ေခ်ာင္းဆိုးျခင္းကို လ်င္လ်င္ျမန္ျမန္ ေပ်ာက္ကင္းေစမယ့္ နည္းလမ္း (၈) ခု
မိုးရာသီနဲ႔ ေဆာင္းရာသီမွာ ကေလးေတြက အေအးမိၿပီး ေခ်ာင္းဆိုးတတ္ၾကပါတယ္။ အခ်ိန္မကုန္ဘဲနဲ႔ ေခ်ာင္းဆိုးေပ်ာက္ေစတဲ့ နည္းလမ္းေတြက အမ်ားႀကီးရွိပါတယ္။
၁။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ႏြားႏို႔
ၾကက္သြန္နီက အေအးမိၿပီးေခ်ာင္းဆိုးတာ၊ ဖ်ားတာ၊ လည္ေခ်ာင္းနာတာေတြအတြက္ ထိေရာက္တဲ့ ေဆးပါပဲ။ ေတာက္ေတာက္စင္းထားတဲ့ ၾကက္သြန္နီ၃လုံး၊ ၾကက္သြန္ျဖဴတစ္တက္၊ ႏြားႏို႔တစ္လီတာကို ေရာႀကိဳပါ။ အရသာရွိခ်င္ရင္ ပ်ားရည္ထည့္လို႔ ရပါတယ္။ ဒီနည္းက အဆက္မျပတ္ ဆိုးတဲ့ေခ်ာင္းအတြက္ ထိေရာက္ပါတယ္။
၂။ နာနတ္သီးေဖ်ာ္ရည္
နာနတ္သီးက လည္ေခ်ာင္းထဲက ခြၽဲေတြကို နည္းပါးေစၿပီး ေခ်ာင္းဆိုးတာကို သက္သာေစပါတယ္။ နာနတ္သီး ေဖ်ာ္ရည္ထဲမွာ ဂ်င္းအနည္းငယ္ထည့္လို႔လည္း ရပါတယ္။ ဒါေပမယ့္ နာနတ္သီးေဖ်ာ္ရည္ မတိုက္ခင္မွာ သင့္ကေလးက နာနတ္သီးနဲ႔ တည့္လား ဆိုတာေတာ့ ေသခ်ာသိဖို႔လိုပါတယ္။
၃။ ဂ်င္း
ဂ်ဳံ၊ ပ်ားရည္၊ သံလြင္ဆီနဲ႔ ဂ်င္းမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ကို ေရာေမႊပါ။ အဲဒီေနာက္ ေမႊထားတာကို လက္ကိုင္ပုဝါထဲ ထည့္ၿပီး လက္ကိုင္ပုဝါကို ကေလးရဲ႕ ရင္ဘတ္ေပၚ တင္ထားေပးပါ။ ညမအိပ္ခင္ သုံးနာရီအလိုမွာ တင္ထားေပးတာ ပိုေကာင္းပါတယ္။ ဒါေပမယ့္ သင့္ကေလးက အေရျပားဓါတ္မတည့္မႈ ျဖစ္ဖူးတယ္ ဆိုရင္ ဒီနည္းကို မသုံးသင့္ပါဘူး။
၄။ ႏြားႏို႔၊ နႏြင္း
ႏြားနဲ႔ နႏြင္းေရာေဖ်ာ္ထားတဲ့အရည္က ေခ်ာင္းဆိုးေပ်ာက္ေစတဲ့ သဘာဝေဆးပါပဲ။ ႏြားႏို႔ေႏြးေႏြးေလးထဲကို နႏြင္းမႈန႔္ လက္ဖက္ရည္ဇြန္းတစ္ဇြန္း ထည့္ေမႊၿပီး ကေလးကို အိပ္ရာမဝင္ခင္ တိုက္ေပးႏိုင္ပါတယ္။
၅။ ဆား
ေျခေထာက္က ေႏြးေနတဲ့အခါ ေခ်ာင္းဆိုးသက္သာပါတယ္။ ဆားကို သင့္ေတာ္႐ုံ အပူေပးပါ။ ၿပီးရင္ ကေလးရဲ႕ ေျခေထာက္မွာ လက္ကိုင္ပုဝါ သို႔မဟုတ္ ပတ္တီးစေလးစည္းေပးၿပီး ဆားကို နင္းေပး႐ုံပါပဲ။ ဆားေတြ ေအးသြားၿပီဆိုမွ နင္းတာ ရပ္လို႔ရပါၿပီ။
၆။ ဆားရည္နဲ႔ ပလုပ္က်င္းျခင္း
ဆားေရနဲ႔ပလုပ္က်င္းျခင္းက လည္ေခ်ာင္းနာတာေတြကို သက္သာေစပါတယ္။ ဆား စားပြဲတင္ဇြန္း တစ္ဝက္နဲ႔ ေရကို ေရာေမႊၿပီး ပလုပ္က်င္းပါ။ ပိုၿပီး အာနိသင္ရွိခ်င္ရင္ေတာ့ မုန႔္ဖုတ္ဆိုဒါ တစ္ဇြန္းထည့္လို႔ ရပါတယ္။
၇။ ေရေႏြးႏွင့္ ေရခ်ိဳးျခင္း
အလြန္အမင္း ေခ်ာင္းဆိုးတဲ့အခါ ေရေႏြးနဲ႔ေရခ်ိဳးျခင္းက ခြၽဲေတြ ေၾကေစၿပီး ေခ်ာင္းဆိုးသက္သာ သြားမွာပါ။
၈။ ငွက္ေပ်ာသီး၊ ေရ၊ ပ်ားရည္
ပထမဆုံး လိုအပ္တာကေတာ့ ေရေႏြးတည္ဖို႔ပါ။ အဲဒီေနာက္ ငွက္ေပ်ာသီးေတြကို ၿပဲသြားေအာင္ ေခ်ပါ။ ငွက္ေပ်ာသီးထဲကို ေရေႏြးေတြ ေလာင္းထည့္ၿပီး မိနစ္၃၀ၾကာ ထားပါ။ ေရေႏြးေအးသြားတဲ့အခါ ပ်ားရည္လက္ဖက္ရည္ဇြန္း တစ္ဇြန္း ထည့္ပါ။ တစ္ခါစားရင္ ၁၀၀မီလီလီတာနဲ႔ ၄ ႀကိမ္ စားလို႔ရပါတယ္။ ဒီနည္းက ရင္က်ပ္နာကိုလည္း ေပ်ာက္ေစပါတယ္။
၉။ စိုထိန္းမႈထိန္းစက္

ရင္က်ပ္နာ၊ အေအးမိ၊ တုပ္ေကြးျဖစ္တဲ့အခါ စိုထိန္းမႈထိန္းစက္ကို အသုံးျပဳေပးျခင္းက အလြန္သက္သာေစမွာပါ။
Zombie(LoveMedia)
Unicode,
ချောင်းဆိုးခြင်းကို လျင်လျင်မြန်မြန် ပျောက်ကင်းစေမယ့် နည်းလမ်း (၈) ခု
မိုးရာသီနဲ့ ဆောင်းရာသီမှာ ကလေးတွေက အအေးမိပြီး ချောင်းဆိုးတတ်ကြပါတယ်။ အချိန်မကုန်ဘဲနဲ့ ချောင်းဆိုးပျောက်စေတဲ့ နည်းလမ်းတွေက အများကြီးရှိပါတယ်။
၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နွားနို့
ကြက်သွန်နီက အအေးမိပြီးချောင်းဆိုးတာ၊ ဖျားတာ၊ လည်ချောင်းနာတာတွေအတွက် ထိရောက်တဲ့ ဆေးပါပဲ။ တောက်တောက်စင်းထားတဲ့ ကြက်သွန်နီ၃လုံး၊ ကြက်သွန်ဖြူတစ်တက်၊ နွားနို့တစ်လီတာကို ရောကြိုပါ။ အရသာရှိချင်ရင် ပျားရည်ထည့်လို့ ရပါတယ်။ ဒီနည်းက အဆက်မပြတ် ဆိုးတဲ့ချောင်းအတွက် ထိရောက်ပါတယ်။
၂။ နာနတ်သီးဖျော်ရည်
နာနတ်သီးက လည်ချောင်းထဲက ချွဲတွေကို နည်းပါးစေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ နာနတ်သီး ဖျော်ရည်ထဲမှာ ဂျင်းအနည်းငယ်ထည့်လို့လည်း ရပါတယ်။ ဒါပေမယ့် နာနတ်သီးဖျော်ရည် မတိုက်ခင်မှာ သင့်ကလေးက နာနတ်သီးနဲ့ တည့်လား ဆိုတာတော့ သေချာသိဖို့လိုပါတယ်။
၃။ ဂျင်း
ဂျုံ၊ ပျားရည်၊ သံလွင်ဆီနဲ့ ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ရောမွှေပါ။ အဲဒီနောက် မွှေထားတာကို လက်ကိုင်ပုဝါထဲ ထည့်ပြီး လက်ကိုင်ပုဝါကို ကလေးရဲ့ ရင်ဘတ်ပေါ် တင်ထားပေးပါ။ ညမအိပ်ခင် သုံးနာရီအလိုမှာ တင်ထားပေးတာ ပိုကောင်းပါတယ်။ ဒါပေမယ့် သင့်ကလေးက အရေပြားဓါတ်မတည့်မှု ဖြစ်ဖူးတယ် ဆိုရင် ဒီနည်းကို မသုံးသင့်ပါဘူး။
၄။ နွားနို့၊ နနွင်း
နွားနဲ့ နနွင်းရောဖျော်ထားတဲ့အရည်က ချောင်းဆိုးပျောက်စေတဲ့ သဘာဝဆေးပါပဲ။ နွားနို့နွေးနွေးလေးထဲကို နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်မွှေပြီး ကလေးကို အိပ်ရာမဝင်ခင် တိုက်ပေးနိုင်ပါတယ်။
၅။ ဆား
ခြေထောက်က နွေးနေတဲ့အခါ ချောင်းဆိုးသက်သာပါတယ်။ ဆားကို သင့်တော်ရုံ အပူပေးပါ။ ပြီးရင် ကလေးရဲ့ ခြေထောက်မှာ လက်ကိုင်ပုဝါ သို့မဟုတ် ပတ်တီးစလေးစည်းပေးပြီး ဆားကို နင်းပေးရုံပါပဲ။ ဆားတွေ အေးသွားပြီဆိုမှ နင်းတာ ရပ်လို့ရပါပြီ။
၆။ ဆားရည်နဲ့ ပလုပ်ကျင်းခြင်း
ဆားရေနဲ့ပလုပ်ကျင်းခြင်းက လည်ချောင်းနာတာတွေကို သက်သာစေပါတယ်။ ဆား စားပွဲတင်ဇွန်း တစ်ဝက်နဲ့ ရေကို ရောမွှေပြီး ပလုပ်ကျင်းပါ။ ပိုပြီး အာနိသင်ရှိချင်ရင်တော့ မုန့်ဖုတ်ဆိုဒါ တစ်ဇွန်းထည့်လို့ ရပါတယ်။
၇။ ရေနွေးနှင့် ရေချိုးခြင်း
အလွန်အမင်း ချောင်းဆိုးတဲ့အခါ ရေနွေးနဲ့ရေချိုးခြင်းက ချွဲတွေ ကြေစေပြီး ချောင်းဆိုးသက်သာ သွားမှာပါ။
၈။ ငှက်ပျောသီး၊ ရေ၊ ပျားရည်
ပထမဆုံး လိုအပ်တာကတော့ ရေနွေးတည်ဖို့ပါ။ အဲဒီနောက် ငှက်ပျောသီးတွေကို ပြဲသွားအောင် ချေပါ။ ငှက်ပျောသီးထဲကို ရေနွေးတွေ လောင်းထည့်ပြီး မိနစ်၃ဝကြာ ထားပါ။ ရေနွေးအေးသွားတဲ့အခါ ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပါ။ တစ်ခါစားရင် ၁ဝဝမီလီလီတာနဲ့ ၄ ကြိမ် စားလို့ရပါတယ်။ ဒီနည်းက ရင်ကျပ်နာကိုလည်း ပျောက်စေပါတယ်။
၉။ စိုထိန်းမှုထိန်းစက်
ရင်ကျပ်နာ၊ အအေးမိ၊ တုပ်ကွေးဖြစ်တဲ့အခါ စိုထိန်းမှုထိန်းစက်ကို အသုံးပြုပေးခြင်းက အလွန်သက်သာစေမှာပါ။
Zombie(LoveMedia)