Source:Han Nyein Oo
Unicode
ဖြူဖြူထွေးကိုဝေဖန်တိုက်ခိုက်လာတဲ့ သရုပ်ဆောင်မင်းခန့်ကျော်ရဲ့ အရှုပ်ထုပ်များကို ဖော်ထုတ်လိုက်တဲ့ ဟန်ငြိမ်းဦး…
ဖြူဖြူထွေးကိုဝေဖန်တိုက်ခိုက်လာတဲ့ သရုပ်ဆောင်မင်းခန့်ကျော်ရဲ့ အရှုပ်ထုပ်များကို ဖော်ထုတ်လိုက်တဲ့ဟန်ငြိမ်းဦး ကဲ ပရိတ်သတ်ကြီးရေ သရုပ်ဆောင်မင်းခန့်ကျော်ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ အမှန်တရားကိုမြတ်နိုးသူတစ်ယောက်ဖြစ်ပြီး ပွင့်ပွင်လင်းလင်းပဲပြောဆိုတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။လက်ရှိမှာတော့မင်းခန့်ကျော်ဟာ ဖြူဖြူထွေးအပေါ်ဝေဖန်ပြောဆိုမှုတွေကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့မနေ့က တိုင်ကြားခြင်းကို ခံခဲ့ရပါတယ် …။
ထိုကိစ္စနဲ့ပတ်သတ်ပြီးသရုပ်ဆောင်မင်းခန့်ကျော်ဘက်မှာလဲရုပ်ရှင်အစည်းရုံးမှာလာရောက်ဖြေရှင်းပေးခဲ့ရပါတယ်။ ဖြူဖြူထွေးအပေါ်မှာအမြင်မမှားစေဖို့ ဝါရင့်အနုပညာရှင်ကြီးများကလည်း ဝေဖန်အကြံပြုထားတာတွေလည်း တွေ့ရပါတယ်။ဒီနေ့မှာတော့ ပရိတ်သတ် အချစ်တော်ဖြူဖြူထွေးကို တိုက်ခိုက်လာတဲ့ သရုပ်ဆောင်မင်းခန့်ကျော်ရဲ့ အရှုပ်ထုပ်များကို ဟန်ငြိမ်းဦးမှ ဖော်ထုတ်လိုက်တာပဲ ဖြစ်ပါတယ် …။
“ဖြူဖြူထွေးကိုမနာလိုဖြစ်နေတဲ့ မင်းခန့်ကျော်ဆိုတာ ဒီကောင်လားသူများအကြွေးသာ မဆပ်နိုင်တာ ကလပ်မှာတော့ ဆော်လေးတွေခေါ်ပီး သာယာနေတယ်ဟ…အစကတော့ မတင်တော့ဘူးလို့ နေနေတာ ပရိတ်သတ်က တောင်းဆိုတော့လည်း တင်ရတာပေါ့…နေဒွေးနဲ့သံစဉ်မောင်တို့ သိန်းပေါင်းများစွာ အကုန်ကျခံ ရိုက်ကူးထားတဲ့ကားတွေကို အောက်ဈေးနဲ့နှိမ်ပီး ရောင်းပေးမယ်ဆိုပြီး ငွေအကျေမချေပဲ ကလပ်မှာတော့ ဘောစိအထာနဲ့ သုံးဖြုန်းနေတာသာကြည့်လိုက်တော့…၃၅လမ်း၃၆လမ်းက အကြွေးရှင်တွေကိုလည်း သွားဆပ်လိုက်ပါအုံး သူများအကြွေးတွေမဆပ်ပဲ ရှောင်နေပြီး ကိုယ်တိုင်ကျတော့ မဖြူစင် သူတော်ကောင်းကြီးလိုလို သူရဲကောင်းကြီးလိုလိုနဲ့ သူများကိုလက်ညိုးလိုက်ထိုးအပြစ်တွေလိုက်ပြော နေတာ မရှက်ဘူးလားဗျာ…ဆိုပြီးဖေ့စ်ဘွတ်စာမျက်နှာမှာပုံနဲ့တကွ ဖော်ပြလာပါတယ်။ ပရိတ်သတ်ကြီးလည်း ဘယ်လိုမြင်လဲ ထင်မြင်ယူဆချက်လေးတွေကို ရေးခဲ့ပါအုံးနော် …။ ။
Source:Han Nyein Oo