စစ္ေတြကျပန္လာတာတဲ့.. ။
ေန႔လည္ ၄နာရီခြဲေလာက္ ၊ အားလုံးၿပိဳင္းကုန္ၾကပီ ခနတျဖဳတ္ကိုယ့္အခန္းကိုယ္အနား ျပန္ယူ အိပ့္သူကအိပ့္ (မနက္ကswabယူတဲ့ေန႔မို႔ေစာထရတာကိုး)
အဲ့ဒီအခ်ိန္ ကြာရန္တင္းယူမဲ့၁ေယာက္ေရာက္လာတယ္ အားလုံးအလုပ္ရႈပ္ ေယာက္ယွက္ခပ္ကုန္ၾကေရာ ၊ဘာလို႔ဆို သူကသူ႔အစီစဥ္နဲ႔သူေရာက္လာတာ ကိုယ္ကေတာ့ သူ႔ကိုစပ္စုလိုက္မိတယ္ ။
စစ္ေတြကျပန္လာတာတဲ့ လမ္းမွာကားနဲ႔၁ရက္ၾကာတယ္တဲ့ ဇာတိက ဧရာဝတီတိုင္း က်ိဳက္ပိကတဲ့ စစ္ေတြမွာအလုပ္သြားလုပ္တာတဲ့ … ။
သူျပန္လာပီး အေနာက္မွာေနာက္ေန႔ ေလာ့ေဒါင္းတဲ့ သူကလည္းကူးစက္ပိုးၾကားၾကားခ်င္း အေျခေနမဆိုးခင္လုျပန္လာရွာတာ ရန္ကုန္အေရာက္ဟိုကေလာ့ေဒါင္းေၾကျငာ သူ႔မိန္းမက ျပန္မလာနဲ႔ ရန္ကုန္မွာ ကြာရန္တင္းဝင္ပီးမွ အိမ္ျပန္လာပါတဲ့
ေတာေန ေတာစား ေတာအလုပ္လုပ္တဲ့ ေတာသူမ၁ေယာက္ရဲ့ အသိစိတ္ေလး ဘေလာက္ခ်စ္ဖို႔ေကာင္းသလည္း သူ႔ေယာက္က်ားကို ကြာရန္တင္းေနဖို႔သိသေလာက္ ဖုန္းနဲ႔ေျပာျပေနတာရယ္
ကဲ ေျပာခ်င္တဲ့လိုရင္းက အခုမွ စမွာ ။ အေဝးေျပးကြင္း ထိုသူေရာက္ပါပီ ေအာင္မင္ဂလာကားႀကီးကြင္း သူက ေပါ့စတစ္မ်ားေနသည့္အရပ္က ျပန္လာတာ ဒါေပမယ့္ maskအႏြမ္းေလးေတာ့ တပ္လ်က္ပါ ပီးေတာ့ လက္ဖ်ားခါေလာက္မိပါရဲ့
အံ့ၾသမႈ႔၁ခုကေလ ဒီညီေလး (ကိုယ့္ထက္ငယ္ပုံပါအလုပ္ၾကမ္းဒဏ္ေၾကာင့္အသက္ႀကီးပုံ)သူက သူစစ္ေတြကျပန္လာေၾကာင္း ကြာရန္တင္းသြားဝင္ရမွာျဖစ္သည့္အေၾကာင္း ပြင့္ပြင့္လင္းလင္းေျပာရွာပီး taxiေတြကိုငွါးတယ္တဲ့
အက္လိုေျပာေတာ့ဘယ္taxiကလိုက္မွာတုန္း (ပို႔မွာတုန္း) ဒီအစီးေတြမရရင္ ေနာက္အစီးေတြက် လိမ္ညာငွါးလို႔ရပါလၽွက္ ခုလိုပဲ အမွန္တိုင္းေျပာငွါးရွာတယ္ … ။
ဒီလိုနဲ႔ပဲ မနက္ ၈နာရီေလာက္က လမ္းေလၽွာက္လာလိုက္တာ ညေန ၄နာရီစြန္းစြန္းမွာ က်ေတာ္ရွိတဲ့ လွိုင္တက္ကသိုလ္ဝန္း ဟိုး လမ္း၁ပတ္ႀကီးရွိတဲ့ စင္တာဂိတ္ဆုံးဆီေရာက္လာခဲ့တယ္ ဗိုက္အရမ္းဆာေနရွာပုံပါပဲ ေရာ့ညီေလး
ဒီထမင္းဗူးေလးအရင္စား အက္နားမွာပဲအက္ေဘးကပုံးထဲဗူးခြံပစ္ေနာ္ညီေလးဆိုပီး ခပ္လွမ္းလွမ္းကေန အကာအကြယ္ဝတ္စုံဝတ္ထားပီးသူ႔ကိုလွမ္းေပးလိုက္တယ္ ဟုတ္အကိုရီးတဲ့ စားေနလိုက္တာ ေခါင္းမေဖာ္ဘူးရယ္
ေက်ာပိုးအိတ္ေလး၁လုံးရယ္ ၊ လၽွာဦးထုပ္ေလးေဆာင္းပီး ဆြဲသားေဘာင္းဘီၾကပ္ၾကပ္နဲ႔ ကြင္းထိုးဖနပ္မဲေလးစီး အင္းက်ီကြက္လက္ရွည္ေလးဝတ္ထားတဲ့ အဆင္အယင္ဟာ ျမန္မာပလာဇာ၁ခုရဲ့ အတြင္းထဲမွာေတြ႕မိၾကရင္
လူကုန္ထံေတြၾကား ေတာသားေလးအတြက္ အထင္ေသးစရာအၾကည့္ေတြေအာက္ ေရာက္ေနမွာက်ိန္ေျပာရဲပါတယ္ ရန္ကုန္မွာ တခ်ိဳ႕ဝတ္ေကာင္းစားလွေတြဝတ္ပီး Maskေလးတပ္ဖို႔ခဲယည္းေနခ်ိန္မွာ ဒီေတာသားေလးရဲ့အသိစိတ္ေလးကိုခ်စ္လိုက္တာ
ပီးေတာ့ သူ႔မိန္းမေတာသူမေလးကလည္း အသိစိတ္ေလးေကာင္းလိုက္တာ ဟိုး….ေအာင္မင္ဂလာကေန ဒီ လွိုင္တက္ကသိုအဝန္းထဲမက အတြင္းလမ္းမတဆုံးအထိ ဝိုင္ဘီအက္မစီးပဲ taxiေတြကိုမလိမ္ညာပဲ ငွါးမရလို႔ လမ္းေလၽွာက္လာခဲ့ရွာသတဲ့
သူေျပာတာနားေထာင္ပီး တကယ္ဘုရားစူး က်ေတာ္မ်က္ရည္ဝဲမိတာ(PPEဝတ္စုံကဖုံးကြယ္ထားေပးတယ္) က်ေတာ္တို႔အားလုံး ဒီေတာသားေလး လင္မယားရဲ့ အသိစိတ္ေလးမ်ိဳးေမြးၾကရေအာင္ကြာ
(သူ႔ကို က်ေတာ္ကိုယ္တိုင္အခန္းလိုက္ျပေပး အဲကြင္းဖြင့္ေပး ေရမီးအစုံ အခင္း ေခါင္းအုံး ေစာင္ ေရခ်ိဳးဆပ္ျပာ ဆပ္ျပာမႈန္႔ ေသခ်ာအခန္းထဲထည့္ေပးလိုက္ပါတယ္)
Skyboy
Unicode
စစ်တွေကပြန်လာတာတဲ့ဗျာ
စစ်တွေကပြန်လာတာတဲ့.. ။
နေ့လည် ၄နာရီခွဲလောက် ၊ အားလုံးပြိုင်းကုန်ကြပီ ခနတဖြုတ်ကိုယ့်အခန်းကိုယ်အနား ပြန်ယူ အိပ့်သူကအိပ့် (မနက်ကswabယူတဲ့နေ့မို့စောထရတာကိုး)
အဲ့ဒီအချိန် ကွာရန်တင်းယူမဲ့၁ယောက်ရောက်လာတယ် အားလုံးအလုပ်ရှုပ် ယောက်ယှက်ခပ်ကုန်ကြရော ၊ဘာလို့ဆို သူကသူ့အစီစဉ်နဲ့သူရောက်လာတာ ကိုယ်ကတော့ သူ့ကိုစပ်စုလိုက်မိတယ် ။
စစ်တွေကပြန်လာတာတဲ့ လမ်းမှာကားနဲ့၁ရက်ကြာတယ်တဲ့ ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကတဲ့ စစ်တွေမှာအလုပ်သွားလုပ်တာတဲ့ … ။
သူပြန်လာပီး အနောက်မှာနောက်နေ့ လော့ဒေါင်းတဲ့ သူကလည်းကူးစက်ပိုးကြားကြားချင်း အခြေနေမဆိုးခင်လုပြန်လာရှာတာ ရန်ကုန်အရောက်ဟိုကလော့ဒေါင်းကြေငြာ သူ့မိန်းမက ပြန်မလာနဲ့ ရန်ကုန်မှာ ကွာရန်တင်းဝင်ပီးမှ အိမ်ပြန်လာပါတဲ့
တောနေ တောစား တောအလုပ်လုပ်တဲ့ တောသူမ၁ယောက်ရဲ့ အသိစိတ်လေး ဘလောက်ချစ်ဖို့ကောင်းသလည်း သူ့ယောက်ကျားကို ကွာရန်တင်းနေဖို့သိသလောက် ဖုန်းနဲ့ပြောပြနေတာရယ်
ကဲ ပြောချင်တဲ့လိုရင်းက အခုမှ စမှာ ။ အဝေးပြေးကွင်း ထိုသူရောက်ပါပီ အောင်မင်ဂလာကားကြီးကွင်း သူက ပေါ့စတစ်များနေသည့်အရပ်က ပြန်လာတာ ဒါပေမယ့် maskအနွမ်းလေးတော့ တပ်လျက်ပါ ပီးတော့ လက်ဖျားခါလောက်မိပါရဲ့
အံ့သြမှု့၁ခုကလေ ဒီညီလေး (ကိုယ့်ထက်ငယ်ပုံပါအလုပ်ကြမ်းဒဏ်ကြောင့်အသက်ကြီးပုံ)သူက သူစစ်တွေကပြန်လာကြောင်း ကွာရန်တင်းသွားဝင်ရမှာဖြစ်သည့်အကြောင်း ပွင့်ပွင့်လင်းလင်းပြောရှာပီး taxiတွေကိုငှါးတယ်တဲ့
အက်လိုပြောတော့ဘယ်taxiကလိုက်မှာတုန်း (ပို့မှာတုန်း) ဒီအစီးတွေမရရင် နောက်အစီးတွေကျ လိမ်ညာငှါးလို့ရပါလျှက် ခုလိုပဲ အမှန်တိုင်းပြောငှါးရှာတယ် … ။
ဒီလိုနဲ့ပဲ မနက် ၈နာရီလောက်က လမ်းလျှောက်လာလိုက်တာ ညနေ ၄နာရီစွန်းစွန်းမှာ ကျတော်ရှိတဲ့ လှိုင်တက်ကသိုလ်ဝန်း ဟိုး လမ်း၁ပတ်ကြီးရှိတဲ့ စင်တာဂိတ်ဆုံးဆီရောက်လာခဲ့တယ် ဗိုက်အရမ်းဆာနေရှာပုံပါပဲ ရော့ညီလေး
ဒီထမင်းဗူးလေးအရင်စား အက်နားမှာပဲအက်ဘေးကပုံးထဲဗူးခွံပစ်နော်ညီလေးဆိုပီး ခပ်လှမ်းလှမ်းကနေ အကာအကွယ်ဝတ်စုံဝတ်ထားပီးသူ့ကိုလှမ်းပေးလိုက်တယ် ဟုတ်အကိုရီးတဲ့ စားနေလိုက်တာ ခေါင်းမဖော်ဘူးရယ်
ကျောပိုးအိတ်လေး၁လုံးရယ် ၊ လျှာဦးထုပ်လေးဆောင်းပီး ဆွဲသားဘောင်းဘီကြပ်ကြပ်နဲ့ ကွင်းထိုးဖနပ်မဲလေးစီး အင်းကျီကွက်လက်ရှည်လေးဝတ်ထားတဲ့ အဆင်အယင်ဟာ မြန်မာပလာဇာ၁ခုရဲ့ အတွင်းထဲမှာတွေ့မိကြရင်
လူကုန်ထံတွေကြား တောသားလေးအတွက် အထင်သေးစရာအကြည့်တွေအောက် ရောက်နေမှာကျိန်ပြောရဲပါတယ် ရန်ကုန်မှာ တချို့ဝတ်ကောင်းစားလှတွေဝတ်ပီး Maskလေးတပ်ဖို့ခဲယည်းနေချိန်မှာ ဒီတောသားလေးရဲ့အသိစိတ်လေးကိုချစ်လိုက်တာ
ပီးတော့ သူ့မိန်းမတောသူမလေးကလည်း အသိစိတ်လေးကောင်းလိုက်တာ ဟိုး….အောင်မင်ဂလာကနေ ဒီ လှိုင်တက်ကသိုအဝန်းထဲမက အတွင်းလမ်းမတဆုံးအထိ ဝိုင်ဘီအက်မစီးပဲ taxiတွေကိုမလိမ်ညာပဲ ငှါးမရလို့ လမ်းလျှောက်လာခဲ့ရှာသတဲ့
သူပြောတာနားထောင်ပီး တကယ်ဘုရားစူး ကျတော်မျက်ရည်ဝဲမိတာ(PPEဝတ်စုံကဖုံးကွယ်ထားပေးတယ်) ကျတော်တို့အားလုံး ဒီတောသားလေး လင်မယားရဲ့ အသိစိတ်လေးမျိုးမွေးကြရအောင်ကွာ
(သူ့ကို ကျတော်ကိုယ်တိုင်အခန်းလိုက်ပြပေး အဲကွင်းဖွင့်ပေး ရေမီးအစုံ အခင်း ခေါင်းအုံး စောင် ရေချိုးဆပ်ပြာ ဆပ်ပြာမှုန့် သေချာအခန်းထဲထည့်ပေးလိုက်ပါတယ်)
Skyboy