ပြည်တွင်းသတင်း

မန္တလေးတွင် ညမထွက်ရ Curfew အမိန့်အား တင်းကြပ်စွာဆောင်ရွက်မည်

မန္တလေးခရိုင်အတွင်းတွင် ည(၁၂)နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ Curfew အမိန့်အား တင်းကြပ်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသြကြီး အစိုးရဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းပန်းဆိုင်ကပြောသည် ။

တိုင်းအစိုးက ညမထွက်ရ အမိန့်ထုတ်ထားပြီး လေးလကျော်ကြာ ယနေ့အချိန်ထိ ယင်းအမိန့်ကို ရုပ်သိမ်းခြင်း မရှိသေးဘဲ ဆက်လက်ထားရှိမည် ဖြစ်ကြောင်းနှင့် မလိုက်နာသူများကို တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရက ထုတ်ပြန်ထားသည်။

” ညမထွက်ရအမိန့်ထုတ်ထားတာကို တစ်ချို့က အမိန်မထုတ်ထားတဲ့ပုံစံနဲ့ သွားလာနေတယ် ၊ အဲ့ဒါတွေကလုံခြုံရေးအရရောအဆင်မပြေဘူး ၊ ကျွန်တော်တို့ ၁၃ ရက်နေ့နောက်ပိုင်းကနေစပြီး ပြန်တင်းကြပ်လိုက်တယ် ၊ အဓိကကတော့ လှည့်ကင်းပတ်ကင်းတွေပိုလုပ်လာတာပေါ့ ” ဟု ဦးစိုင်းပန်းဆိုင်ကပြောသည် ။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် ည(၁၂) နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်များ ထားရှိမည်ဖြစ်သည် ။

” စစချင်းဖြစ်တုန်းကတော့ လူတွေရဲ့အသိထဲမှာ ညထွက်လို့မရဘူးဆိုတဲ့အသိကရှိတာပေါ့ ၊ ခုကြတော့ လူတွေကထွက်လို့ရတယ်ဆိုတော့ထွက်ကြတာပေါ့ ၊ တစ်ချို့ကြတော့လည်းသတိလက်လွတ်ထွက်ကြတာပေါ့ ၊ သိသိကြီးနဲ့ထွက်ကြတာလည်းဖြစ်ချင်ဖြစ်မှာပေါ့ ” ဟု ဦးစိုင်းပန်းဆိုင်ကဆက်ပြောသည် ။

အဆိုပါ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ကန့်သတ်ချိန်အတွင်း နေအိမ်ပြင်ပ နေထိုင်သွားလာသူများကို ညမထွက်ရအမိန့် ဖောက်ဖျက် ကျူးလွန်မှုဖြင့် ဖမ်းဆီး တရားစွဲ ထောင်ချမှုများ လုပ်ဆောင်ခဲ့သည် ။

မန္တလေးမြို့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တွင် ညမထွက်ရအမိန့် ဖောက်ဖျက်မှုဖြင့် သြဂုတ်(၁၁)ရက်နှင့် (၁၂)ရက်ညက ဖမ်းဆီးအရေးယူခဲ့မှု လူ(၁၅)ဦးဝန်းကျင် ရှိသည်ဟု သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်(၂၂)ရက်က မန္တလေးမြို့နေ အမျိုးသား (၇)ဦးကို မဟာအောင်မြေမြို့နယ် တရားရုံးက ထောင်ဒဏ် တစ်လစီ ချမှတ်ခဲ့သလို ဇွန်(၁၇)ရက် ညပိုင်းကလည်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်မှုဖြင့် လူ(၁၉)ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့ကာ အလုပ်မဲ့ထောင်ဒဏ် တစ်လစီ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နှင့် တရားရုံးများက ထုတ်ပြန်ထားသည်။

နေသူရိန်လင်း
#TheFifthWave

( Zawgyi )