ပြည်တွင်းသတင်း

ဖြူဖြူထွေးကို ဝေဖန်တိုက်ခိုက်နေသူတွေကို ပြတ်ပြတ်သားသားဒဲ့ပြောလာတဲ့ မင်းသားကြီး နေထက်လင်း

နေထက်လင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးစားပေးဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူ့အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာလည်း လက်လှမ်းမီသလောက် လုပ်ကိုင်လျှက်ရှိပါတယ်။ အနုပညာအလုပ်တွေနဲ့ ခဏတာ အလှမ်းဝေးနေခဲ့ပေမယ့် သူ့ကို အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ အခိုင်အမာရှိနေတုန်းပါပဲ။

လက်တလော ဖေ့ဘုတ်စာမျက်နှာ ဖြူဖြူထွေးကို ဝေဖန်အကြံပြုသူ၊ ဝေဖန်သုံးသပ်သူ များနှင့် ဝေဖန်ရှုံ့ချသူ တစ်ချို့လည်း ရှိနေခဲ့တယ်ဆိုတာ ပရိသတ် တွေ သိပြီးဖြစ်မှာပါနော်။ ဝေဖန်သုံးသပ်သူ တစ်ချို့ထဲမှာတော့ မင်သားကြီး နေထက်လင်းလည်းအပါဝင်ပါပဲ..။နေထက်လင်းကတော့ ဖြူဖြူထွေးကို ဝေဖန်တိုက်ခိုက်နေကြသူတွေကို ပြတ်ပြတ်သားသားဒဲ့ပြောလာခဲ့တာပဲဖြစ်ပါတယ်။

နေထက်လင်းက “ဖြူဖြူထွေးကို အတုယူကြပါ လိုက်မဖိုက်ကြနဲ့ မဖဲ့နဲ့ ဖြူဖြူထွေးလို ဖြူစင်တဲ့ ဘဝရောက်ဖို့အတွက် နောက်ထပ်အဆင့်တွေမှီဖို့လိုသေးတယ် သူများ‌‌တွေလို နို့လည်းမဖော်ဘူး ဖင်လည်း မဖော်ဘူး ……”လို့ ဒဲ့ပြောလာခဲ့တာပါ။

ဆက်လက်ပြီး နေထက်လင်းက “ကျွန်တော်တို့ နိုင်ငံမှာ လူလတ်တန်းစားနဲ့ ချမ်းသာတဲ့လူကရှိလှလူနည်းနည်းပေါ့။ သန်း ၆၀ မှာ သန်း ၄၀ လောက်က အခြေခံလူတန်းစားတွေပါ။

ဒီလူတွေကို ဖြူဖြူထွေးက Entertain ပေးနိုင်တယ်။ဖျော်ဖြေနိုင်တယ်။အဲ့ဒါ အဓိကက သူစိတ်ဖြူလို့ပဲ။လူတွေက အဲ့ဒါကို အားပေးတာ….အဲ့ဒါပါရမီလို့ခေါ်တယ်။ဘယ်သူမှဘာမှလုပ်လို့မရဘူး။

သူနို့လည်းမဖေ်ာဘူး ဖင်လည်းမဖော်ဘူး သူတောသူလိုပဲသရုပ်ဆောင်သွားတာ သူ့ရဲ့ပါရမီပဲ သူအဲ့လိုလုပ်ရင် ချမ်းသာမယ်လို့ သိလို့ မဟုတ်ဘူး။သူ့အဖြူထည်စိတ်က သူ့ကိုဦးဆောင်ပြီးတော့ အခြေခံလူတန်းစားတွေကို ဖျေ်ာဖြေနိုင်တာက အဓိကပဲ။

ကျွန်တော်တို့လည်း အဲ့ဒီလိုပဲ တက်လာခဲ့တာပဲ။သူ့ကိုကြည့်လိုကတာနဲ့ သိတာပေါ့လို့” ပြောပြသွားခဲ့တာပါပရိသတ်ကြီးရေ…..

ဖြူဖြူထွေးကတော့ ချစ်သူတွေရော ဝေဖန်သူတွေနဲ့ပါ ဒီရက်ပိုင်းအတွင်းပွဲဆူလျှက်ရှိတာပါနော်။ ဖြူဖြူထွေးအပေါ် အမြင်လေးကိုလည်း ပြောသွားခဲ့ကြပါအုန်းနော်။