Technology

Smart TV တွေထဲမှာ နံပါတ် (၁) ဖြစ်နေတဲ့ Samsung 8K QLED TV တွေကို လေ့လာမိခြင်း

Smart TV တွေထဲမှာ နံပါတ် (၁) ဖြစ်နေတဲ့ Samsung 8K QLED TV တွေကို လေ့လာမိခြင်း

အခုရေးဖြစ်တဲ့ Article ကတော့ ပုံမှန်ရေးနေကြ စမတ်ဖုန်းတွေ၊ Gadget တွေ၊ Laptop တွေကနေ ကွဲထွက်ပါလိမ့်မယ်။ Feature Article တစ်ခုဖြစ်ပေမယ့် Smart TV တွေအကြောင်း၊ 8K Resolution TV တွေ၊ UltraHD နဲ့ တခြားသော စမတ်ဖုန်းတွေမှာတွေ့ရလေ့မရှိတဲ့ Smart TV နည်းပညာတွေကို အဓိကရေ့းဖြစ်ပါတယ်။

အခု Article အတွက် Idea က ပြောရရင် Samsung ကနေထုတ်ထားတဲ့ 8K QLED Smart TV တွေက တကမ္ဘာလုံးမှာ နံပါတ်(၁) နေရာရထားတယ်ဆိုတာကို ဖတ်မိတာကနေ စိတ်ဝင်စားပြီး လိုက်ဖတ်ကြည့်ရင်းနဲ့ ရေးဖြစ်သွားတာပါ။ ပြောရရင် 8K Resolution ဆိုတာက အခုအချိန်မှာ Brand တစ်ခုမှာ ၁ လုံးပဲရှိတော့တာမျိုးမဟုတ်ဘဲ ဒီမှာတောင် Samsung ကနေ အလွယ်ဝယ်လို့ရတဲ့ Model တွေ (Q800 ၊ Q950 လိုမျိုး) ရှိနေပါပြီ။ အဲ့တော့ Untouchable အဆင့်ကနေ Easier to Buy အဆင့်ဖြစ်လာတယ်ပေါ့။
ဒါပေမယ့် ဒီ 8K QLED TV တွေက စျေးအနေနဲ့ပြန်ကြည့်မယ်ဆိုရင် Brand အကုန်လုံးနီးပါးမှာ စျေးကတော်တော်လေးကို များနေသေးတယ်။ ပြောရရင် ကိုယ်တိုင်လည်းဝယ်နိုင်တဲ့စျေးမဟုတ်သေးသလို Niche Market တစ်ခုအတွက်ပဲ ရည်ရွယ်နေတဲ့ Product တွေဖြစ်နေတုန်းပါ။ အဲ့တော့ စျေးထက် ဒီ Samsung 8K QLED TV တွေရဲ့ အဓိကပါတဲ့ Feature တွေကိုပဲ ပြောကြတာပေါ့။

8K Resolution
Resolution ဆိုတာက ပြောရရင် ကျွန်တော်တို့အတွက်တော့ Personally အနေနဲ့ Refresh Rate ထက်ပိုပြီး လိုချင်တဲ့အရာတစ်ခုပါ။ ဒါက Maybe, Gamer တစ်ယောက်မဟုတ်တာကြောင့်လည်းဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ပုံမှန် Consume လုပ်ဖြစ်တဲ့ Content တွေက YouTube Video ၊ Netflix နဲ့တခြား Video Platform တွေက 24fps ဒါမှမဟုတ် 30fps တွေပဲဖြစ်နေတာကြောင့်လို့ပြောလို့ရပါတယ်။ တဖက်က Resolution ပိုင်းမှာကြတော့ သာမန် FHD လောက်ကနေ QHD ဖြစ်သွားတာ၊ အဲ့ကနေ Ultra HD 4K ဖြစ်သွားတာက မျက်လုံးမှာပိုပြီးသိသာပါတယ်။ ပြောရရင် ပုံမှန် Laptop လောက်မှာတင် Full HD အဆင့်ကနေ QHD တို့ 4K ပြောင်းသွားတာက ကျွန်တော်တို့အတွက် 60Hz ကနေ 120Hz ပြောင်းသွားတာထက်တောင် ပိုပြီး မြန်မြန်သိသာနေတာမျိုးပါ။
အဲ့တော့ ဒီ Samsung ရဲ့ 8K TV တွေ… Resolution အနေနဲ့အတိအကျပြောမယ်ဆိုရင် 7,680 x 4,320 Pixels ရှိမယ်၊ ဒါကပြောရရင် HD Standard ထက် ၁၆ ဆပိုပြီး Pixel Density ပိုများတယ်၊ 4K ထက်ကတော့ Pixel Density ၄ ဆပိုများသွားမယ်။ ဒီနေရာမှာ 4K Video တစ်ခုကို Playback လုပ်ဖို့တောင် တစ်ချို့ Entry Processor တွေက Handle မလုပ်နိုင်ပါဘူး။ အဲ့တော့ တကယ်လို့ Native 8K Video တွေရှိလာတယ်ဆိုရင်တောင် အဲ့ဒီ Video တွေကို Playback လုပ်ဖို့ကတော်တော်လေးကို Powerful ဖြစ်တဲ့ Processor တစ်ခုလိုလာပါတယ်။
ဒီနေရာမှာ Samsung ရဲ့ 8K QLED TV တွေက Quantum Processor 8K ကို သုံးထားတယ်လို့ ပြောထားတယ်။ တစ်ခုက ဒီ Quantum လို့နာမည်တပ်ထားပေမယ့် သုံးထားတဲ့ Processor ရဲ့ Specs တွေကို Mobile နဲ့ Laptop Processor တွေလိုမျိုးအသေးစိတ်တော့မသိရဘူး။ ဒါပေမယ့် Samsung ကတော့ “Our Smartest Processor” လို့ပြောထားတဲ့အပြင် 8K Video Playback ရတယ်ဆိုတော့ တော်ရုံ Performance လောက်ပဲရှိမှာတော့မဟုတ်ဘူးပေါ့။

AI Features

8K QLED TV ဝယ်ထားတယ်ပဲထား၊ အခုနကလိုမျိုး Native 8K Video တွေကို ကောင်းကောင်း Playback လုပ်နိုင်တဲ့ Processor တစ်ခုရှိတယ်ပဲထား၊ အခက်ကြုံစရာတစ်ခုက Native 8K Content တွေက ထင်တာထက်ရှာရခက်နေပါတယ်။ ပြောရရင် Netflix မှာတောင် 4K Ultra HD အထိပဲ Support ပေးနိုင်တယ်ဆိုတော့ 8K QLED TV ရှိနေရင်တောင် ဘာမှသေချာမသုံးနိုင်သလိုဖြစ်နေမှာပါ။
အဲ့ဒါကို ဖြေရှင်းနိုင်တဲ့နည်းလမ်းက Upscaling ပါ၊ အခုနက Quantum Processor 8K က 8K AI Upscaling ဆိုတဲ့ Feature ပါထည့်ထားပါသေးတယ်။ ဒါကပြောရမယ်ဆိုရင် ဘယ်ကနေ Input Source ပဲဖြစ်ဖြစ် 8K Resolution ဆီကို Upscale လုပ်ချပြီး 8K Resolution အပြည့်နဲ့ပြန်ပြပေးတာပါ။ AI ပါသွားတာက Image Noise တွေချပေးနိုင်မယ်၊ Details တွေက Upscale လုပ်လိုက်လို့ကျသွားတာတွေကို ပြန်တင်ပေးနိုင်မယ်၊ Object တွေနဲ့ Text တွေရဲ့ Edge တွေဝါးသွားတာမျိုးကို ပြန်ပြီး Sharpen လုပ်ပေးနိုင်ပါလိမ့်မယ်။ Samsung ကတော့ PC Connection နဲ့ Game Mode ကလွဲပြီး ကျန်တဲ့ Input Source တွေအကုန်လုံးကို AI 8K Upscale လုပ်ပေးနိုင်မယ်လို့ ပြောထားတယ်၊ ကိုယ်တိုင်စမ်းကြည့်ချင်တဲ့ Feature ဆိုရင်လည်းမမှားပါဘူး… Maybe Soon?

Object Tracking Dynamic Sound
ပြီးတော့ ဒီ Samsung 8K QLED TV တွေမှာ သတိထားမိတဲ့အချက်တစ်ခုက Object Tracking Sound+ ဆိုတဲ့ Feature ပါနေတာပါ။ ပြောရရင် Samsung 8K TV တွေမှာပါတဲ့ Built-in 6 (or more) Speakers တွေက ဖွင့်ထားတဲ့ Content ပေါ်မှုတည်ပြီး Action ဖြစ်နေတဲ့နေရာကို လိုက်ပြီး Audio Positioning လိုက်လုပ်ပေးနိုင်မယ်။ Samsung ကတော့ ကြည့်နေတဲ့လူကို Scene ရဲ့ အလည်တည့်တည့်မှာထားလိုက်သလိုမျိုး တကယ့် 3D Cinematic Surround Sound ကိုပေးနိုင်မယ်ဆိုပြီး ပြောထားတယ်။ နောက်ထပ် ကိုယ်တိုင်စမ်းကြည့်ချင်တဲ့ Feature တစ်ခုဖြစ်လာပါတယ်။

Active Voice Amplifier
ဒါကတော့ ပြောရရင်ပုံမှန် Smart TV တွေမှာ Mode အနေနဲ့ သီးသန့်ပါတာမျိုးတော့ရှိပါတယ်။ ဒါပေမယ့် ဒီ Samsung 8K QLED TV တွေမှာကတော့ Ambient Noise ကို အမြဲတမ်း Analyze လုပ်နေပြီးတော့ တကယ်လို့ အပြင်ဘက်က အသံတွေဆူနေတယ်ဆိုရင် Voice Dialogue တွေကိုပဲ သီးသန့် Enhance လုပ်ပေးတာမျိုးပါ။ ဘာပဲဖြစ်ဖြစ် ပါလာတာက မပါတာထက်တော့ တချို့အခြေအနေမှာ ပိုပြီးသိသာနိုင်မယ့် Feature တစ်ခုလို့ ပြောတာပိုမှန်ပါမယ်။

Others?

ဒီလိုမျိုး စျေးလည်းတော်တော်လေးပေးရမယ့် Samsung QLED 8K TV တွေက အခု Feature တွေအပြင် AMD FreeSync လိုမျိုး Feature တွေပါမယ်၊ ပြီးတော့ Multi View လိုမျိုး Screen Cast လုပ်တာကို တစ်ဖက်မှာ၊ နောက်တစ်ဖက်မှာ ကိုယ်ကြည့်ချင်တဲ့ Content ကြည့်နိုင်တဲ့ Feature တွေလည်းပါနေဦးမှာပါ။ ပြီးတော့ AI Voice Assistant ကိုလည်း Bixby မသုံးချင်ရင် Alexa or Google Assistant ကို သုံးနိုင်ပါလိမ့်မယ်။
ပြီးတော့ Samsung ကနေ အရင်တုန်းက ကိုယ်တိုင်လည်း Local ရုံးသွားစမ်းဖြစ်တုန်းက သူတို့ဘက်က Proud ဖြစ်ဖြစ်နဲ့ ပြောတဲ့ Feature တစ်ခုလည်းရှိပါသေးတယ်၊ အဲ့ဒါကတော့ OneRemote ပါ။
OneRemote ဆိုတာ ပြောရရင် နာမည်အတိုင်းပဲ Samsung 8K QLED TV တင်မဟုတ်ဘဲ တခြားချိတ်ထားတဲ့ Blu-Ray Player တွေ၊ Set-top Box ၊ Console တွေကိုပါ Remote တစ်ခုထဲနဲ့ ထိန်းနိုင်တာပါ။ ဒါကပြောရရင်အရင်တုန်းက စမ်းတုန်းကလည်း အဆင်တော်တော်လေးပြေတယ်။ ဘာပဲဖြစ်ဖြစ်
ချိတ်ထားတဲ့ Device တွေများရင် အသုံးတော်တော်လေးဝင်မယ့် Feature တစ်ခုပါ။ ကောင်းတဲ့အချက်တစ်ခုက ဒီ OneRemote က 8K TV တွေကိုပဲ Limit လုပ်ထားတာမဟုတ်ပဲ Ultra HD 4K TV တွေမှာလည်း Model ပေါ်မှုတည်ပြီး သုံးနိုင်ဦးမယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် ဒါတွေက Samsung ကနေ ထုတ်ထားသလို ဒီမှာလည်းရောင်းနေတဲ့ 8K QLED TV တွေမှာပါတဲ့ Feature တွေပါ။ ကိုယ်တိုင်ကတော့ TV Person တစ်ယောက်မဟုတ်ပေမယ့် Tech ပိုင်းကို စိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်နေတော့ ဒီလိုမျိုး 8K Resolution ကို ကောင်းကောင်း Handle လုပ်နိုင်ပြီး တကယ်လည်းစျေးကွက်မှာ အောင်မြင်နေတဲ့ Samsung 8K QLED TV တွေကို စမ်းကြည့်ချင်စိတ်ကတော့ တော်တော်လေးများနေပါတယ်။ ဘာပဲဖြစ်ဖြစ် Extra Resolution ဆိုတာက Personally, Refresh Rate ထက်ပိုပြီး Addicted ဖြစ်တာကြောင့်လည်းပါမှာပါ။
Samsung ကနေ ဒီမှာရောင်းတဲ့ Smart TV တွေထဲမှာ ဒီစျေးတော်တော်လေးများတဲ့ 8K/4K QLED TV တွေအထိမဟုတ်ဘဲ စျေးလည်းတော်တော်လေးသက်သာသွားတဲ့ TU Series Ultra HD 4K Smart TV တွေကိုပါဝယ်လို့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ TU Series တွေထဲမှာလည်း 43” ကနေ 82” အထိရွေးလို့ရသလို အခုနကပြောသွားတဲ့ OneRemote လိုမျိုး Feature တွေလည်းပါတော့ သေချာမစမ်းကြည့်ရသေးပေမယ့် Feature နဲ့ Image Quality မှာတော့ တော်တော်လေးအဆင်ပြေနိုင်မှာပါ။ အဲ့ထက်ဆင်းရင်တော့ ၃ သိန်းလောက်ကနေစတဲ့ HD/FHD Smart TV တွေပါရှိမယ်လို့ သိရပါတယ်။
2020 အတွက်သွင်းလာတဲ့ TU Series TV တွေကို Samsung ရဲ့ တရားဝင် Showroom တွေ၊ တခြားနိုင်ငံတွင်းမှာရှိတဲ့ Electronics ဆိုင်ကြီးတွေမှာ အလွယ်ဝယ်လို့ရနိုင်မယ်လို့လည်းပြောထားတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Samsung Smart TV မော်ဒယ်တွေကို 32” ကနေ 85” Size အထိ ကိုယ်နဲ့အဆင်ပြေတဲ့အရွယ်အစား အမျိုးမျိုးရွေးဝယ်လို့ ရမှာပါ။ တကယ်လို့ အခုနကပြောသွားတဲ့ 8K QLED TV ဆိုရင်တော့ 55” ၊ 65” ၊ 75” ၊ 82” ကနေ 85” အထိရှိပြီး စျေးကလည်း 4,490,000 MMK ကနေ 21,190,000MMK အထိရှိမှာပါ။ Warranty ကတော့ 1 Year Warranty ပါပြီး Samsung က QLED TV ၊ Crystal 4K UHD Smart TV ၀ယ်ယူသူတွေကို အခမဲ့ Delivery Service ပေးတယ်လို့လဲ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် အခု Article အတွက် သိချင်တဲ့ Feature အကြောင်းတွေ၊ တခြားရနိုင်တဲ့ Model တွေကိုလည်း စိတ်ဝင်စားတာနဲ့ ရေးဖြစ်တာပါ။ နောက်ပိုင်းတော့ ကိုယ်တိုင်လည်း စမ်းသပ်ပြီး First Impression လုပ်ချင်မိသလို စိတ်ဝင်စားတယ်ဆိုရင်လည်း Samsung Showroom နဲ့ တခြား Electronics ဆိုင်ကြီးတွေမှာ ကိုယ်တိုင်သွားရောက်စမ်းသပ်ကြည့်လို့ရမှာပါ။

#credit to original uploader