ကရင် ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို ့ရောက်ရှိကျော်လွန်နိုင် သောကြောင့် မြစ်ချောင်းဘေး နေထိုင်သူများနှင့် အနိမ့်ပိုင်း နေထိုင်သူများ သတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့က သတိပေးထားပါတယ်။
ဩဂုတ်လ ၂၂ ရက် နံနက် ၇ နာရီခွဲအချိန်တိုင်းတာ ချက်အရ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအောက် ၇၃၇ စင်တီမီတာသို ့ရောက်ရှိနေပြီး အဆိုပါ မြစ်ရေမှာ မကြာမီအချိန် အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိ ကျော်လွန်လာနိုင်သဖြင့် မြစ်ချောင်းဘေး နေထိုင်သူများနှင့် အနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် သတိပြုနေ ထိုင်ကြရန်လိုအပ်ခြင်း ဖြစ်ကြောင်း သတိပေးထားခြင်း ဖြစ်ပါတယ်။
လက်ရှိတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အရေးပေါ်ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်းလည်း သိရပါတယ်။
Credit
သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ကို ရောက်နေပြီ မြစ်ချောင်းဘေးနေထိုင်သူများ သတိနဲ့ နေထိုင်ရန်လိုအပ်
Credit