ျပည္တြင္းသတင္း

အကြွေးလေးထောင်ရရာမှ ကျပ်သိန်းနှစ်ထောင်ထိကံထူးခဲ့တဲ့အဖြစ်

အေႂကြးေပးတဲ့ 4000 က်ပ္တန္ေက်ာက္မွ သိန္း ၂၀၀၀ ရတဲ့ အျဖစ္

လုံးခင္း႐ြာေလးကို လင္မယား၂ေယာက္တက္လာၿပီး အလုပ္လာလုပ္ၾကသတဲ့။အသက္ကေတာ့ ၅၀ ေက်ာ္ေနပါၿပီ။ေယက်္ားျဖစ္သူဟာ လက္သမားမးအလုပ္ကို လုပ္ကိုင္ပါတယ္။

မယားျဖစ္သူကေတာ့ ေကာက္ညႇင္းထုပ္ မုန႔္ဖက္ထုပ္ တိုဟူးသုပ္ စတာေတြကို ေရာင္းပါတယ္။ေယာက်ာ္းျဖစ္သူကလည္း ဝင္ေငြပုံမွန္ရတဲ့ လက္သမား အလုပ္ကိုသာ လုပ္ကိုင္ၿပီး မိန္းမျဖစ္သူကလည္း မုန႔္လွည့္လည္ေရာင္းရင္း ဝင္ေငြရွာၾကပါတယ္။မိန္းမျဖစ္သူဟာ စိတ္ရင္းေစတနာေကာင္းပါတယ္။

အယုတ္အလတ္ အျမတ္မေ႐ြးပဲ ဖိုးသမား ဘိန္းသမားကစ အဆင္မေျပသူမ်ားကို ေကြၽးေမြးတတ္တဲ့ အက်င့္ရွိပါတယ္။မုန႔္လွည့္လည္ေရာင္းတဲ့ မိန္းမျဖစ္သူဆီမွာ အေႂကြးဝယ္စားေနရတဲ့ ေရမေဆးသမားေလး တစ္ေယာက္ရွိပါတယ္။

တစ္ေန႔မွာ ေရမေဆးသမားေလးကလည္း ေက်ာက္ရလာပါတယ္။ ေက်ာက္က ၄ေထာင္ ၅ေထာင္ ေလာက္တန္မယ္လို႔ ခန႔္မွန္းၿပီး ျပန္လာခဲ့တာေပါ့။

လမ္းတစ္ေနရာမွာေတာ့ မုန႔္သည္သူနဲ႔ေတြ႕ပါတယ္။ မုန႔္သည္ျဖစ္သူမိန္းမဟာလည္း သေဘာေကာင္းစိတ္ရင္းေစတနာေကာင္းသူမို႔ ေရမေဆးသမားေလးကို မုန႔္ေကြၽးပါတယ္။

ရစရာရွိတဲ့ အေႂကြးကိုလည္း မေတာင္းပါဘူး။ေရမေဆးသမားေလးကလည္း အန္တီ သားဒီေန႔ ေက်ာက္ရလာပါတယ္။၄ေထာင္၅ေထာင္ ေလာက္ေတာ့တန္မယ္ အန္တီယူသြားလိုက္ပါလို႔ ေပးပါတယ္။

မိန္းမျဖစ္သူ မုန႔္သည္ ကျငင္းပါတယ္။ အန္တီတို႔က ေမွာ္ထဲေရာက္တာ ၂ႏွစ္ေလာက္ရွိေပမယ့္ ေက်ာက္ကို နားမလည္ပါဘူး။

အန္တီေယာက်္ားကလည္း လက္သမားပဲ လုပ္တာမို႔ ေက်ာက္အေၾကာင္း နားမလည္ပါဘူး ဒါေၾကာင့္ သားပဲျပန္ယူထားလိုက္ ပါလို႔ ေျပာေပမယ့္ ေရမေဆးသမားေလးက အန္တီလည္း ကံစမ္းရေအာင္ ယူသြားလိုက္ပါလို႔

အတင္းမုန႔္ေတာင္းထဲကို ထည့္ေပးလိုက္ပါတယ္။အဲ့တာ မုန႔္သည္ မိန္းမျဖစ္သူကလည္း ယူလာခဲ့ရပါေတာ့တယ္။အိမ္ေရာက္တဲ့အခါ ေရခ်ိဳးထမင္းစားၿပီးတဲ့အခါမွ ေက်ာက္ေလးကို သတိရၿပီး ေယာက်္ားျဖစ္သူကို အက်ိဳးေၾကာင္းေျပာျပၿပီး အိမ္ေဘးနားကျဖတ္ခုံမွာ ေက်ာက္ကို ျဖတ္လိုက္ပါတယ္။၂၀သားေလာက္ရွိတဲ့ ေက်ာက္ေလးက ေအာင္ပါၿပီ။

ေက်ာက္ကိုေရာင္းတဲ့ အခ်ိန္မွာေတာ့ ေငြသား သိန္း ၂၀၀၀ ရပါတယ္။သူတို႔လင္မယားဟာလည္း ေက်ာက္ေရာင္း ေငြ သိန္း ၂၀၀၀ ထဲမွ သိန္း ၁၀၀၀ ကို ေရမေဆးသမားေလးကို ျပန္လည္ခြဲေဝေပးပါတယ္။လြန္ခဲ့တဲ့ ၁၀ႏွစ္က အျဖစ္ပ်က္တစ္ခုပါ။credit

Unicode

အကြွေးပေးတဲ့ 4000 ကျပ်တန်ကျောက်မှ သိန်း ၂၀၀၀ ရတဲ့ အဖြစ်

လုံးခင်းရွာလေးကို လင်မယား၂ယောက်တက်လာပြီး အလုပ်လာလုပ်ကြသတဲ့။အသက်ကတော့ ၅၀ ကျော်နေပါပြီ။ယေကျ်ားဖြစ်သူဟာ လက်သမားမးအလုပ်ကို လုပ်ကိုင်ပါတယ်။မယားဖြစ်သူကတော့ ကောက်ညှင်းထုပ် မုန့်ဖက်ထုပ် တိုဟူးသုပ် စတာတွေကို ရောင်းပါတယ်။

ယောကျာ်းဖြစ်သူကလည်း ဝင်ငွေပုံမှန်ရတဲ့ လက်သမား အလုပ်ကိုသာ လုပ်ကိုင်ပြီး မိန်းမဖြစ်သူကလည်း မုန့်လှည့်လည်ရောင်းရင်း ဝင်ငွေရှာကြပါတယ်။မိန်းမဖြစ်သူဟာ စိတ်ရင်းစေတနာကောင်းပါတယ်။

အယုတ်အလတ် အမြတ်မရွေးပဲ ဖိုးသမား ဘိန်းသမားကစ အဆင်မပြေသူများကို ကျွေးမွေးတတ်တဲ့ အကျင့်ရှိပါတယ်။မုန့်လှည့်လည်ရောင်းတဲ့ မိန်းမဖြစ်သူဆီမှာ အကြွေးဝယ်စားနေရတဲ့ ရေမဆေးသမားလေး တစ်ယောက်ရှိပါတယ်။တစ်နေ့မှာ ရေမဆေးသမားလေးကလည်း ကျောက်ရလာပါတယ်။

ကျောက်က ၄ထောင် ၅ထောင် လောက်တန်မယ်လို့ ခန့်မှန်းပြီး ပြန်လာခဲ့တာပေါ့။လမ်းတစ်နေရာမှာတော့ မုန့်သည်သူနဲ့တွေ့ပါတယ်။ မုန့်သည်ဖြစ်သူမိန်းမဟာလည်း သဘောကောင်းစိတ်ရင်းစေတနာကောင်းသူမို့ ရေမဆေးသမားလေးကို မုန့်ကျွေးပါတယ်။

ရစရာရှိတဲ့ အကြွေးကိုလည်း မတောင်းပါဘူး။ရေမဆေးသမားလေးကလည်း အန်တီ သားဒီနေ့ ကျောက်ရလာပါတယ်။၄ထောင်၅ထောင် လောက်တော့တန်မယ် အန်တီယူသွားလိုက်ပါလို့ ပေးပါတယ်။မိန်းမဖြစ်သူ မုန့်သည် ကငြင်းပါတယ်။ အန်တီတို့က မှော်ထဲရောက်တာ ၂နှစ်လောက်ရှိပေမယ့် ကျောက်ကို နားမလည်ပါဘူး။

အန်တီယောကျ်ားကလည်း လက်သမားပဲ လုပ်တာမို့ ကျောက်အကြောင်း နားမလည်ပါဘူး ဒါကြောင့် သားပဲပြန်ယူထားလိုက် ပါလို့ ပြောပေမယ့် ရေမဆေးသမားလေးက အန်တီလည်း ကံစမ်းရအောင် ယူသွားလိုက်ပါလို့

အတင်းမုန့်တောင်းထဲကို ထည့်ပေးလိုက်ပါတယ်။အဲ့တာ မုန့်သည် မိန်းမဖြစ်သူကလည်း ယူလာခဲ့ရပါတော့တယ်။အိမ်ရောက်တဲ့အခါ ရေချိုးထမင်းစားပြီးတဲ့အခါမှ ကျောက်လေးကို သတိရပြီး ယောကျ်ားဖြစ်သူကို အကျိုးကြောင်းပြောပြပြီး အိမ်ဘေးနားကဖြတ်ခုံမှာ ကျောက်ကို ဖြတ်လိုက်ပါတယ်။

၂၀သားလောက်ရှိတဲ့ ကျောက်လေးက အောင်ပါပြီ။ကျောက်ကိုရောင်းတဲ့ အချိန်မှာတော့ ငွေသား သိန်း ၂၀၀၀ ရပါတယ်။သူတို့လင်မယားဟာလည်း ကျောက်ရောင်း ငွေ သိန်း ၂၀၀၀ ထဲမှ သိန်း ၁၀၀၀ ကို ရေမဆေးသမားလေးကို ပြန်လည်ခွဲဝေပေးပါတယ်။လွန်ခဲ့တဲ့ ၁၀နှစ်က အဖြစ်ပျက်တစ်ခုပါ။credit