ပြည်တွင်းသတင်း

ဝေဖန်တိုက်ခိုက်မှုတွေခံနေရတဲ့ ဖြူဖြူထွေးအပေါ် သူမရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ နေခြည်ဦး

နေခြည်ဦးကတော့ ဆယ်ကျော်သက်မိန်းကလေးတွေ အရူးအမူးအားပေးနေကြတဲ့ နာမည်ကျော် ဗျူးတီဘလော့ဂါ တစ်ယောက်ပဲဖြစ်ပါတယ် ။ လက်ရှိတော့မှာ ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေပြီဖြစ်ပြီး မင်းသမီးတစ်ယောက်အဖြစ်လည်းရပ်တည်နေပြီပဲဖြစ်ပါတယ် ။

ဝေဖန်တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရင်းနဲ့ ဗျူးတီးဘလော့ဂါဘဝကနေ အခုလိုအောင်မြင်ကျော်ကြားလာတဲ့အနုပညာရှင်တစ်ယောက် ဖြစ်လာတယ် ဆိုလည်းမမှားပါဘူးနော်

လက်တလော ဖေ့ဘုတ်စာမျက်နှာ ဖြူဖြူထွေးကို ဝေဖန်အကြံပြုသူ၊ ဝေဖန်သုံးသပ်သူ များနှင့် ဝေဖန်ရှုံ့ချသူ တစ်ချို့လည်း ရှိနေခဲ့တယ်ဆိုတာ ပရိသတ် တွေ သိပြီးဖြစ်မှာပါနော်။

ယခုရက်ပိုင်း မီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ နေခြည်ဦးက ဖြူဖြူထွေးအပေါ် သူ့ရဲ့ အမြင် ကိုပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့တာဖြစ်ပါတယ်။

နေခြည်ဦးက “ဖြူဖြူထွေး နဲ့ အပြင်မှာ တစ်ခါမှ မဆုံဖူးပေမယ့် သူ့ရဲ့ Page ကို Follow လုပ်ထားပါတယ်။ စိတ်ထဲမှာ ငါလုပ်ချင်လိုက်တာ လို့ တွေးလိုက်တဲ့ အရာတိုင်းကို သူက လုပ်သွားနိုင်တယ်။

အရမ်း ပီတိဖြစ် ချီးကျူး မိပါတယ်။ Digital Platform ပေါ်က ဆရာမကြီးကိုလည်း တွေ့ချင်ပါသေးတယ်” လို့ ဖြူဖြူထွေးအပေါ် သူ့ရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး နေခြည်ဦးက ” အခုချို့တဲ့နေတဲ့ ဗီဒီယို သရုပ်ဆောင်တွေကိုတွေ့ရင် နေခြည်တို့ စိတ်မကောင်းဖြစ်တာပဲရှိတယ် ဘာမှလိုက်မလုပ်ပေးနိုင်ဘူးပေါ့ နောက်ဆုံးလုပ်ပေးနိုင်ရင် ပိုက်ဆံလှူပေးတာပဲတတ်နိုင်တယ်။

သူကတော့အဲ့လိုမဟုတ်ဘူး ကိုယ်တိုင်သွားလှူတယ် သူ့ရဲ့ Video လေးတွေမှာ ထည့်သုံးတယ် အဲ့ဒီလိုကိုလုပ်ပေးတာ အဲ့ဒါကိုအရမ်းသဘောကျမိတယ် ” လို့ဆိုလာခဲ့တာပါ။

နေခြည်ဦးကတော့ ဖြူဖြူထွေးအပေါ် သူမရဲ့ အမြင်ကို ပွင့်ပွင်လင်းလင်းချပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း ဖြူဖြူထွေးအပေါ် အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်