ်။
သုတေသနသမားဆိုတော့ နိုင်ငံတကာမှာ ချဉ်ပေါင်ဖူးနဲ့ပတ်သက်ပြီး ဘယ်လိုသုတေသနတွေ လုပ်ထားလဲ ဘာဒြပ်ပေါင်းတွေပါလဲ သိချင်တော့ SciFinder scholar မှာ ရှာကြည့်လိုက်တဲ့အခါ
တစ်ခါ Bioactivity နဲ့ ပတ်သက်ပြီး collagen တွေအလွန်အမင်းမပျက်စီးအောင်ကာကွယ်ပေးနိုင်ကြောင်း၊ ဓာတ်တိုးခြင်းကိုဟန့်တားနိုင်ကြောင်း၊
တင်းတိပ်အမဲစက်တွေကိုဖြစ်စေတဲ့ Tyrosinase enzyme ကို ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိကြောင်း ဆိုပါတယ်။
ဒီလိုဂုဏ်သတ္တိတွေရှိပြီဆိုရင် Anti-aging activity လည်းရှိတာကြောင့် ကျန်းမာနုပျိုချင်သူများ အောင်မဲညိုလိုချဉ်ပေါင်ဖူးခြောက်ကိုလည်း ရေနွေးကြမ်းလုပ်သောက်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။
ချဉ်ပေါင်ဖူးရေနွေးကြမ်း/ဖျော်ရည်ပြုလုပ်နည်းကတော့ အင်တာနက်မှာ ရှာကြည့်လိုက်ရင် နည်းအမျိုးမျိုးတွေ့ရပါလိမ့်မယ်။
လွယ်ကူတဲ့နည်းကတော့
၎)အအေးခံ၊ စစ်
၅)မိမိနှစ်သက်သလို သကြား၊ ထညက်၊ ပျားရည် တို့နဲ့ပါတွဲဖက်ပြီး သောက်သုံးနိုင်ပါတယ်။
နန်းသိင်္ဂီနွယ်
Unicode,
ချဉ််ပေါင်ဖူးအစွမ်း
အမျိုးသမီးတွေကြားမှာ ယခုခေတ်မှာ ခေတ်စားလာတဲဲ့အလေ့အထတွေထဲကတစ်ခုက အသားအရေလှပဖို့ ခန္ဓာကိုယ်ကျစ်လစ်ကျန်းမာဖို့ အစားအသောက်တွေကို ရွေးချယ်ပြီး စားသောက်လာကြတာပါ။
အစားအသောက် အသီးအနှံအမျိုးမျိုးထဲကမှ ကျွန်မနှစ်သက်တဲ့ ဖျော်ရည်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မြန်မာတွေအတွက်တော့ သိပ်ပြီး မထူးဆန်းတဲ့ အပင်ပါ။ ချဉ်ပေါင်ပင်ရဲ့ ရင့်မှည့်လာတဲ့ အသီး/အဖူးခွံ (sepals of roselle) ဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ချဉ်ပေါင်ရွက်ကို ကျွန်မတို့ မြန်မာတွေကတော့ ဟင်းအဖြစ် အမျိုးမျိုးချက်စားတတ်ကြပါတယ်။ ချဉ်ပေါင်ဖူးကိုတော့ ယိုအဖြစ်သာ အများဆုံးစားလေ့ရှိပါတယ်။
၂၀၁၇ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက စာတမ်းဖတ်ပွဲဖိတ်လို့ သွားရတဲ့အခါ သူတို့ရဲ့ ကျန်းမာရေးနဲ့ဆက်စပ်တဲ့ စျေးရောင်းပွဲတော်တစ်ခုနဲ့ဆုံတာကြောင့် အဲဒီစျေးရောင်းပွဲတော်မှာ
သူတို့ကျန်းမာရေးနဲ့အလှအပအတွက် စားသောက်ကြတဲ့ Herbal တွေကို လေ့လာခွင့်ရခဲ့ပါတယ်။
ထူးထူးခြားခြားမြင်ခဲ့ရတာက ချဉ်ပေါင်ဖူးဖျော်ရည််/ရေနွေးကြမ်း Roselle tea ပါ။ သောက်ကြည့်လိိုက်တော့ အရသာလေးက ချဉ်ပြုံးပြုံးလေး အချိုအတွက် အရသာကိုတော့ သကြားသုံးထားတယ်လို့ ထင်ပါတယ်။
အဲဒီမှာ ချဉ်ပေါင်ဖူးခြောက်တွေကို သူတို့တွေက လက်ဖက်ခြောက်လို ရောင်းကြတာ။ စျေးကလည်း တော်တော်ကြီးတယ်။ ချဉ်ပေါင်ဖူးခြောက် ၁၀၀ ဂရမ်ကို မြန်မာငွေ ၅၀၀၀ ကျပ်လောက်တန်ဖိုးရှိတယ်။
ကိုးရီးယားတွေက ချဉ်ပေါင်ဖူးဖျော်ရည်ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းတာကြောင့် တန်ဖိုးထားပြီး စားသောက်ပါတယ်တဲ့။
ကျွန်မလည််း စိတ်ဝင်စားမိတဲ့အတွက် အင်တာနက်မှာ ရှာကြည့်လိိုက်တာ တခြားနိုင်ငံ အတော်များများမှာလည်း ချဉ်ပေါင်ဖူးကို ရေနွေးကြမ်းအနေနဲ့သောက်သုံးကြတာကို သွားတွေ့ပါတယ်။
သုုတေသနသမားဆိုတော့ နိုင်ငံတကာမှာ ချဉ်ပေါင်ဖူးနဲ့ပတ်သက်ပြီး ဘယ်လိုသုတေသနတွေ လုပ်ထားလဲ ဘာဒြပ်ပေါင်းတွေပါလဲ သိချင်တော့ SciFinder scholar မှာ ရှာကြည့်လိုက်တဲ့အခါ
သုတေသနစာစောင် ၂၈ စောင်ထွက်လာပါတယ်။ပါဝင်တဲ့ ဓာတုဒြပ်ပေါင်းတွေက ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် Anthocyanins, flavonoids, phenolic acids, polysaccharides,
pectic substances, hemicelluloses ဖြစ်ကြောင်း မှတ်တမ်းတင်ထားကြတယ်။
တစ်ခါ Bioactivity နဲ့ ပတ်သက်ပြီး collagen တွေအလွန်အမင်းမပျက်စီးအောင်ကာကွယ်ပေးနိိုင်ကြောင်း၊ ဓာတ်တိုးခြင်းကိုဟန့်တားနိုင်ကြောင်း၊
တင်းတိိပ်အမဲစက်တွေကိုဖြစ်စေတဲ့ Tyrosinase enzyme ကို ဟန့်တားပေးနိုင်တဲ့ အစွမ်းသတ္တိတွေရှိကြောင်း ဆိုပါတယ်။
ဒီလိုဂုဏ်သတ္တိတွေရှိပြီဆိုရင် Anti-aging activity လည်းရှိိတာကြောင့် ကျန်းမာနုပျိုချင်သူများ အောင်မဲညိုလိုချဉ်ပေါင်ဖူးခြောက်ကိုလည်း ရေနွေးကြမ််းလုပ်သောက်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။
နှလုံးသွေးကြောကျဉ်းတာ၊ သွေးတွင်းကိုလက်စထရောများတာ၊ ဆီးချိုရောဂါအတွကိလည်းကောင်းတယ်လို့ဆိုပါတယ်။
ချဉ်တဲ့အရသာရှိတော့ ဝမ်းလွယ်သူတွေကတော့ အများကြီးတော့ မသောက်နဲ့ပေါ့။ အစာလည်းဆေး၊ ဆေးလည်းအစာ နွေရာသီီနဲ့ဆောင်းရာသီမှာ သောက်သုံးပါက သင့်တော်ပါတယ်လို့။
ချဉ်ပေါင်ဖူးရေနွေးကြမ်း/ဖျော်ရည်ပြုလုပ်နည််းကတော့ အင်တာနက်မှာ ရှာကြည့်လိိုက်ရင် နည်းအမျိုးမျိုးတွေ့ရပါလိမ့်မယ်။
လွယ်ကူတဲ့နည်းကတော့
၁)ရေ ၁.၅ လီတာကို ပွက်ပွက်ဆူအောင်တည််
၂)ချဉ်ပေါင်ဖူးခြောက် ၁ဝဝဂရမ်ထည့််
၃)မိနစ်၂ဝခန့်ဆူပွက်အောင်ထား
၄)အအေးခံ၊ စစ််
၅)မိိမိနှစ်သက်သလို သကြား၊ ထညက်၊ ပျားရည် တို့နဲ့ပါတွဲဖက်ပြီး သောက်သုံးနိုင်ပါတယ်။
လှပ ကျန်းမာ ရောဂါကင်းကြပါစေ….။
နန်းသိင်္ဂ ီနွယ်