တစ္စံုတစ္ေယာက္ကို ႐ူး႐ူးမူးမူး ခ်စ္မိသြားတဲ့အခါ ျဖစ္ေပၚလာမယ့္ အမွန္တရား(၄)ခု…
ဘဝမွာ တစ္စံုတစ္ေယာက္ကို ႐ူးခါေနေအာင္ ခ်စ္ခဲ့ဖူးလား…? တစ္စံုတစ္ေယာက္ကို ႐ူး႐ူးမူးမူး ခ်စ္မိသြားတဲ့အခါ ကိုယ့္ဆီမွာ ကိုယ္မသိပဲ အေၾကာင္းအရာ တစ္ခ်ိဳ႕ ျဖစ္ေပၚ လာတတ္ပါတယ္။ ဒါက တမင္ ဖန္တီး လုပ္ယူထားတာမ်ိဳးမဟုတ္ပဲ သူ႕အလုိလုိ ျဖစ္လာတဲ့ အရာေတြပဲ ျဖစ္ပါတယ္ေနာ္ …။
သူ႕ကို ယံုၾကည္လာမယ္”
တစ္စံုတစ္ေယာက္ကို ခ်စ္မိသြားတဲ့အခါ ယံုၾကည္မႈ ဆုိတာ ကပ္ပါလာတတ္ပါတယ္။ ခ်စ္တဲ့စိတ္ေၾကာင့္ သူ႔ကိုယံုၾကည္ေပးခ်င္စိတ္ ျဖစ္လာၿပီး သူ႔စကားတစ္ခြန္းနဲ႔တင္ အရာရာကို ယံုၾကည္လုိက္ဖို႔ အသင့္ျဖစ္လာတတ္ပါတယ္။ ဒါဟာ သူ႕ကို ႐ူး႐ူးမူးမူးခ်စ္တဲ့ စိတ္ေၾကာင့္ ျဖစ္ေပၚလာျခင္း ျဖစ္ပါတယ္ …။
အမွားေတြကို ခြင့္လႊတ္တတ္ လာမယ္”
ကိုယ္ခ်စ္္တဲ့လူလုပ္မိတဲ့အမွားေတြဟာ ခ်စ္္တဲ့စိတ္္နဲ႔ ၾကည့္မိတဲ့အခါ ဘာမွမဟုတ္တဲ့ အေသးအမႊားေလးေတြ ျဖစ္လာတတ္ပါတယ္။ သူ႔ဆီက မွားသြားတယ္၊ ေတာင္းပန္တယ္ ဆုိတဲ့စကားေလး တစ္ခြန္းၾကားလုိက္႐ံုနဲ႔ အရာရာကို ခြင့္လႊတ္ေပးဖို႔ အသင့္ျဖစ္ေနတတ္ပါတယ္။ ခြင့္္လႊတ္လို႔ ရႏိုင္္တဲ့ အတုိင္းအတာအထိ ခြင့္လႊတ္ေပးၿပီး အျပစ္မျမင္တတ္တဲ့စိတ္ဟာ တကယ္ခ်စ္မိသြားတဲ့အခါ သူ႔အလုိလို ျဖစ္္ေပၚလာ တတ္တာပါ …။
ကာကြယ္ေပးခ်င္လာမယ္”
အရမ္းကို ခ်စ္မိသြားတဲ့အခါမွာ သူတစ္ခုခုျဖစ္မွာ စိုးရိမ္တဲ့စိတ္၊ သူတစ္ခုခု ထိခုိက္သြားမွာ ေၾကာက္တဲ့စိတ္ေၾကာင့္ ကာကြယ္ေပးခ်င္စိတ္ေတြ ျဖစ္လာတတ္္ပါတယ္္။ ဒါေၾကာင့္ပဲ တစ္ခ်ိဳ႕လူေတြေျပာၾကတဲ့ အခ်စ္နဲဲ႔ပတ္သက္ရင္ သူရဲေကာင္းႀကီးျဖစ္လာတတ္တာပါပဲ။ ဒီလုို ကိုယ့္ကိုယ္ကို အနစ္နာခံၿပီးေတာင္ ကာကြယ္ေပးခ်င္တဲ့စိတ္က အခ်စ္စစ္နဲ႔ခ်စ္္မိတဲ့အခါမွ ေတြ႔ျမင္ရတတ္တဲ့ အခ်က္ပဲ ျဖစ္ပါတယ္ …။
သူေပ်ာ္႐ႊင္တာကိုပဲ ျမင္ခ်င္လာမယ္”
လူတစ္ေယာက္ကို ႏွစ္ႏွစ္ကာကာ ခ်စ္မိသြားတဲ့အခါ အဲဒီ႔လူနဲ႔ ထပ္တူခံစားမိတတ္လာပါတယ္။ သူဝမ္းနည္းရင္္ လိုက္ဝမ္းနည္းမိသလုိ၊ သူေပ်ာ္႐ႊင္ေနရင္ ကိုယ္္လည္း စိတ္ခ်မ္းသာတတ္တာမ်ိဳးပါ။ ဒါေၾကာင့္ သူေပ်ာ္႐ႊင္ရဖို႔ဆို ဘာမဆို ျဖည့္ဆည္းေပးဖုိ႔ အသင့္ျဖစ္လာၿပီး သူေပ်ာ္႐ႊင္ေနတာကိုပဲ ျမင္ခ်င္လာမိပါတယ္။ ဒါက စစ္မွန္စြာခ်စ္တတ္ျခင္းရဲ႕ သက္ေသျပခ်က္ တစ္ခုပါပဲေနာ္ …။ ။
Khin
Unicode
တစ်စုံတစ်ယောက်ကို ရူးရူးမူးမူး ချစ်မိသွားတဲ့အခါ ဖြစ်ပေါ်လာမယ့် အမှန်တရား(၄)ခု…
ဘဝမှာ တစ်စုံတစ်ယောက်ကို ရူးခါနေအောင် ချစ်ခဲ့ဖူးလား…? တစ်စုံတစ်ယောက်ကို ရူးရူးမူးမူး ချစ်မိသွားတဲ့အခါ ကိုယ့်ဆီမှာ ကိုယ်မသိပဲ အကြောင်းအရာ တစ်ချို့ ဖြစ်ပေါ် လာတတ်ပါတယ်။ ဒါက တမင် ဖန်တီး လုပ်ယူထားတာမျိုးမဟုတ်ပဲ သူ့အလိုလို ဖြစ်လာတဲ့ အရာတွေပဲ ဖြစ်ပါတယ်နော် …။
သူ့ကို ယုံကြည်လာမယ်”
တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါ ယုံကြည်မှု ဆိုတာ ကပ်ပါလာတတ်ပါတယ်။ ချစ်တဲ့စိတ်ကြောင့် သူ့ကိုယုံကြည်ပေးချင်စိတ် ဖြစ်လာပြီး သူ့စကားတစ်ခွန်းနဲ့တင် အရာရာကို ယုံကြည်လိုက်ဖို့ အသင့်ဖြစ်လာတတ်ပါတယ်။ ဒါဟာ သူ့ကို ရူးရူးမူးမူးချစ်တဲ့ စိတ်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ် …။
အမှားတွေကို ခွင့်လွှတ်တတ် လာမယ်”
ကိုယ်ချစ်တဲ့လူလုပ်မိတဲ့အမှားတွေဟာ ချစ်တဲ့စိတ်နဲ့ ကြည့်မိတဲ့အခါ ဘာမှမဟုတ်တဲ့ အသေးအမွှားလေးတွေ ဖြစ်လာတတ်ပါတယ်။ သူ့ဆီက မှားသွားတယ်၊ တောင်းပန်တယ် ဆိုတဲ့စကားလေး တစ်ခွန်းကြားလိုက်ရုံနဲ့ အရာရာကို ခွင့်လွှတ်ပေးဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ ခွင့်လွှတ်လို့ ရနိုင်တဲ့ အတိုင်းအတာအထိ ခွင့်လွှတ်ပေးပြီး အပြစ်မမြင်တတ်တဲ့စိတ်ဟာ တကယ်ချစ်မိသွားတဲ့အခါ သူ့အလိုလို ဖြစ်ပေါ်လာ တတ်တာပါ …။
ကာကွယ်ပေးချင်လာမယ်”
အရမ်းကို ချစ်မိသွားတဲ့အခါမှာ သူတစ်ခုခုဖြစ်မှာ စိုးရိမ်တဲ့စိတ်၊ သူတစ်ခုခု ထိခိုက်သွားမှာ ကြောက်တဲ့စိတ်ကြောင့် ကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ပဲ တစ်ချို့လူတွေပြောကြတဲ့ အချစ်နဲ့ပတ်သက်ရင် သူရဲကောင်းကြီးဖြစ်လာတတ်တာပါပဲ။ ဒီလိုု ကိုယ့်ကိုယ်ကို အနစ်နာခံပြီးတောင် ကာကွယ်ပေးချင်တဲ့စိတ်က အချစ်စစ်နဲ့ချစ်မိတဲ့အခါမှ တွေ့မြင်ရတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ် …။
သူပျော်ရွှင်တာကိုပဲ မြင်ချင်လာမယ်”
လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်မိသွားတဲ့အခါ အဲဒီ့လူနဲ့ ထပ်တူခံစားမိတတ်လာပါတယ်။ သူဝမ်းနည်းရင် လိုက်ဝမ်းနည်းမိသလို၊ သူပျော်ရွှင်နေရင် ကိုယ်လည်း စိတ်ချမ်းသာတတ်တာမျိုးပါ။ ဒါကြောင့် သူပျော်ရွှင်ရဖို့ဆို ဘာမဆို ဖြည့်ဆည်းပေးဖို့ အသင့်ဖြစ်လာပြီး သူပျော်ရွှင်နေတာကိုပဲ မြင်ချင်လာမိပါတယ်။ ဒါက စစ်မှန်စွာချစ်တတ်ခြင်းရဲ့ သက်သေပြချက် တစ်ခုပါပဲနော် …။ ။
Khin