အေထြေထြဗဟုသုတ

ဒန့်သလွန် အသီး အရွက် အပွင့် အမြစ် တပင်လုံး ဆေးဘက် အသုံး၀င်ပုံ

မြန်မာနိုင်ငံ​ဒေသအနှံ့အပြားတွင် ​ပေါက်​ရောက်ပါသည်။ဒန့်သလွန်သီးကို ချဥ်ရည်ဟင်းအဖြစ်လည်း​ကောင်း၊ အရွက်ကို ဟင်းချိုအဖြစ်လည်း​ကောင်း ချက်စားကြသည်။ ဒန့်သလွန် အရွက်၊အသီး၊အပွင့်၊အမြစ်၊အ​ခေါက် တို့ကိုတိုင်းရင်း​ဆေးအဖြစ် နိုင်ငံ​တော်​တော်များများတွင် အသုံးပြုကြပါသည်။ မြန်မာဆေးကျမ်းများတွင်် ဒန့်သလွန်သည် အနည်းငယ်ချို၍ ဖန်သော အရသာရှိ၏။ ​ကြေလွယ်၏။ နှုတ်ကိုမြိန်​စေ၏။ ဝမ်းမီးကို​တောက်​စေ၏။ ​လေ၊သလိပ်၊သည်း​ခြေကိုနိုင်၏။ အပူနာ၊​ရောင်ရမ်းနာတို့ကိုနိုင်၏။ မျက်စိကိုအကျိုးပြု၏ ဟု​ဖော်ပြပါသည်။

အရွက်

၁။ဒန့်သလွန်ရွက်၊ကြက်သွန်ဖြု၊ ပတဲ​ကောမြစ်၊မိသလင် ဟင်းခါးချက်​သောက်​သော် အမျိုးသမီး​ရောဂါများအတွက် ​ကောင်း၏။

၂။ဒန့်သလွန်ရွက်နှင့်ကြက်သွန်ဖြူ ဟင်းချိုချက်​သောက်​သော် ​သွေးတိုးကျ၏။

အမြစ်

၁။ဒန့်သလွန်အမြစ်ကို ထု​ထောင်းကြိတ်​ခြေ၍ အရည်ညစ်ကာ စာပွဲဇွန်းတစ်ဇွန်း​သောက်ပါက အသံဝင် ၊ အသံကပ် ၊လည်​ချောင်းနာ ​ပျောက်ပါသည်။

၂။ဒန့်သလွန်မြစ်နှင့်မုန်ညင်း​စေ့ ဆတူ​ရောကြိတ်ပြီး​ရေတွင် ၂နာရီ​ကျော်မျှစိမ်ကာ စားပွဲဇွန်းတစ်ဇွန်း​သောက်ပါက အစာမ​ကြေ ၊ ဝမ်း​ဖောဝမ်း​ရောင် ​​ရောဂါပျောက်ပါသည်။

၃။ဒန့်သလွန်မြစ်ကြိတ်​ရေနှင့် ချင်း​ကြိတ်ရေ ​ရော​သောက်ပါက ပန်းနာ​ရောဂါ ​​ပျောက်ပါသည်။

၄။ဒန့်သလွန်မြစ်မှုန့် နှင့် ပရန္နဝါ မြစ်မှုန့် ဆတူ​ရော၍ ပျားရည်နှင့် စား​သော် အင်အားပြည့်ဖြိုး ခွန်အားတိုးပြီး အသက်ရှည်​စေပါသည်။

၅။အမြစ်ကိုကြိတ်၍ ​ရောင်းရမ်းခြင်းများအတွက် စည်း​ပေးနိုင်ပါသည်။

၆။အမြစ်ကြိတ်ရည်ကို ဆီချို​ရောဂါအတွက်လည်းအသုံးပြုနိုင်ပါသည်။

အသီး

၁။ဒန့်သလွန်သီးကို ဟင်းချက်​ကျွေးပါက က​လေးများ သန်​ကောင် ၊ တုတ်​ကောင်များ ကင်းရှင်း​စေပါသည်။

အ​စေ့

၁။အ​စေ့သည် ​ခေါင်းကိုက်ခြင်းကို​ပျောက်ကင်းသက်သာ​စေပါသည်။

၂။အ​စေ့ကို စားသုံး​ပေးခြင်းဖြင့် ​သွေးတွင်းအဆီဓါတ်ကို ​လျော့ချ​ပေးပါသည်။

၃။အ​စေ့ကို အမှုန့်ပြု၍ နားကိုက်ခြင်း ၊ နားပြည်ယိုခြင်းများ အတွက်အသုံးပြုနိုင်ပါသည်။

၄။ အ​စေ့ကို ကြိတ်၍အဆီထုတ်ပြီး အနာ​ပေါက် နှင့် ယားနာအမျိုးမျိုး အတွက် လိမ်း​ပေးနိုင်ပါသည်။

အပွင့်

၁။အပွင့်ကို ​ဖော​ရောင်ခြင်း အတွက်​ဆေး​ဖော်စပ်ပြီး သုံးနိုင်ပါသည်။

အခေါက်

လတ်ဆက်​သော ဒန့်သလွန်အ​ခေါက်ရည်ကို နားထဲထည့်​ပေး​သော် နား နာကျင်ကိုက်ခဲခြင်း ၊ နှားပြည်ယိုခြင်း ​များကို ​ပျောက်ကင်း​စေပါသည်။

ဒန့်သလွန်၏စွမ်းပကား – ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူ ခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ် တတ် သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။

သွေးတက်နှင့်သွေးတိုး – နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေး ပါက သွေး တိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်း ပါ သည်။

သန်ကောင်နှင့် ဒန့်သလွန်သီး – သန်ရှိပြီး ဗိုက်ပူ နံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များသေကြေကုန်ကြပါတယ်။ ဒီနည်း ဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ် ပါတယ်။

ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း) – ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်း ပါတယ်။

နားကိုက်၊ နားအူ – အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင် သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများ ကို ပျောက်ကင်းသက်သာစေပါတယ်။

ပါးစပ်မှ နံခြင်းအတွက် – ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများ မှ သွေးယိုခြင်းများ အတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသော အစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေး ရပါတယ်။ ဒီလို မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ သွားဖုံးသွေး ယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။

ခေါင်းအုံ၊ ဇက်လေး – ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ် သန့် သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါ များ ပျောက်ကင်းစေတယ်။

နို့ထွက်ဆေး – မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည် များ ဖြိုင်ဖြိုင်ထွက်လာပါ တယ်။

ပန်းသေ၊ ပန်းညှိုး – ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့် ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။

ကိုးကား ၊ မြန်မာ့စွယ်စုံကျမ်း