မနက်ဖြန်ကစပြီး တစ်နိုင်ငံလုံးက စာသင်ကျောင်းတွေအားလုံး ပိတ်ရမည် ဟု ထုတ်ပြန် ..
လက်ရှိကူးစက်ပျံ့နှံ့နေတဲ့ ကိုဗစ်ပိုးကြောင့် တစ်နိုင်ငံလုံးက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေအားလုံးကို မနက်ဖြန် သြဂုတ်လ(၂၇)ရက်နေ့ကစပြီး ယာယီပိတ်သိမ်းမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှသိရပါတယ်။
တစ်နိုင်ငံလုံးက အစိုးရကျောင်းတွေအပါအဝင်၊ ပုဂ္ဂလိကကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျာင်းတွေအားလုံးပါ ပိတ်သိမ်းရမှာဖြစ်ပါတယ်။
“ ဟုတ်ပါတယ်။ မနက်ဖြန်ကစပြီး ပိတ်မှာပါ။ ဒီနေ့ပဲ ကိုဗစ်ထိန်းချုပ်ရေးဗဟိုကော်မတီက ကျောင်းတွေကို ပိတ်သိမ်းဖို့ ဝန်ကြီးဌာနကိုအကြောင်းကြားလာပါတယ်။
ဆရာတို့ဘက်ကလည်း ဒီနေ့ပဲတရားဝင် စာထုတ်ပြန်မှာပါ။ လက်ရှိကတော့ ကျောင်းတွေလည်း ပြင်ဆင်လို့ ရအောင် ဖုန်းနဲ့ အကြောင်းကြားထားတွေရှိတယ်” လို့
အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။
ကိုဗစ်ကာလအတွင်း အခြေခံပညာအထက်တန်းအဆင့်ကျောင်းတွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့ အညီ ဇူလိုင်(၂၁)ရက်နေ့ကဖွင့်လှစ်ခဲ့တာပါ။
အထက်တန်းအဆင့်တွေဖွင့်လှစ်ပြီးမှ ရောဂါကူးစက်ပျံ့ပွားမှုအခြေအနေကိုကြည့်ကာ အလယ်တန်းနဲ့ မူလတန်းအဆင့် ကျောင်းတွေဖွင့်လှစ်ဖို့ လျာထားခဲ့တာဖြစ်ပါတယ်။
လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ ကိုဗစ်ရောဂါပိုးကူးစက်မှုက မြန်ဆန်လျှက်ရှိနေတာကြောင့် ဖွင့်လှစ်ထားတဲ့ အထက်တန်းအဆင့် ကျောင်းတွေကိုပါ ယာယီပြန်လည်ပိတ်သိမ်းလိုက်တာဖြစ်ပါတယ် ။
ယာယီပိတ်သိမ်းတာဖြစ်တဲ့ အတွက် အချိန်ကာလအားဖြင့် ဘယ်လောက်ကြာမလဲဆိုတာ မသိဘူးလို့ ဦးတင်မောင်ဝင်းကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လ(၁၆)ရက်နေ့ နောက်ပိုင်းကတည်းက ရောဂါကူးစက်မှု ပျံ့နှံ့နေတဲ့အတွက်အတွက် ပြည်နယ်တစ်ခုလုံးကကျောင်းတွေကို
သြဂုတ်လ(၂၀)ရက်နေ့ ကတည်းကပိတ်ထားခဲ့ပြီးဖြစ်ကာ တစ်နိုင်ငံလုံးက ကျောင်းတွေကိုတော့ မနက်ဖြန်ကစပြီး ပိတ်မှာဖြစ်ပါတယ်။
လက်ရှိမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘက ကျောင်း (၆၅၂၆)ကျောင်းရှိတယ်လို့ သိရပါတယ်။
Duwun
မနက္ျဖန္ကစၿပီး တစ္နိုင္ငံလုံးက စာသင္ေက်ာင္းေတြအားလုံး ပိတ္ရမည္ ဟု ထုတ္ျပန္ ..
လက္ရွိကူးစက္ပ်ံ႕ႏွံ့ေနတဲ့ ကိုဗစ္ပိုးေၾကာင့္ တစ္နိုင္ငံလုံးက ဖြင့္လွစ္ထားတဲ့ စာသင္ေက်ာင္းေတြအားလုံးကို မနက္ျဖန္ ၾသဂုတ္လ(၂၇)ရက္ေန႔ကစၿပီး ယာယီပိတ္သိမ္းမွာျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာနမွသိရပါတယ္။
တစ္နိုင္ငံလုံးက အစိုးရေက်ာင္းေတြအပါအဝင္၊ ပုဂၢလိကေက်ာင္းေတြနဲ႔ ဘုန္းေတာ္ႀကီးသင္ ပညာေရးက်ာင္းေတြအားလုံးပါ ပိတ္သိမ္းရမွာျဖစ္ပါတယ္။
“ ဟုတ္ပါတယ္။ မနက္ျဖန္ကစၿပီး ပိတ္မွာပါ။ ဒီေန႔ပဲ ကိုဗစ္ထိန္းခ်ဳပ္ေရးဗဟိုေကာ္မတီက ေက်ာင္းေတြကို ပိတ္သိမ္းဖို႔ ဝန္ႀကီးဌာနကိုအေၾကာင္းၾကားလာပါတယ္။
ဆရာတို႔ဘက္ကလည္း ဒီေန႔ပဲတရားဝင္ စာထုတ္ျပန္မွာပါ။ လက္ရွိကေတာ့ ေက်ာင္းေတြလည္း ျပင္ဆင္လို႔ ရေအာင္ ဖုန္းနဲ႔ အေၾကာင္းၾကားထားေတြရွိတယ္” လို႔
အေျခခံပညာဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္။
ကိုဗစ္ကာလအတြင္း အေျခခံပညာအထက္တန္းအဆင့္ေက်ာင္းေတြကို ကိုဗစ္စည္းကမ္းခ်က္ေတြနဲ႔ အညီ ဇူလိုင္(၂၁)ရက္ေန႔ကဖြင့္လွစ္ခဲ့တာပါ။
အထက္တန္းအဆင့္ေတြဖြင့္လွစ္ၿပီးမွ ေရာဂါကူးစက္ပ်ံ႕ပြားမႈအေျခအေနကိုၾကည့္ကာ အလယ္တန္းနဲ႔ မူလတန္းအဆင့္ ေက်ာင္းေတြဖြင့္လွစ္ဖို႔ လ်ာထားခဲ့တာျဖစ္ပါတယ္။
လက္ရွိ ရခိုင္မွာ ျဖစ္ေနတဲ့ ကိုဗစ္ေရာဂါပိုးကူးစက္မႈက ျမန္ဆန္လၽွက္ရွိေနတာေၾကာင့္ ဖြင့္လွစ္ထားတဲ့ အထက္တန္းအဆင့္ ေက်ာင္းေတြကိုပါ ယာယီျပန္လည္ပိတ္သိမ္းလိုက္တာျဖစ္ပါတယ္ ။
ယာယီပိတ္သိမ္းတာျဖစ္တဲ့ အတြက္ အခ်ိန္ကာလအားျဖင့္ ဘယ္ေလာက္ၾကာမလဲဆိုတာ မသိဘူးလို႔ ဦးတင္ေမာင္ဝင္းကေျပာပါတယ္။
ရခိုင္ျပည္နယ္မွာ ၾသဂုတ္လ(၁၆)ရက္ေန႔ ေနာက္ပိုင္းကတည္းက ေရာဂါကူးစက္မႈ ပ်ံ႕ႏွံ့ေနတဲ့အတြက္အတြက္ ျပည္နယ္တစ္ခုလုံးကေက်ာင္းေတြကို
ၾသဂုတ္လ(၂၀)ရက္ေန႔ ကတည္းကပိတ္ထားခဲ့ၿပီးျဖစ္ကာ တစ္နိုင္ငံလုံးက ေက်ာင္းေတြကိုေတာ့ မနက္ျဖန္ကစၿပီး ပိတ္မွာျဖစ္ပါတယ္။
လက္ရွိမွာ တစ္နိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ဖြင့္လွစ္ထားတဲ့ အေျခခံပညာေက်ာင္းေတြ၊ ကိုယ္ပိုင္ေက်ာင္းေတြနဲ႔ ဘက ေက်ာင္း (၆၅၂၆)ေက်ာင္းရွိတယ္လို႔ သိရပါတယ္။
Duwun