အေထြေထြဗဟုသုတ

သူ႕အေပၚ ကိုယ္က တကယ္ေကာင္းရဲ႕သားနဲ႔ သူကကိုယ့္အေပၚ ေကာင္းမလာဘူးဆိုရင္…

ဝဋ္ေႂကြးတစ္ခုသာ ျဖစ္လာရင္…

ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာ”ဝဋ္”ေၾကာင့္ပါ သူ႔အေပၚ ကိုယ္က တကယ္ေကာင္းရဲ႕သားနဲ႔ သူကကိုယ့္အေပၚ နည္းနည္းေလးမွ ေကာင္းမလာဘူးဆိုရင္ ကိုယ့္မွာ ဝဋ္ေႂကြး ရွိေနၿပီဆိုတာ ေသခ်ာပါတယ္ . . .။

သူ႔ကို ကိုယ္က ဘာမွ အျပစ္လည္းမေျပာ ကိုယ္လုပ္ထားတဲ့ အျပစ္ေတြ ဘာမွလည္းမရွိဘဲနဲ႔ ကိုယ့္ကိုသူက အျပစ္ပဲ အၿမဲေျပာေနၿပီဆိုရင္ ေသခ်ာပါတယ္ ကိုယ့္မွာ ဝဋ္ေႂကြး ရွိေနၿပီဆိုတာ …။

ကိုယ့္ကလည္း သူ႕ကိုတစ္ခါမွ မမုန္းရပါဘဲ ဘာမွန္းညာမွန္းမသိဘဲ သူ႔ဆီမွာ.. ကိုယ္အမုန္းခံေနရၿပီဆိုရင္ ေသခ်ာတယ္။ ကိုယ့္မွာ အမွန္တကယ္ဝဋ္ေႂကြး ရွိေနၿပီဆိုတာ . . .။

ဝဋ္ေႂကြးရွိရင္ ကိုယ္မလုပ္ေပမယ့္ ကိုယ္လုပ္တယ္လို႔ အထင္ခံရတတ္တယ္။ ကိုယ္မေျပာေပမယ့္ ကိုယ္ေျပာတယ္လို႔ အထင္ခံရတတ္တယ္။ေကာင္းတာလုပ္တဲ့အခါလည္း ေကာင္းတယ္လို႔တစ္ခ်ိဳ႕လူေတြမျမင္ၾကဘူး။ ဝဋ္ဆိုတာ ဆပ္မွ ေက်မယ္။ ဆုေတာင္းေန႐ုံျဖင့္ ဝဋ္ေၾကြး ကုန္သြားမွာ မဟုတ္ပါဘူး . . .။

ဝဋ္ေႂကြးေတြေက် ဖို႔ သူမေကာင္းေျပာလည္း ကိုယ္ကသူ႔ကိုမေကာင္းျပန္မေျပာနဲ႔။ သူကကိုယ့္ကို အမုန္းေပးေနလည္း ကိုယ္ကအမုန္းျပန္မေပးနဲ႔။ သူက ကိုယ့္ကို တစ္မ်ိဳးထင္လည္း ကိုယ္က သူ႔ကိုတစ္မ်ိဳး မထင္ပါနဲ႔။ သူ႔အေပၚတင္ေနတဲ့ အေႂကြးေတြ ေက်ေတာ့မယ္ ဆိုတာ ကို သတိရေပးပါ . . .။

သူဘာေပးေပး ကိုယ့္ဆီမွ သူ႔ကိုေမတၱာပဲ ေပးလိုက္ပါ။ ေမတၱာဆိုတာ ဝဋ္ေႂကြးေတြေျပဖို႔အတြက္ လူတစ္ေယာက္အတြက္ အေကာင္းဆုံးလက္နက္ျဖစ္ပါတယ္။အမုန္းေတြရွိရင္လည္း ဒီဘဝတင္ေက်ပါေစ။ အၿငိဳးေတြရွိရင္လည္း ဒီဘဝတင္ ေက်ပါေစ . . .။

ဒီဘဝမွာ ဆပ္ခြင့္ရတဲ့အေႂကြးကို ဒီဘဝမွာပဲဆပ္လိုက္ပါ။ ေနာက္ဘဝေတြထိ မယူသြားပါနဲ႔။ဝဋ္ဆိုတာဆပ္မွေၾကမယ္။ တကယ္ေတာ့ ကိုယ္ေကာင္းေပမယ့္ သူမေကာင္းတာဟာ ဝဋ္ေႂကြး တစ္ခုခုေၾကာင့္ ပါ . . .။

ဝဋ္ေႂကြးရွိရင္လည္း ဒီဘဝ ဒီအမွ်နဲ႔သာ ေၾကပါေစ . . .။ ။

Naethitmyanmar

Unicode

သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့ သူကကိုယ့်အပေါ် ကောင်းမလာဘူးဆိုရင်…

ဝဋ်ကြွေးတစ်ခုသာ ဖြစ်လာရင်…

ကိုယ်ကောင်းပေမယ့် သူမကောင်းတာ”ဝဋ်”ကြောင့်ပါ သူ့အပေါ် ကိုယ်က တကယ်ကောင်းရဲ့သားနဲ့ သူကကိုယ့်အပေါ် နည်းနည်းလေးမှ ကောင်းမလာဘူးဆိုရင် ကိုယ့်မှာ ဝဋ်ကြွေး ရှိနေပြီဆိုတာ သေချာပါတယ် . . .။

သူ့ကို ကိုယ်က ဘာမှ အပြစ်လည်းမပြော ကိုယ်လုပ်ထားတဲ့ အပြစ်တွေ ဘာမှလည်းမရှိဘဲနဲ့ ကိုယ့်ကိုသူက အပြစ်ပဲ အမြဲပြောနေပြီဆိုရင် သေချာပါတယ် ကိုယ့်မှာ ဝဋ်ကြွေး ရှိနေပြီဆိုတာ …။

ကိုယ့်ကလည်း သူ့ကိုတစ်ခါမှ မမုန်းရပါဘဲ ဘာမှန်းညာမှန်းမသိဘဲ သူ့ဆီမှာ.. ကိုယ်အမုန်းခံနေရပြီဆိုရင် သေချာတယ်။ ကိုယ့်မှာ အမှန်တကယ်ဝဋ်ကြွေး ရှိနေပြီဆိုတာ . . .။

ဝဋ်ကြွေးရှိရင် ကိုယ်မလုပ်ပေမယ့် ကိုယ်လုပ်တယ်လို့ အထင်ခံရတတ်တယ်။ ကိုယ်မပြောပေမယ့် ကိုယ်ပြောတယ်လို့ အထင်ခံရတတ်တယ်။ကောင်းတာလုပ်တဲ့အခါလည်း ကောင်းတယ်လို့တစ်ချို့လူတွေမမြင်ကြဘူး။ ဝဋ်ဆိုတာ ဆပ်မှ ကျေမယ်။ ဆုတောင်းနေရုံဖြင့် ဝဋ်ကြွေး ကုန်သွားမှာ မဟုတ်ပါဘူး . . .။

ဝဋ်ကြွေးတွေကျေ ဖို့ သူမကောင်းပြောလည်း ကိုယ်ကသူ့ကိုမကောင်းပြန်မပြောနဲ့။ သူကကိုယ့်ကို အမုန်းပေးနေလည်း ကိုယ်ကအမုန်းပြန်မပေးနဲ့။ သူက ကိုယ့်ကို တစ်မျိုးထင်လည်း ကိုယ်က သူ့ကိုတစ်မျိုး မထင်ပါနဲ့။ သူ့အပေါ်တင်နေတဲ့ အကြွေးတွေ ကျေတော့မယ် ဆိုတာ ကို သတိရပေးပါ . . .။

သူဘာပေးပေး ကိုယ့်ဆီမှ သူ့ကိုမေတ္တာပဲ ပေးလိုက်ပါ။ မေတ္တာဆိုတာ ဝဋ်ကြွေးတွေပြေဖို့အတွက် လူတစ်ယောက်အတွက် အကောင်းဆုံးလက်နက်ဖြစ်ပါတယ်။အမုန်းတွေရှိရင်လည်း ဒီဘဝတင်ကျေပါစေ။ အငြိုးတွေရှိရင်လည်း ဒီဘဝတင် ကျေပါစေ . . .။

ဒီဘဝမှာ ဆပ်ခွင့်ရတဲ့အကြွေးကို ဒီဘဝမှာပဲဆပ်လိုက်ပါ။ နောက်ဘဝတွေထိ မယူသွားပါနဲ့။ဝဋ်ဆိုတာဆပ်မှကြေမယ်။ တကယ်တော့ ကိုယ်ကောင်းပေမယ့် သူမကောင်းတာဟာ ဝဋ်ကြွေး တစ်ခုခုကြောင့် ပါ . . .။

ဝဋ်ကြွေးရှိရင်လည်း ဒီဘဝ ဒီအမျှနဲ့သာ ကြေပါစေ . . .။ ။

Naethitmyanmar