အေထြေထြဗဟုသုတ

လည္ပင္း၊ ဂုတ္ ညိဳမည္းေနလွ်င္ သဘာ၀အတိုင္းျဖဴေစမယ္႔နည္းလမ္း…

လည္ပင္း၊ ဂုတ္ ညိဳမည္းေနလွ်င္ သဘာ၀အတိုင္းျဖဴေစမယ္႔နည္းလမ္း…

မ်က္ႏွာကိုပဲ ဂ႐ုစိုက္ရင္း ေငြေတြ အမ်ားအျပား အသုံးျပဳၾကေပမယ့္ လည္ပင္းကို ဂ႐ုစိုက္ဖို႔ ေမ့ေလွ်ာ့ ေနတတ္ၾကပါတယ္ …။

မိတ္ကပ္လိမ္းရင္ေတာင္ လည္ပင္းကိုလိမ္းေပးဖို႔ ေမ့တတ္ၾကသူေတြေတာင္ ရွိပါတယ္ …။

ဒီေတာ့ မ်က္ႏွာပဲျဖဴၿပီး လည္ပင္းႀကီး မည္းေနရင္လည္း အဆင္မေျပပါဘူး။ လည္တိုင္ျဖဴျဖဴေလးကို ပိုင္ဆိုင္ႏိုင္ဖို႔ အတြက္ သဘာဝနည္းလမ္းကို အသုံးျပဳလိုက္ရေအာင္ေနာ္ …။

နည္း ၁

ပါဝင္ပစၥည္းမ်ား…

မုန႔္ဖုတ္ဆိုဒါ လက္ဖက္ရည္ဇြန္း (၂) ဇြန္း

အုန္းဆီ လက္ဖက္ရည္ဇြန္း (၂) ဇြန္း

ဆား လက္ဖက္ရည္ဇြန္း (၃) ဇြန္း

ျပဳလုပ္နည္း

ပါဝင္ပစၥည္းအားလုံးကိုေရာၿပီး လည္ပင္ေပၚမွာ ပြတ္လိမ္းေပးရမွာပါ။ ၿပီးရင္ ၁၀ မိနစ္ေလာက္ထားၿပီး ေရေႏြးနဲ႔ ေဆးခ်လိုက္ပါ …။

ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္မွာျဖစ္လို႔ အသားအေရ ျဖဴဝင္းစိုေျပလာမွာပဲ ျဖစ္ပါတယ္ …။

နည္း ၂

ပါဝင္ပစၥည္းမ်ား…

စႏၵကူး နံ႔သာမႈန႔္ (သို႔) ႐ႊံ႕ေစးမႈန႔္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

သံပုယိုသီး (သို႔) သံပုရာသီး တစ္ျခမ္း (အရည္ညွစ္)

ႏို႔ေအး လိုအပ္သေလာက္

ျပဳလုပ္နည္း

ပါဝင္ပစၥည္းအားလုံးကို ေရာသမေမႊလိုက္ပါ။ ႏို႔ေအးကိုေတာ့ လိုသေလာက္ ထည့္ပါ။ အရည္ကို ပ်စ္ပ်စ္ေလး ျဖစ္ေအာင္ လုပ္ရမွာျဖစ္ၿပီးေတာ့ လည္ပင္းမွာ လိမ္းေပးရမွာ ျဖစ္ပါတယ္ …။

ၿပီးရင္ ၁၅ မိနစ္ေလာက္ထားၿပီး ေျခာက္ေအာက္ထားပါ။ အဲဒီေနာက္ ေရေႏြးနဲ႔ ေဆးခ်လိုက္ပါ …။

အသားအေရ ေျခာက္ေနတယ္ခံစားရရင္ Moisturiser လိမ္းေပးပါ။ တစ္ပတ္ကို ၂ ႀကိမ္လုပ္ပါ။ တစ္လအတြင္း သိသာလာမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

ခရက္ဒစ္ မိုင္စတိုင္ျမန္မာ

Unicode

လည်ပင်း၊ ဂုတ် ညိုမည်းနေလျှင် သဘာဝအတိုင်းဖြူစေမယ့်နည်းလမ်း…

မျက်နှာကိုပဲ ဂရုစိုက်ရင်း ငွေတွေ အများအပြား အသုံးပြုကြပေမယ့် လည်ပင်းကို ဂရုစိုက်ဖို့ မေ့လျှော့ နေတတ်ကြပါတယ် …။

မိတ်ကပ်လိမ်းရင်တောင် လည်ပင်းကိုလိမ်းပေးဖို့ မေ့တတ်ကြသူတွေတောင် ရှိပါတယ် …။

ဒီတော့ မျက်နှာပဲဖြူပြီး လည်ပင်းကြီး မည်းနေရင်လည်း အဆင်မပြေပါဘူး။ လည်တိုင်ဖြူဖြူလေးကို ပိုင်ဆိုင်နိုင်ဖို့ အတွက် သဘာဝနည်းလမ်းကို အသုံးပြုလိုက်ရအောင်နော် …။

နည်း ၁

ပါဝင်ပစ္စည်းများ…

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း (၂) ဇွန်း

အုန်းဆီ လက်ဖက်ရည်ဇွန်း (၂) ဇွန်း

ဆား လက်ဖက်ရည်ဇွန်း (၃) ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကိုရောပြီး လည်ပင်ပေါ်မှာ ပွတ်လိမ်းပေးရမှာပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေနွေးနဲ့ ဆေးချလိုက်ပါ …။

ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်လို့ အသားအရေ ဖြူဝင်းစိုပြေလာမှာပဲ ဖြစ်ပါတယ် …။

နည်း ၂

ပါဝင်ပစ္စည်းများ…

စန္ဒကူး နံ့သာမှုန့် (သို့) ရွှံ့စေးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံပုယိုသီး (သို့) သံပုရာသီး တစ်ခြမ်း (အရည်ညှစ်)

နို့အေး လိုအပ်သလောက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို ရောသမမွှေလိုက်ပါ။ နို့အေးကိုတော့ လိုသလောက် ထည့်ပါ။ အရည်ကို ပျစ်ပျစ်လေး ဖြစ်အောင် လုပ်ရမှာဖြစ်ပြီးတော့ လည်ပင်းမှာ လိမ်းပေးရမှာ ဖြစ်ပါတယ် …။

ပြီးရင် ၁၅ မိနစ်လောက်ထားပြီး ခြောက်အောက်ထားပါ။ အဲဒီနောက် ရေနွေးနဲ့ ဆေးချလိုက်ပါ …။

အသားအရေ ခြောက်နေတယ်ခံစားရရင် Moisturiser လိမ်းပေးပါ။ တစ်ပတ်ကို ၂ ကြိမ်လုပ်ပါ။ တစ်လအတွင်း သိသာလာမှာပဲ ဖြစ်ပါတယ်နော် …။ ။

ခရက်ဒစ် မိုင်စတိုင်မြန်မာ