unicode
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်လေးတွေဟာ လွတ်မြောက်နယ်မြေ တစ်နေရာ
တွင် အခက်အခဲတွေမျိုးစုံရှိနေတဲ့ကြားက အဆင်ပြေအောင် နေထိုင်နေကြရတာ ဖြစ်
ပါတယ်။ မိုးရာသီကာလဖြစ်တာကြောင့် အမိုးအကာလုံလောက်မှုမရှိတဲ့အတွက်
ညလုံးပေါက်မိုးရွာတဲ့အခါ ချမ်းအေးတဲ့ ဒဏ်ကို အလူးအလဲခံစားနေကြရတာ ဖြစ်ပါ
တယ်။ မကြာသေးခင် နာရီပိုင်းလောက်က KPDF ရဲဘော်လေးတစ်ဦးရဲ့လူမှုကွန်ယက်
တွင်တစ်ညလုံး မိုးရွာထားတာကြောင့် အအေးဒဏ်ကို သေမတတ်ခံစားနေရတဲ့ သူတို့
ရဲ့အဖြစ်ကို ရင်ဖွင့်ရေးသားပြောပြလာတာ ဖြစ်ပါတယ်။
သူတို့လေးတွေဟာ ရာသီဥတုဒဏ်တွေကို ခံစားနေရရုံသာမကဘဲ တိုက်ပွဲကြောင့်
ထမင်းထုပ်လာမပို့နိုင်တဲ့ နေ့များတွင်လည်း ခေါက်ဆွဲခြောက်ထုတ်နဲ့ ဗိုက်ဖြည့်ပြီး
ဖြတ်သန်းနေခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို ကြိုးစားခဲ့တာတွေအတွက် တစ်နေ့မှ
စစ်မှန်တဲ့ ဒီမိုကရေစီကို ရကို ရမယ်လို့ ယုံကြည်ချက်တွေနဲ့ ရှေ့ဆက်လျှောက်လှမ်းနေ
ကြောင်းရေးသားထားတာ ဖြစ်ပါတယ်။ မိဘရဲ့ အရိပ်အောက်မှာ အပူပင်ကင်းစွာ
နေထိုင်ရမယ့် လူငယ်လေးတွေဟာအာဏာရလက်နက်ကိုင်အဖွဲ့များကို အမြစ်ပြတ်
ချေမှုန်းဖို့အတွက် တောထဲတွင် ပင်ပန်းဆင်းရဲစွာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။
သူတို့လေးတွေရဲ့ စိတ်ဓာတ်ပြင်းထန်မှုတွေကိုမြင်ပြီး ပြည်သူတွေအားလုံးကလည်း
အရေးတော်ပုံမုချအောင်ရမယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။ လွတ်မြောက်
နယ်မြေများတွင် တော်လှန်ရေးတိုက်ပွဲများအတွက် ပြင်ဆင်နေကြတဲ့ ပြည်သူ့
ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား လိုအပ်တဲ့ ထောက်ပံ့မှုတွေ ကူညီပေးကြဖို့ လိုအပ်လှ
ပါတယ်။PDF လူငယ်လေးတွေအားလုံး ဘေးမသီရန်မခဘဲ တိုက်ပွဲတိုင်းအောင်နိုင်ပါ
စေလို့ ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက် ရပါ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်လေးတွေဟာ လွတ်မြောက်နယ်မြေတစ်နေရာ
creid