အေထြေထြဗဟုသုတ

အချစ်ကို တန်ဖိုးထားပြီး မြတ်နိုးတတ်သူတွေမှာ တွေ့ရတဲ့ လက္ခဏာရပ်များ

အခ်စ္ကို လူတုိင္း ၾကံဳတတ္ၾကေပမယ့္လည္း အခ်စ္ကို ခံစားၾကပံုေတြ မတူညီၾကပါဘူး။

တစ္ခ်ိဳ႕ေတြကေတာ့ ခံစားမႈ သက္သက္လိုပဲ သေဘာထားၾကေပမယ့္ တစ္ခ်ိဳ႕ကေတာ့ တာဝန္ဝတၱရား တစ္ခုလိုပါ ေတြးထားတတ္ၾကပါတယ္။

အခ်စ္ကို ျမတ္ႏိုးတန္ဖိုးထားတတ္တဲ့သူေတြမွာေတာ့ အခုလို လကၡဏာရပ္ေတြ ရွိေနတတ္ပါတယ္။

(၁) သစၥာ ရွိတယ္

အခ်စ္ဆိုတာကို တန္ဖိုးထားတဲ့သူေတြက ဒီလို ခ်စ္ေနတဲ့ ဆက္ဆံေရး တစ္ခုကိုပါ တန္ဖိုးထားၿပီး သစၥာရွိစြာ ခ်စ္တတ္ၾကပါတယ္္။

တကယ့္ကို ျမတ္ျမတ္ႏိုးႏိုးနဲ႔ ဒီလူကသာ ကိုယ့္ရဲ႕ လက္တြဲေဖာ္ဆိုတဲ့ သေဘာနဲ႔ သစၥာရွိဖို႔ပါ ဆံုးျဖတ္ခ်က္ ခ်ထားတာမ်ိဳး ရွိတတ္ပါတယ္။

(၂) အတူေပ်ာ္ဖို႔ ႀကိဳးစားတယ္

ခ်စ္ၾကတဲ့သူေတြက အတူ ေပ်ာ္ႏိုင္ၾကပါတယ္္။ အခ်စ္ကို တန္ဖိုးထားလာတဲ့သူေတြကေတာ့ အတူ မေပ်ာ္ရင္ေတာင္မွ အတူေပ်ာ္ဖို႔ ႀကိဳးစားေနတတ္ပါတယ္။

ခ်စ္သူကိုု ေပ်ာ္ေအာင္ လုပ္ေပးရင္ အတူေပ်ာ္ရတဲ့ အခ်ိန္ေတြ မ်ားေနေအာင္ကို ဖန္တီးယူတတ္ၾကတာကေတာ့ ခ်စ္သူကို တန္ဖိုးထားလြန္းလို႔ကို ျဖစ္ပါတယ္။

(၃) အခက္အခဲေတြကို အတူရင္ဆိုင္တယ္

ခ်စ္မိသြားၿပီးတဲ့ေနာက္ ဒီဆက္ဆံေရးကို တန္ဖိုးထားတဲ့သူေတြကေတာ့ ကိုယ့္ခ်စ္သူရဲ႕ အခက္အခဲကို မ်က္စိမွိတ္ မၾကည့္ႏိုင္ၾကပါဘူး။

သူ႔ရဲ႕ အခက္အခဲက ကိုယ့္ရဲ႕ အခက္အခဲ ျဖစ္ၿပီး ႏွစ္ေယာက္အတူ ၾကံဳရတဲ့ အခက္အခဲေတြကိုလည္း အတူရင္ဆိုင္တတ္ၾကပါတယ္။

ဘယ္ေတာ့ ေရွာင္ဖို႔ မႀကိဳးစားတဲ့သူ ျဖစ္ပါတယ္။

(၄) တာဝန္ယူမႈ အျပည့္ ရွိတယ္

အခ်စ္ကို တန္ဖိုးထားတဲ့အခါ ဒီအခ်စ္ေရးကို အေကာင္းဆံုး တည္ေဆာက္သြားဖို႔ကိုပဲ အျမဲ စိတ္ကူးထားတတ္ပါတယ္။

ဒီလိုနဲ႔ ဒီအခ်စ္ေရးမွာ ရွိေနတဲ့ စိတ္ညစ္စရာေတြ၊ အတူ ရင္ဆိုင္ရတာေတြကို မၿငိဳမၿငင္နဲ႔ အျမဲ တာဝန္ယူ ေျဖရွင္းတတ္သလို ဦးစီးဦးေဆာင္တာမ်ိဳးလည္း ျပဳလုပ္တတ္ၾကပါတယ္။

(၅) တန္ဖိုးထားမႈကို အျမဲ ျပတယ္

ဒီအခ်စ္ေရးကို ဘယ္ေလာက္တန္ဖိုးထားေၾကာင္းနဲ႔ ခ်စ္တဲ့သူကိုလည္း ဘယ္ေလာက္ ျမတ္ႏိုးေၾကာင္း အျမဲ ျပသေနေလ့ ရွိၾကပါေသးတယ္။

အျမဲ တန္ဖိုးထားေၾကာင္းကို အျပဳအမူေတြ၊ လက္ေဆာင္ေတြနဲ႔ ေလးစားမႈေတြနဲ႔ ျပသတတ္ပါတယ္။

တစ္ျခားသူေတြ အားက်ေလာက္ေစတဲ့အထိကို တန္ဖိုးထားျပတတ္သူေတြလည္း ျဖစ္ေနတတ္ပါေသးတယ္။

Kham

unicode..

အချစ်ကို လူတိုင်း ကြုံတတ်ကြပေမယ့်လည်း အချစ်ကို ခံစားကြပုံတွေ မတူညီကြပါဘူး။

တစ်ချို့တွေကတော့ ခံစားမှု သက်သက်လိုပဲ သဘောထားကြပေမယ့် တစ်ချို့ကတော့ တာဝန်ဝတ္တရား တစ်ခုလိုပါ တွေးထားတတ်ကြပါတယ်။

အချစ်ကို မြတ်နိုးတန်ဖိုးထားတတ်တဲ့သူတွေမှာတော့ အခုလို လက္ခဏာရပ်တွေ ရှိနေတတ်ပါတယ်။

(၁) သစ္စာ ရှိတယ်

အချစ်ဆိုတာကို တန်ဖိုးထားတဲ့သူတွေက ဒီလို ချစ်နေတဲ့ ဆက်ဆံရေး တစ်ခုကိုပါ တန်ဖိုးထားပြီး သစ္စာရှိစွာ ချစ်တတ်ကြပါတယ််။

တကယ့်ကို မြတ်မြတ်နိုးနိုးနဲ့ ဒီလူကသာ ကိုယ့်ရဲ့ လက်တွဲဖော်ဆိုတဲ့ သဘောနဲ့ သစ္စာရှိဖို့ပါ ဆုံးဖြတ်ချက် ချထားတာမျိုး ရှိတတ်ပါတယ်။

(၂) အတူပျော်ဖို့ ကြိုးစားတယ်

ချစ်ကြတဲ့သူတွေက အတူ ပျော်နိုင်ကြပါတယ််။ အချစ်ကို တန်ဖိုးထားလာတဲ့သူတွေကတော့ အတူ မပျော်ရင်တောင်မှ အတူပျော်ဖို့ ကြိုးစားနေတတ်ပါတယ်။

ချစ်သူကိုု ပျော်အောင် လုပ်ပေးရင် အတူပျော်ရတဲ့ အချိန်တွေ များနေအောင်ကို ဖန်တီးယူတတ်ကြတာကတော့ ချစ်သူကို တန်ဖိုးထားလွန်းလို့ကို ဖြစ်ပါတယ်။

(၃) အခက်အခဲတွေကို အတူရင်ဆိုင်တယ်

ချစ်မိသွားပြီးတဲ့နောက် ဒီဆက်ဆံရေးကို တန်ဖိုးထားတဲ့သူတွေကတော့ ကိုယ့်ချစ်သူရဲ့ အခက်အခဲကို မျက်စိမှိတ် မကြည့်နိုင်ကြပါဘူး။

သူ့ရဲ့ အခက်အခဲက ကိုယ့်ရဲ့ အခက်အခဲ ဖြစ်ပြီး နှစ်ယောက်အတူ ကြုံရတဲ့ အခက်အခဲတွေကိုလည်း အတူရင်ဆိုင်တတ်ကြပါတယ်။

ဘယ်တော့ ရှောင်ဖို့ မကြိုးစားတဲ့သူ ဖြစ်ပါတယ်။

(၄) တာဝန်ယူမှု အပြည့် ရှိတယ်

အချစ်ကို တန်ဖိုးထားတဲ့အခါ ဒီအချစ်ရေးကို အကောင်းဆုံး တည်ဆောက်သွားဖို့ကိုပဲ အမြဲ စိတ်ကူးထားတတ်ပါတယ်။

ဒီလိုနဲ့ ဒီအချစ်ရေးမှာ ရှိနေတဲ့ စိတ်ညစ်စရာတွေ၊ အတူ ရင်ဆိုင်ရတာတွေကို မငြိုမငြင်နဲ့ အမြဲ တာဝန်ယူ ဖြေရှင်းတတ်သလို ဦးစီးဦးဆောင်တာမျိုးလည်း ပြုလုပ်တတ်ကြပါတယ်။

(၅) တန်ဖိုးထားမှုကို အမြဲ ပြတယ်

ဒီအချစ်ရေးကို ဘယ်လောက်တန်ဖိုးထားကြောင်းနဲ့ ချစ်တဲ့သူကိုလည်း ဘယ်လောက် မြတ်နိုးကြောင်း အမြဲ ပြသနေလေ့ ရှိကြပါသေးတယ်။

အမြဲ တန်ဖိုးထားကြောင်းကို အပြုအမူတွေ၊ လက်ဆောင်တွေနဲ့ လေးစားမှုတွေနဲ့ ပြသတတ်ပါတယ်။

တစ်ခြားသူတွေ အားကျလောက်စေတဲ့အထိကို တန်ဖိုးထားပြတတ်သူတွေလည်း ဖြစ်နေတတ်ပါသေးတယ်။

Kham