ျပည္တြင္းသတင္း

ပိုးတွေ့လူနာအယောက်(၃၀)တွင်ဆရာဝန်တစ်ဦးပါဝင်

ဒီကနေ့ ဩဂုတ်(၂၅)ရက်ည ပိုးတွေ့လူနာအယောက်(၃၀)ထဲမှာ စစ်တွေပြည်သူ့ဆေးရုံက အမျိုးသမီးဆရာဝန်တစ်ဦးလည်း ပါဝင်တယ်လို့ စစ်တွေဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားထားပါတယ်။

အဲ့ဒီဆရာဝန်ကို စစ်တွေပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာကနေ ဆေးကုသပေးဖို့ လာရောက်ခေါ်ဆောင်သွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိိုဗစ်အတည်ပြုလူနာ (၅၀၄)ဦးရှိပြီး ပြန်လည်သက်သာလာသူ (၃၄၁)ဦး ရှိပါတယ်။

ဓာတ်ပုံ- Win Than Naing(Fb)

ပိုးေတြ႕လူနာအေယာက္(၃၀)တြင္ဆရာဝန္တစ္ဦးပါဝင္

ဒီကေန႔ ဩဂုတ္(၂၅)ရက္ည ပိုးေတြ႕လူနာအေယာက္(၃၀)ထဲမွာ စစ္ေတြျပည္သူ႔ေဆး႐ုံက အမ်ိဳးသမီးဆရာဝန္တစ္ဦးလည္း ပါဝင္တယ္လို႔ စစ္ေတြေဆး႐ုံ က်န္းမာေရးဝန္ထမ္းေတြရဲ့ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ေရးသားထားပါတယ္။

အဲ့ဒီဆရာဝန္ကို စစ္ေတြျပည္သူ႔ေဆး႐ုံ ဝန္ထမ္းအိမ္ရာကေန ေဆးကုသေပးဖို႔ လာေရာက္ေခၚေဆာင္သြားၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္ထိ ျမန္မာနိုင္ငံမွာ ကိုိဗစ္အတည္ျပဳလူနာ (၅၀၄)ဦးရွိၿပီး ျပန္လည္သက္သာလာသူ (၃၄၁)ဦး ရွိပါတယ္။

ဓာတ္ပုံ- Win Than Naing(Fb)