Black Death သည် ကမ္ဘာ့သမိုင်းတွင် အဆိုးဆုံး နှင့် အထင်ရှားဆုံး ကပ်ရောဂါ ဆိုက်ကပ်ခဲ့သည့် အဖြစ်အပျက်တစ်ခုဖြစ်သည် ။
Black Death အား Great Plague, the Black Plague, or the Plague ဟုလည်း ခေါ်ကြသည်။
အေဒီ ( ၁၃၄၆ မှ ၁၃၅၃ ) အချိန်ထိ ဥရောပ ဒေသ အများအပြား နှင့် မြေထဲပင်လယ်ဒေသ တွင် ပလိပ်ရောဂါ အကြီးအကျယ် ဖြစ်ပွားပြီး ဥရောပ တိုက် ရှိ လူ ၄ ပုံ ၁ ပုံ ကျော် ( ၇၅ သန်းမှ သန်း ၂၀၀ ) အထိ သေဆုံးခဲ့လိမ့်မည်ဟု ခန့်မှန်းကြသည် ။
ထိုကပ်ဘေးကျရောက်ခဲ့သည့်အချိန် နှင့် အဖြစ်အပျက် ( a cycle ) ကို Black Death ဟုရည်ညွှန်း ပြောဆိုခြင်းဖြစ်သည် ။ ပလိပ်ရောဂါ ပိုးများအား အမဲရောင်ရှိသည့် ကြွက် (Black Rats ) များမှ အဓိက သယ်ဆောင်ခဲ့သည် ဟုဆိုသည် ။
ပလိပ်ရောဂါသည် ကူးစက်တတ်သည့် ရောဂါဖြစ်ကာ ရောဂါဖြစ်သည့် လူနာများမှာ အပြင်းဖျားပြီး ခေတ်မှီကုထုံး နှင့်မကုသလျှင် လူနာ ၆၀% မှာ ၅ – ရက်အတွင်း သေဆုံးလေ့ရှိတတ်သည် ။
ထိုပလိပ်ရောဂါသည် ထိုအချိန်က ကုသရန်ဆေးဝါးမရှိဘဲ ၁၈ -ရာစုအစ အထိဖြစ်ပွားခဲ့သည် ။ ဥရောပ တွင် နောက်ဆုံး ပလိပ်ရောဂါ ဖြစ်ပွားခဲ့သည့်မြို့မှာ ၁၇၂၂ အချိန်က ပြင်သစ်နိင်ငံ မာဆေးမြို့ဖြစ်သည် ။
ခေတ်သစ် ပလိပ်ရောဂါသည် အေဒီ ၁၉ -ရာစု နှောင်းပိုင်း နှင့် ၂၀ -ရာစု အစ တွင် တဖန်ဖြစ်ပွားခဲ့သော်လည်း လူအသေ အပျောက်မှာ များပြားမှု မရှိခဲ့ပေ ။
Black Death အစ
Black Death မည်ကဲ့သို့ စတင်ခဲ့သည်ကို သိပွံပညာရှင်များ နှင့် သမိုင်းပညာရှင်များမှသေချာတိကျစွာ မသိရှိကြပါ ဘူး ။ ထိုအချိန်က ပလိပ် ရောဂါ ဖြစ်ပွားသည့် နေရာများသည် မျက်လှည့်ဆန်ဆန် အလျှင်အမြန် ပြန့်နှံ့ ခဲ့သည် ။
ဥရောပ တိုက်သားများမှ ထိုရောဂါ သည် တရုတ်ဒေသ မှ စတင်ခဲ့ပြီး ပိုးလမ်းမ တလျှောက် ခရီးသွားများမှတဆင့် ဥရောပမြို့ကြီးများသို့ ရောက်ရှိလာခဲ့သည်ဟုယုံကြည်ခဲ့ကြသည် ။
ဖြစ်နိင်ခြေများကို လေ့လာခဲ့ကြပြီးနောက် ပလိပ် ရောဂါပိုးသယ်ဆောင်လာသည် ကြွက်များ အရှေ့ အလယ်ပိုင်းဒေသ မှ တဆင့် ရုရှားတောင်ပိုင်း Black sea , Caspian sea ဒေသ သို့ရောက်ရှိကာ ထိုမှတဆင့် ကုန်သွယ်လမ်းကြောင်းအတိုင်း ဥရောပ ဒေသ သို့ ပြန့်နှံ့လာခဲ့သည်ဟု မှတ်ယူခဲ့ကြသည် ။
၁၃၄၆ – ခုနှစ်တွင်ရုရှားတောင်ပိုင်းဒေသ၌ လူတွင်ဖြစ်ပွားပြီးနောက် Black Sea ပတ်ဝန်းကျင်မှ ရောမ အင်ပါယာ မြို့များသို့ပြန့်နှံ့လာခဲ့သည် ။
ရောဂါပိုးများကို ခရီးသွားကုန်သည် များမှ သယ်ဆောင်ပြီး ၁၃၄၇ တွင် အီဂျစ်နိင်ငံ အလက်ဇန်းဒါးမြို့ သို့ပြန့်နှံ့လာခဲ့သည် ။ ၁၃၄၈ အချိန်တွင် လစ်ဗျားနိင်ငံ Damascus မြို့၊ ၁၃၄၉ တွင် အီဂျစ်အပေါ ်ပိုင်း သို့ရောဂါပြန့်နှံ့ လာခဲ့သည် ။
ထိုမှတဖန် အီတလီနိင်ငံ Venetian ၊ Genoese ၊ Pisa ၊ Florence ၊ Rome ၊ Venice ဒေသ ၊ ထိုမှတဆင့် ဂျာမဏီ တောင်ပိုင်း နှင့် သြစတြေးလျ ၊ စပိန်နိင်ငံ ဘာစီလိုနာမြို့ ၊ ပြင်သစ်နိင်ငံ မာဆေးမြို့ ၊ ထိုမှတဆင့် ၁၃၄၉ တွင် အင်္ဂလန်မြို့များ သို့ ရောဂါပြန့်နှံ့ရောက်ရှိသွားခဲ့သည် ။
၁၃၄၈ မှ ၁၃၅၃ အချိန်အတွင်း ဂျာမန်ဒေသ အများအပြား နှင့် အရှေ့ဥရောပ ဒေသ တွင် ထို ရောဂါဖြစ်ပွားခဲ့သည် ။
ပလိပ်ရောဂါ လူအများအပေါ် ကူးစက်မှုအား ဆရာဝန်များမှ ရောဂါဗေဒ အမြင် ဖြင့်၎င်း ၊ ပရောဂ ကုဆရာများမှ ဘာသာရေး အမြင်ဖြင့်၎င်း တွေးတောရှူမြင်ခဲ့ကြသည် ။
တချို့က အပြစ်ရှိလူများအား ဘုရားမှ အပြစ်ပေးသည်ဟု၎င်း ၊ တချို့ကလည်း လူ့ခနွာထဲမှ ခံနိင်ရည်စွမ်းရည် အားနဲ၍ဟု၎င်း ယူဆခဲ့ကြသည် ။
တချို့မှလည်း ထိုရောဂါ အား ကြာပွတ်များကိုသုံးကာ ရိုက်နှက်ပြီး လူနာများအား ကုသလေ့ ရှိကြသည် ။
ရိုမန်ဒေသရှိ ဆရာဝန်များမှ လူ့ခန္ဓာကိုယ်ရှိ ဓါတ်သဘာဝများ ညီမျှမှူမရှိသဖြင့် ရောဂါဖြစ်ပွားသည် ၊ ထိုကြောင့် ထိုရောဂါဖြင့် သေဆုံးခြင်းမရှိစေရန် ခွန်အားရှိသည့် အစားအစာများ စားခြင်း ၊ ခန္ဓာကိုယ်အားဆေးရည်များလိမ်းပြီး စိတ်လှုပ်ရှားမှု မရှိအောင် နေသင့်သည်ဟု ယုံကြည်ကြသည် ။
ထိုပလိပ်ရောဂါသည် ၁၄ -ရာစုအကုန် ၁၅ -ရာစု အရောက်တွင် စတင်ချိန်ကကဲ့သို့ ပြင်ထန်ခြင်း ၊ ရောဂါအကြီးအကျယ်ပြန့်နှံ့ခြင်းမရှိတော့ပဲ တားဆီးလာနိုင်ခဲ့သည် ။
ပုလိပ်ရောဂါ သည် နွေရာသီ နှင့် ဆောင်းဦးရာသီတွင် ပို၍ အဖြစ်များကြောင်းသိလာကြသည် ။ လူနေထူထပ်သည့် ဒေသများ နှင့် ဆင်းရဲသားရပ်ကွက်များတွင် ပို၍ဖြစ်ပွားကြောင်း သိလာကြသည် ။
အဖျားရောဂါ ကာကွယ်ခြင်းသည် အကောင်းဆုံးရောဂါ ကာကွယ်သည့်နည်းဟု နားလည်လာကြသည် ။ ရောဂါဖြစ်ပွားသူများကို မြို့များမှနေ၍ ကျေးလက်ဒေသများသို့ရွှေ့ပြောင်းခြင်း ၊ အထူးကုသ သည့် ဆရာဝန် များ သူနာပြုများငှားရမ်းကာခွဲခြား ကုသခြင်းများပြုလုပ်လာကြသည် ။
နောက်ပိုင်းတွင် ပါတ်ဝန်းကျင် အား သန့်ရှင်းစွာ ထားခြင်း ၊ ကာကွယ်ဆေး ဖြန်းခြင်း စသည့် ရောဂါကြိုတင်ကာကွယ်ခြင်းသည် ပို၍ထိရောက်သည့် နည်းလမ်းဖြစ်ကြောင်း သိနားလည်လာကြသည် ။
၁၆ -ရာစု အချိန်တွင် ဥရောပဒေသ ၌ ကူးစက်တတ်သည့် အနာရောဂါများ မပျံ့နှံ့အောင် တားဆီးသည့် ( Quarantines ) အလုပ်ကို အထူးအလေးထားလာကြသည် ။
ပုလိပ်ရောဂါ အားအထူးကုသသည့် ဆေးရုံများပေါ်လာခဲ့သည် ။ ၁၇ -ရာစုတွင် ဒေသ ဆိုင်ရာအစိုးရများသည် ရောဂါဖြစ်ပွားသည့်ဒေသမှ လာရောက်သော ခရီးသွားများအား ကျန်းမာရေးစစ်ဆေးခံပြီးမှ ဝင်ရောက်ခွင့်ပြုခြင်းများပြုလာကြသည် ။
ထိုကဲ့သို့ကာကွယ်မှုများပြုလုပ်ခြင်းကြောင့် ဥရောပ ဒေသတွင် ထိုရောဂါ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည် ။
ပလိပ်ရောဂါ ပျောက်ကွယ် လာခြင်း
၁၅၃၀ခုနှစ် အချိန်တွင် ဥရောပ ဒေသ ၌ ရောဂါဖြစ်ပွားမှု စတင်လျော့နည်းလာခဲ့သည် ။ အင်္ဂလန် ဒေသ၌ ၁၆၆၅ အချိန်တွင်၎င်း ၊ အနောက် ဥရောပ ဒေသတွင် ၁၇၂၂ အချိန်တွင်၎င်း နောက်ဆုံး အနေဖြင့် ဖြစ်ပွားခဲ့သည် ။ ပလိပ်ရောဂါ ပျောက်ကွယ်သွားမှု နှင့် ပါတ်သက်၍ သီအိုရီ များစွာရှိခဲ့သည် ။
တချို့က ပလိပ်ရောဂါ ပိုး သယ်ဆောင်တတ်သည့် Black Rats( ကြွက်အမဲ ) အားတိုက်ခိုက်ရန် ပို၍ကြီးမားသည့် Brown Rats ( အညိုရောင်ကြွက် ) များအား အစားထိုးမွေးမြူခဲ၍ဟုဆိုသည် ။
တချို့ကလည်း ကြွက်များသယ်ဆောင်သည့် ပလိပ် ရောဂါ ပိုးများသည် သူ့အလိုလို မျိုးရိုးဗီဇ ပြောင်းလဲသွားခဲ့သည်ဟု ဆိုကြသည် ။
သို့သော်လည်း ၁၉ – ရာစုအထိ ဆရာဝန် များသည် ထို ပလိပ်ရောဂါ ကို မည်သည့် သန္ဓေမျိုးစေ့ မှဖြစ်ပွားလာသည်ကို နားမလည်ကြပဲ ကာကွယ်ဆေးလည်း မရှိခဲ့ပေ ။
ပလိပ်ရောဂါ ၏ သက်ရောက်မှု
Black Death နှင့် တခြား ပလိပ်ရောဂါ၏ အကျိုးဆက်မှာ အလွန်များပြားခဲ့သည် ။ ရောဂါဖြစ်ပွားသည့် လူများ ( အများအားဖြင့် ဆင်းရဲသားများ ၊ ကျွန်များ ၊ ဂျူးလူမျိုးများ ) သည် အဆိပ်ခပ်ပြီး အသတ်ခံခဲ့ရသည် ။
ထိုအခါ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များမှ ဝင်ရောက် ဖြန်ဖြေမှုများပြုလုပ်လာရသည် ။ နောက်ပိုင်းလူမျိုးရေးပြသနာ ဖြစ်ပွားလာကာ ရောဂါမရှိသည့် ဂျူးများလည်း အတိုက်အခိုက်ခံလာရသည် ။
Black Death ဖြစ်ပွားခဲ့ချိန်သည် ဥရောပ တွင် ကျောက်ရွံ့မှု နှင့် ရက်စက်မှုများ ရောထွေးနေသည့် အချိန် ဖြစ်သည် ။ နောက်ဆုံး ဥရောပ တွင် လူဦးရေ ၃ ပုံ ၁ ပုံ လျော့နည်း သွားခဲ့သည် ။
တချို့ ဥရောပမြို့များတွင် လူဦးရေ တဝက် ခန့် လျော့နည်း သွားခဲ့သည် ။ လူဦးရေ ၁၂၀၀၀ ခန့်နေထိုင်သည့် ဘာလင်မြို့တွင် လူ ၇၀၀၀ ခန့်ပျောက်သွားခဲ့သည် ။
လူဦးရေ ၉ – သောင်းခန့်နေသည့် အီတလီနိင်ငံ Florence မြို့တွင် လူ ၄ – သောင်းခန့် ပျောက်သွားခဲ့သည် ။ လူဦးရေ ၁သိန်း ၈ သောင်းရှိသည့် ပဲရစ်မြို့တွင် လူ ၅ – သောင်းခန့်ပျောက်သွားခဲ့သည် ။
မြို့အများအပြားတွင် သေဆုံးသူများကို အစုလိုက်အပြုံ လိုက် အလျင်အမြန် မြုပ်နှံရန် အတင်းအကျပ်စီစဉ်ခဲ့ကြရသည် ။ မြို့ကြီးများတွင် အလုပ်ရှင် ၊ အလုပ်သမား ၊ စစ်သား ၊ ဆရာဝန် စသည်ဖြင့် လူတန်းစားပေါင်းစုံ သေဆုံးသူများထဲ တွင်ပါဝင်ခဲ့သည် ။
ဥရောပ ဒေသ ၏ စီးပွားရေး ၊ လူမှုရေး ၊ စစ်အင်အားစသည်ဖြင့် အဖက်ဖက်မှကျဆင်းခဲ့သည် ။ Black Death ဖြစ်ပွားပြီးနောက် ဘာသာရေး နှင့် ဆေးပညာ နယ်ပါယ်တွင် အပြောင်းအလဲများဖြစ်လာခဲ့သည် ။
ပြသနာများကို ပုပ်ရဟန်းမင်းများမှ ဘာသာရေးအမြင် နှင့်ဖြေရှင်းခဲ့သဖြင့် ဘာသာရေးပြန်လည် ထွန်းတောက်လာခဲ့သည် ။ ထိုအချိန်က ပလိပ်ရောဂါ ကို ကာကွယ်တားဆီးရာတွင် ထင်ရှားသည် ဘာသာရေး ခေါင်းဆောင်မှာ ပုပ်ရဟန်းမင်းကြီး St. Roch ဖြစ်သည် ။
အမှန်တော့ပလိပ်ရောဂါ ကို တိုက်ဖျက်ခဲ့သည့် ပထမဆုံး အရေးကြီးအတွေးအခေါ်မှာ လူအများအား ရောဂါကြို တင် ကာကွယ် ရန် နှင့် မပျံ့နှံ့အောင် တားဆီးသည့် ( Quarantines ) အလုပ် များဖြစ်သည် ။ ၁၈၈၀ အချိန်ရောက်မှ ဥရောပ တွင်
Cholera အမည်ရ ကျန်းမာရေးဆိုင်ရာ အဓိက ရောဂါများကို ကုသသည့် ဆေးပေါ်ပေါက်လာခဲ့သည် ။
ထိုဆေးကို ဂျာမန် ပညာရှင် Robert Koch မှ ရှာဖွေတွေ့ရှိခဲ့သည် ။ သူသည် ၁၉၀၅ – ခုနှစ်တွင်နိုဘယ်ဆုကို ရရှိခဲ့ပြီး ခေတ်သစ် ရောဂါပိုးမွှားအတတ်ပညာ ( bacteriology ) ပညာရပ်၏ ဖခင်တစ်ဦးဖြစ်သည် ။
Academy Page