လူတစ္ေယာက္ခ်င္းဆီမွာ ႏွာေခါင္းပံုစံအမ်ိဳးမ်ိဳးရွိၾကပါတယ္ေနာ္။ စာဖတ္သူတို႔နဲ႔ အနီးစပ္ဆံုး တူႏိုင္မယ့္ ႏွာေခါင္းပံုစံေလးေတြကို မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ …။
၁။ ႏွာေခါင္းႀကီးႀကီး”
ႏွာေခါင္း အတိုပဲျဖစ္ျဖစ္ ရွည္တာပဲျဖစ္ျဖစ္ ႏွာေခါင္းႀကီးတာမ်ိဳးရွိပါတယ္။ ႏွာေခါင္းထိတ္နားမွာ က်ယ္ၿပီး ႏွာေပါက္လည္း နည္းနည္းႀကီးပါတယ္ …။
ႏွာေခါင္းႀကီးတဲ့သူေတြဟာ အာဏာရွိတဲ့သူေတြျဖစ္တယ္။ ေခါင္းေဆာင္ႏိုင္စြမ္းရွိသူေတြျဖစ္ပါတယ္။ ဒါေပမယ့္ အတၱႀကီးၿပီး လြတ္လြတ္လပ္လပ္ လုပ္ကိုင္လိုစိတ္ရွိၾကပါတယ္။ ႏွာေခါင္းႀကီးတဲ့သူေတြဟာ သူတို႔ရဲ့ သူေဌးကေပးတဲ့ အမိန္႔ကို မနာခံခ်င္ ၾကပါဘူးတဲ႔ …။
၂။ ႏွာေခါင္းေသးေသး”
ႏွာတံေသးတဲ့သူေတြဟာ စိတ္ကူးတီထြင္ဥာဏ္ေကာင္းၿပီး အုပ္စုလုိက္ အလုပ္လုပ္တဲ့ေနရာမွာ ထူးခၽြန္တ့ဲသူေတြပါ။ တခါတေလမွာေတာ့ စိတ္မရွည္တတ္ဘူး စိတ္ပ်က္တာမ်ိဳးလည္း ရွိတတ္ပါတယ္ …။
ဒါေပမယ့္ အခုလို ႏွာေခါင္းေသးတဲ့သူေတြဟာ အလုပ္ကို ေကာင္းေကာင္းလုပ္ခ်င္စိတ္ရွိၾကတယ္။ သူတို႔အေပၚ ခက္ခက္ခဲခဲ အလုပ္လုပ္ခိုင္းတာကို ႀကိဳက္ႏွစ္သက္ၾကတဲ့သူေတြပဲ ျဖစ္ပါတယ္ …။
၃။ ႏွာတံရွည္ရွည္”
ႏွာတံရွည္တဲ့သူေတြဟာ စီးပြားေရးအျမင္ရွိတယ္၊ ခ်က္က်လက္က် ေတြးေခၚႏိုင္တယ္။သူတို႔ဟာ ေခါင္းေဆာင္ႏိုင္စြမ္း ရွိၾကတယ္ …။
၄။ ႏွာေခါင္းတိုတို
သင္ဟာ သစၥာရွိတဲ့သူျဖစ္တယ္။ ယွဥ္ၿပိဳင္ရမွာ မ်ိဳးကို မေၾကာက္ရြံ႕တဲ့သူေတြပါ။ သင့္က နည္းနည္းေတာ့ အတၱႀကီးပါတယ္။ သူတို႔ဟာ တခါတေလ ကေလးေတြ လိုပါပဲ …။
စိတ္ခံစားမႈလြယ္တယ္။ ဆတ္ဆတ္ထိ မခံေတြျဖစ္တယ္။ သူတို႔ စိတ္ေနစိတ္ထားကိုလည္း အလြယ္တကူနဲ႔ သိဖို႔ မလြယ္ပါဘူးတဲ႔ …။
၅။ ႏွာတံ ေျဖာင့္ေျဖာင့္”
ဒီလိုႏွာေခါင္းမ်ိဳးကို ဂရိႏွာေခါင္းလိုလည္း ေခၚၾကပါတယ္။ ႏွာေပါက္က်ဥ္းပါတယ္။ သူတို႔ေတြဟာ အရမ္းေတာ္တယ္၊ ကူညီတတ္တဲ့သေဘာရွိတယ္။ စည္းစနစ္က်မွ ေအာင္ျမင္မယ္လို႔ ယံုၾကည္ထားၾက သူေတြျဖစ္ပါတယ္ …။
၆။ ႏွာေခါင္းထိတ္ပိုင္းခၽြန္တယ္”
ႏွာေခါင္းထိတ္ပိုင္းခၽြန္ၿပီး ေကာက္ေနရင္ သင္ဟာ အေကာင္းဆံုးကို ပဲေမွ်ာ္လင့္တဲ့သူေတြျဖစ္ပါတယ္။ ခ်စ္တတ္တယ္ ကူညီတတ္ပါတယ္ …။
၇။ ခ်ိတ္နဲ႔တူတဲ့ႏွာေခါင္း”
ႏွာတံထိတ္နား ေကာက္သြားတယ္ဆိုရင္ေတာ့ သင္ဟာ ႏွာေခါင္းႀကီးတဲ့သူေတြနဲ႔ စိတ္ေနသေဘာထားနည္းနည္း ဆင္တူပါတယ္။ သူတို႔ဟာ သူတို႔ရဲ့ ခံယူခ်က္အတိုင္း လုပ္ေဆာင္ တတ္သူေတြျဖစ္ပါတယ္ …။
၈။ ေရာမႏွာေခါင္း”
ေရာမႏွာေခါင္းလိုပံုစံမ်ိဳးေတြဟာ ရည္ရြယ္ခ်က္ႀကီးမားသူေတြျဖစ္ပါတယ္။ ေခါင္းေဆာင္ေကာင္း အရည္အေသြးလည္း ရွိတယ္ …။
ကိုယ္ရည္ကိုယ္ေသြးရွိတဲ့သူေတြျဖစ္ပါတယ္။ ဆံုးျဖတ္ခ်က္တစ္ခုခ်ဖို႔လည္း မေလာတတ္ပါဘူး။ ေသေသခ်ာခ်ာေလး စဥ္းစားဆံုးျဖတ္တတ္ သူေတြပါ …။
၉။ လိႈင္းလို ႏွာေခါင္းပံုစံ”
လိႈင္းပံုစံလိုမ်ိဳး ႏွာေခါင္းမွာ အထစ္ေလးေတြ မညီမညာရွိေနတယ္ဆိုရင္ေတာ့ သင္ဟာ ဟာသဥာဏ္ရွိတယ္။ ေပ်ာ္တတ္ေနတတ္တဲ ့သူေတြျဖစ္ပါတယ္ …။
၁၀။ Nubian ႏွာေခါင္း”
ႏွာေခါင္းရွည္ၿပီး ေအာက္နားေလးမွာ က်ယ္သြားတဲ့ ႏွာေခါင္းမ်ိဳးကို ဆိုလိုပါတယ္။ သမၼတ ဘားရတ္အိုဘားမားလို ႏွာေခါင္းပိုင္ရွင္မ်ိဳးပါ …။
အဲလိုႏွာေခါင္းပံုရွင္မ်ိဳးဟာ ျပႆနာတစ္ခုခုကို သူမ်ားေတြ မေတြးတဲ့ နည္းလမ္းကေန ေတြးၿပီး ခ်ည္းကပ္ေျဖရွင္းတတ္တဲ့သူေတြျဖစ္ပါတယ္။ စူးစမ္းလိုစိတ္ရွိိတယ္၊ ပြင့္လင္းတယ္။ စြဲေဆာင္မႈရွိတယ္။ စကားေျပာ ေကာင္းတယ္။ တစ္ခါတေလမွာေတာ႕ စိတ္ခံစားလြယ္တတ္ပါတယ္ …။ ။
MyStyle Myanmar
Unicode
သင့်ရဲ့ နှာခေါင်းပုံစံ က ပြောပြနေတဲ့ စိတ်နေစိတ်ထား အကျင့်စရိုက်များ…
လူတစ်ယောက်ချင်းဆီမှာ နှာခေါင်းပုံစံအမျိုးမျိုးရှိကြပါတယ်နော်။ စာဖတ်သူတို့နဲ့ အနီးစပ်ဆုံး တူနိုင်မယ့် နှာခေါင်းပုံစံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် …။
၁။ နှာခေါင်းကြီးကြီး”
နှာခေါင်း အတိုပဲဖြစ်ဖြစ် ရှည်တာပဲဖြစ်ဖြစ် နှာခေါင်းကြီးတာမျိုးရှိပါတယ်။ နှာခေါင်းထိတ်နားမှာ ကျယ်ပြီး နှာပေါက်လည်း နည်းနည်းကြီးပါတယ် …။
နှာခေါင်းကြီးတဲ့သူတွေဟာ အာဏာရှိတဲ့သူတွေဖြစ်တယ်။ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ဒါပေမယ့် အတ္တကြီးပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုစိတ်ရှိကြပါတယ်။ နှာခေါင်းကြီးတဲ့သူတွေဟာ သူတို့ရဲ့ သူဌေးကပေးတဲ့ အမိန့်ကို မနာခံချင် ကြပါဘူးတဲ့ …။
၂။ နှာခေါင်းသေးသေး”
နှာတံသေးတဲ့သူတွေဟာ စိတ်ကူးတီထွင်ဉာဏ်ကောင်းပြီး အုပ်စုလိုက် အလုပ်လုပ်တဲ့နေရာမှာ ထူးချွန်တဲ့သူတွေပါ။ တခါတလေမှာတော့ စိတ်မရှည်တတ်ဘူး စိတ်ပျက်တာမျိုးလည်း ရှိတတ်ပါတယ် …။
ဒါပေမယ့် အခုလို နှာခေါင်းသေးတဲ့သူတွေဟာ အလုပ်ကို ကောင်းကောင်းလုပ်ချင်စိတ်ရှိကြတယ်။ သူတို့အပေါ် ခက်ခက်ခဲခဲ အလုပ်လုပ်ခိုင်းတာကို ကြိုက်နှစ်သက်ကြတဲ့သူတွေပဲ ဖြစ်ပါတယ် …။
၃။ နှာတံရှည်ရှည်”
နှာတံရှည်တဲ့သူတွေဟာ စီးပွားရေးအမြင်ရှိတယ်၊ ချက်ကျလက်ကျ တွေးခေါ်နိုင်တယ်။သူတို့ဟာ ခေါင်းဆောင်နိုင်စွမ်း ရှိကြတယ် …။
၄။ နှာခေါင်းတိုတို
သင်ဟာ သစ္စာရှိတဲ့သူဖြစ်တယ်။ ယှဉ်ပြိုင်ရမှာ မျိုးကို မကြောက်ရွံ့တဲ့သူတွေပါ။ သင့်က နည်းနည်းတော့ အတ္တကြီးပါတယ်။ သူတို့ဟာ တခါတလေ ကလေးတွေ လိုပါပဲ …။
စိတ်ခံစားမှုလွယ်တယ်။ ဆတ်ဆတ်ထိ မခံတွေဖြစ်တယ်။ သူတို့ စိတ်နေစိတ်ထားကိုလည်း အလွယ်တကူနဲ့ သိဖို့ မလွယ်ပါဘူးတဲ့ …။
၅။ နှာတံ ဖြောင့်ဖြောင့်”
ဒီလိုနှာခေါင်းမျိုးကို ဂရိနှာခေါင်းလိုလည်း ခေါ်ကြပါတယ်။ နှာပေါက်ကျဉ်းပါတယ်။ သူတို့တွေဟာ အရမ်းတော်တယ်၊ ကူညီတတ်တဲ့သဘောရှိတယ်။ စည်းစနစ်ကျမှ အောင်မြင်မယ်လို့ ယုံကြည်ထားကြ သူတွေဖြစ်ပါတယ် …။
၆။ နှာခေါင်းထိတ်ပိုင်းချွန်တယ်”
နှာခေါင်းထိတ်ပိုင်းချွန်ပြီး ကောက်နေရင် သင်ဟာ အကောင်းဆုံးကို ပဲမျှော်လင့်တဲ့သူတွေဖြစ်ပါတယ်။ ချစ်တတ်တယ် ကူညီတတ်ပါတယ် …။
၇။ ချိတ်နဲ့တူတဲ့နှာခေါင်း”
နှာတံထိတ်နား ကောက်သွားတယ်ဆိုရင်တော့ သင်ဟာ နှာခေါင်းကြီးတဲ့သူတွေနဲ့ စိတ်နေသဘောထားနည်းနည်း ဆင်တူပါတယ်။ သူတို့ဟာ သူတို့ရဲ့ ခံယူချက်အတိုင်း လုပ်ဆောင် တတ်သူတွေဖြစ်ပါတယ် …။
၈။ ရောမနှာခေါင်း”
ရောမနှာခေါင်းလိုပုံစံမျိုးတွေဟာ ရည်ရွယ်ချက်ကြီးမားသူတွေဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်း အရည်အသွေးလည်း ရှိတယ် …။
ကိုယ်ရည်ကိုယ်သွေးရှိတဲ့သူတွေဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တစ်ခုချဖို့လည်း မလောတတ်ပါဘူး။ သေသေချာချာလေး စဉ်းစားဆုံးဖြတ်တတ် သူတွေပါ …။
၉။ လှိုင်းလို နှာခေါင်းပုံစံ”
လှိုင်းပုံစံလိုမျိုး နှာခေါင်းမှာ အထစ်လေးတွေ မညီမညာရှိနေတယ်ဆိုရင်တော့ သင်ဟာ ဟာသဉာဏ်ရှိတယ်။ ပျော်တတ်နေတတ်တဲ့သူတွေဖြစ်ပါတယ် …။
၁၀။ Nubian နှာခေါင်း”
နှာခေါင်းရှည်ပြီး အောက်နားလေးမှာ ကျယ်သွားတဲ့ နှာခေါင်းမျိုးကို ဆိုလိုပါတယ်။ သမ္မတ ဘားရတ်အိုဘားမားလို နှာခေါင်းပိုင်ရှင်မျိုးပါ …။
အဲလိုနှာခေါင်းပုံရှင်မျိုးဟာ ပြဿနာတစ်ခုခုကို သူများတွေ မတွေးတဲ့ နည်းလမ်းကနေ တွေးပြီး ချည်းကပ်ဖြေရှင်းတတ်တဲ့သူတွေဖြစ်ပါတယ်။ စူးစမ်းလိုစိတ်ရှိတယ်၊ ပွင့်လင်းတယ်။ စွဲဆောင်မှုရှိတယ်။ စကားပြော ကောင်းတယ်။ တစ်ခါတလေမှာတော့ စိတ်ခံစားလွယ်တတ်ပါတယ် …။ ။
MyStyle Myanmar