ရခိုင်ပြည်နယ်မြောက်ဦးက ကိုဗစ်နိုင်တင်း အတည်ပြုလူနာ ၂လအရွယ်သမီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်။
အဲဒီနှစ်လသားအရွယ် သမီးငယ်လေးနဲ့ သူ့ရဲ့ မိခင်ဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ရက်နေ့က တွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၄၄၀နဲ့ ထိတွေ့ခဲ့သူတွေဖြစ်ပြီး ဒီနေ့မှာတော့ သူတို့နှစ်ဦးလုံးမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့တာပါ။လက်ရှိမှာတော့ သူတို့ရဲ့ကျန်းမာရေးအခြေအနေကကောင်းမွန်နေပြီး စိုးရိမ်စရာမရှိဘူးလို့ မြောက်ဦးခရိုင်ဆေးရုံးအုပ်ကြီး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။သြဂုတ်လ ၂၆ရက်နေ့ မနက်ပိုင်းအထိ အတည်ပြုထုတ်ပြန်ချက်အရ မြောက်ဦးဆေးရုံမှာ အတည်ပြုလူနာ ၁၁ယောက်ထိရှိနေပြီဖြစ်ပါတယ်။
သတင်း – ထက်ဝေအောင် DVB TV News
ရခိုင်ပြည်နယ်မြောက်ဦးက ကိုဗစ်နိုင်တင်း အတည်ပြုလူနာ ၂လအရွယ်သမီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်။
အဲဒီနှစ်လသားအရွယ် သမီးငယ်လေးနဲ့ သူ့ရဲ့ မိခင်ဖြစ်သူတို့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ရက်နေ့က တွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၄၄၀နဲ့ ထိတွေ့ခဲ့သူတွေဖြစ်ပြီး ဒီနေ့မှာတော့ သူတို့နှစ်ဦးလုံးမှာ ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့တာပါ။
လက်ရှိမှာတော့ သူတို့ရဲ့ကျန်းမာရေးအခြေအနေကကောင်းမွန်နေပြီး စိုးရိမ်စရာမရှိဘူးလို့ မြောက်ဦးခရိုင်ဆေးရုံးအုပ်ကြီး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
သြဂုတ်လ ၂၆ရက်နေ့ မနက်ပိုင်းအထိ အတည်ပြုထုတ်ပြန်ချက်အရ မြောက်ဦးဆေးရုံမှာ အတည်ပြုလူနာ ၁၁ယောက်ထိရှိနေပြီဖြစ်ပါတယ်။
သတင်း – ထက်ဝေအောင် DVB TV News
Photo – Yu Yu Myat