၂၀-၈-၂၀၂၀ ရက်နေ့ တွင် ထုတ်ပြန် သည့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ ရဲ့ စာ မှာ အောက်ပါအတိုင်း ဖော်ပြထား ပါတယ်-
“ရခိုင်ပြည်နယ်အတွင်း လက်ရှိဖွင့်လှစ်ထား သည့် စာသင်ကျောင်းများ တွင် ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ကျောင်းများအား ခေတ္တခဏပိတ်ထားရန်
နောက်ထပ် ဖွင့်လှစ်မည့် အခြေခံပညာအထက်တန်းအဆင့်ကျောင်းများ ရှိပါက ခေတ္တဆိုင်းငံ့ထားရေး ညှိနှိုင်း ဆောင်ရွက်ရန်” ဟု ဖော်ပြ ပါရှိပါတယ်။
အဲဒါကြောင့် လက် ရှိ ရခိုင်ပြည်နယ် အတွင်း ဖွင့်လှစ်ထား သည့် အထက်တန်းကျောင်းများကို ယနေ့ (၂၁-၈-၂၀၂၀) မှ စ၍ ပိတ်ရမည်ဖြစ်ပြီး ဖွင့်လှစ်ရန် ပြင်ဆင်နေတဲ့ ကျောင်းတွေလည်း ခေတ္တဆိုင်းငံ့ထား ရမှာ ဖြစ်ပါတယ်။
စစ်တွေမြို့နယ်မှာ ကိုဗစ်ပြည်တွင်းကူးစက်မှုလူနာတွေ တွေ့ရှိလာရတဲ့အတွက် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ဩဂုတ်(၂၀ )ရက် ည(၈ )နာရီ ကစပြီး Stay at Home အစီအစဉ် မှာ အကျုံးဝင်တယ် လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ကြေညာ လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှ ကျောင်းများ အားလုံး ပိတ်ထားရန် အစိုးရ အမိန့်ထုတ်
အဲ့ဒါကြောင့် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ အစိုးရဌာန အဖွဲ့အစည်း ကုမ္ပဏီစက်ရုံ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့သွားရောက်တဲ့သူတွေကလွဲပြီး အိမ်မှာ ပဲနေဖို့၊ ဈေးဝယ်ဖို ့အတွက် တစ်အိမ်တစ်ဦးနှုန်းသွား ဖို့၊ ဆေးရုံ၊ဆေးခန်းသွားရင် တစ်အိမ်နှစ်ဦးနှုန်းသွားဖို့၊ အပြင်သွားရင်နှာခေါင်းစည်းတပ်ဖို့ ဈေးကိုမော်တော်ကားနဲ့သွားရင် ယာဉ်မောင်းအပြင်တစ်ဦး ဆေးရုံ၊ဆေးခန်းကို မော်တော်ယာဉ်နဲ့သွားရင် ယာဉ်မောင်းအပြင်နှစ်ဦးသာ သွားရောက်ဖို့
အလုပ်သွားသူတွေ ရဲ့ကြို/ပို့ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန်သွားခွင့်ပြုဖို့စတဲ့ အချက်တွေကို လိုက်နာရတော့မှာ ဖြစ်ပါတယ်။ ဒါ့ အပြင် သတ်မှတ်ဦးရေထက်ပိုပြီး သွားရောက်ဖို့ဖြစ်စေ အခြားအရေးပေါ် ကိစ္စတွေ အတွက် သွားရောက်ဖို့ရှိရင်ဖြစ်စေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ခွင့်ပြုချက်နဲ့ သွားလာရမှာဖြစ်ပြီး
အလုပ်သွား၊ အလုပ်ပြန်ကလွဲပြီး ရပ်ကွက် အတွင်းဝင်/ထွက်ခွင့်မပြုဘူး လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။
ဒီအမိန့်တွေ ကို လိုက်နာဖို့ ပျက်ကွက်ရင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူခံရမယ် လို့ ကြေညာ လိုက်ပါတယ် ။ ဩဂုတ်(၂၀)ရက် ည(၈) နာရီ ထုတ်ပြန်ချက် အရ စစ်တွေ မှာ ပြည်တွင်းကူးစက်မှုအဖြစ်သတ်မှတ်နိုင်တဲ့ ကိုဗစ် အတည်ပြုလူနာ(၃)ဦး ထပ်မံတွေ့ရှိရပြီး ပြည်တွင်းကူးစက်မှုလူနာ (၉)ဦးရှိနေပြီဖြစ် ပါတယ် ။
ယနေ့နံနက် ဩဂုတ်(၂၁)ရက် နံနက်( ၈ )နာရီ ထုတ်ပြန်ချက်အရ စစ်တွေ နှင့် မြောက်ဦးတွင် COVID-19 ရောဂါ ပြည်တွင်းကူးစက်မှုအဖြစ်သတ်မှတ်နိုင်တဲ့ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၀) ဦးတွေ့ ထပ်မံတွေ့ ရှိပါသည်။
MOHS