အေထြေထြဗဟုသုတ

ကြက်ဥပြုတ် နေ့စဉ်စားပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူး(၄)ခု

ၾကက္ဥျပဳတ္ ေန႔စဥ္စားေပးျခင္းေၾကာင္ ့ရ႐ွိလာမယ့္ အက်ိဳးေက်းဇူး(၄)ခု

ၾကက္ဥစားေပးျခင္းက လူေတြ အတြက္ ေကာင္းက်ိဳးေတြ အမ်ားႀကီး႐ွိတယ္ဆုိတာေတာ့ အၾကမ္းဖ်င္း သိၿပီးၾက ျဖစ္မွာပါ။

ဒီတစ္ေခါက္ေတာ့ ၾကက္ဥျပဳတ္ ေန႔႔စဥ္စားေပးျခင္းအားျဖင့္ မယံုၾကည္ ႏုိင္ေလာက္ေအာင္ အက်ိဳးေက်းဇူးေတြ မ်ားတယ္ ဆုိတာကို ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

(1) ကိုလက္စထေရာကို ေကာင္းမြန္ေစတယ္

ႀကည္ဥျပဳတ္က ခႏၶာကိုယ္ ထဲမွာ ႐ွိတဲ့ ေကာင္းတဲ့ ကိုလက္စထေရာေတြကို တိုးျမွင့္ေစပါတယ္။ ခႏၶာကိုယ္မွာ ေကာင္းမြန္တဲ့ ကို္လက္စထေရာေတြ ျမွင့္တက္လာတဲ့အခါ ႏွလံုးနဲ႔ ပတ္သက္တဲ့ ေရာဂါ၊ေလျဖတ္ျခင္းနဲ႔ တစ္ျခားေသာ ခႏၶာကိုယ္ပိုင္းဆုိင္ရာ ျပသနာေတြ မျဖစ္ေပၚေအာင္ တားဆီးေပး ပါတယ္။

ေလ့လာခ်က္ေတြအရ တစ္ေန႔ကို ၾကက္ဥျပဳတ္ ႏွစ္လံုးစီေျခာက္လတိတိ စားတဲ့ အခါမွာေတာ့ ခႏၶာကိုယ္ရဲ႕ လုပ္ေဆာင္မႈေတြဟာ အရမ္းကို ေကာင္းမြန္လာတာကို ေတြ႔ရပါတယ္။

(2) ပ႐ုိတန္းဓာတ္ကို ရ႐ွိေစၿပီး ဝိတ္ကိုက်ေစတယ္

ခႏၶာကုိယ္မွာ ပ႐ုိတိန္းဓာတ္ ကေတာ့ မ႐ွိမျဖစ္ အေရးႀကီးတဲ့ အရာတစ္ခု ျဖစ္ၿပီးေတာ့ ဒါက ခႏၶာကိုယ္ ႀကံခုိင္ဖုိ႔၊ တီသွ်ဴးေတြ အသစ္ျဖစ္ဖုိ႔နဲ႔ ခႏၶာကိုယ္ရဲ႕ လုပ္ေဆာင္ခ်က္ ေတာ္ေတာ္မ်ားမ်ားမွာ ပါဝင္ ပတ္သက္ေန ပါတယ္။

ၾကက္ဥတစ္လံုးမွာ ပ႐ုိတိန္း 6 grams ေလာက္ ပါဝင္ၿပီးေတာ့ ခႏၶာကိုယ္မွာ ပ႐ုိတိန္းဓာတ္ လံုေလာက္စြာ ရ႐ွိ တဲ့အခါ အ႐ုိးေတြကို ဆြဲဆန္႔ေစၿပီး ၾကြက္သားေတြကို သန္မာကာ ဝိတ္ကို က်ေစႏုိ္င္ ပါတယ္။

(3) မ်က္လံုးအတြက္ ေကာင္းမြန္ေစတယ္

ၾကက္ဥျပဳတ္မွာ antioxidant ႏွစ္မ်ိဳးျဖစ္တဲ့ lutein and zeaxanthin ဆုိတဲ့ ဓာတ္ႏွစ္မ်ိဳး ပါဝင္ပါတယ္။

ဒီဓာတ္ႏွစ္မ်ိဳးက မ်က္လံုးနဲ႔ ပတ္သက္တဲ့ အရာေတြနဲ႔ မ်က္လံုးရဲ႕ အျမင္အာ႐ံုေတြ အတြက္ ေကာင္းမြန္ေစတဲ့ ဓာတ္ေတြျဖစ္လုိ႔ ၾကက္ဥျပဳတ္စားေပးျခင္းက မ်က္လံုးအတြက္ တကယ့္ကို အေထာက္အကူျပဳေစ ပါတယ္။

(4) ဦးေႏွာက္က်န္းမာေရး

ခႏၶကိုယ္မွာ ႐ႈပ္ေထြးတဲ့ ဖြဲ႔စည္းတည္ေဆာက္ ပံု႐ွိတဲ့ ဦးေႏွာက္က လူတစ္ေယာက္ရဲ႕ အေရးအႀကီးဆံုး အစိတ္အပိုင္းပဲ ျဖစ္ပါတယ္။

ၾကက္ဥမွာ လုိအပ္တဲ့ ဓာတ္သတၱဳဓာတ္ေတြနဲ႔ ဆဲလ္ေတြရဲ႕ လုပ္ေဆာင္မႈ ႏႈန္းကို ျမွင့္တင္ေစေပးတဲ့ အတြက္ မွတ္ဥာဏ္ေတြ၊ အာ႐ံုခံအဖြဲ႔အစည္းေတြနဲ႔ ဇီဝျဖစ္စဥ္ေတြအတြက္ တကယ့္ကို ေကာင္းက်ိဳးျဖစ္ေစပါတယ္။

Khin

Credit

Unicode

ကြက်ဥပြုတ် နေ့စဉ်စားပေးခြင်းကြောင့်ရရှိလာမယ့် အကျိုးကျေးဇူး(၄)ခု

ကြက်ဥစားပေးခြင်းက လူတွေ အတွက် ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုတာတော့ အကြမ်းဖျင်း သိပြီးကြ ဖြစ်မှာပါ။

ဒီတစ်ခေါက်တော့ ကြက်ဥပြုတ် နေ့စဉ်စားပေးခြင်းအားဖြင့် မယုံကြည် နိုင်လောက်အောင် အကျိုးကျေးဇူးတွေ များတယ် ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

(1) ကိုလက်စထရောကို ကောင်းမွန်စေတယ်

ကြည်ဥပြုတ်က ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ ကောင်းတဲ့ ကိုလက်စထရောတွေကို တိုးမြှင့်စေပါတယ်။ ခန္ဓာကိုယ်မှာ ကောင်းမွန်တဲ့ က်ိုလက်စထရောတွေ မြှင့်တက်လာတဲ့အခါ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါ၊လေဖြတ်ခြင်းနဲ့ တစ်ခြားသော ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြသနာတွေ မဖြစ်ပေါ်အောင် တားဆီးပေး ပါတယ်။

လေ့လာချက်တွေအရ တစ်နေ့ကို ကြက်ဥပြုတ် နှစ်လုံးစီခြောက်လတိတိ စားတဲ့ အခါမှာတော့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေဟာ အရမ်းကို ကောင်းမွန်လာတာကို တွေ့ရပါတယ်။

(2) ပရိုတန်းဓာတ်ကို ရရှိစေပြီး ဝိတ်ကိုကျစေတယ်

ခန္ဓာကိုယ်မှာ ပရိုတိန်းဓာတ် ကတော့ မရှိမဖြစ် အရေးကြီးတဲ့ အရာတစ်ခု ဖြစ်ပြီးတော့ ဒါက ခန္ဓာကိုယ် ကြံခိုင်ဖို့၊ တီသျှူးတွေ အသစ်ဖြစ်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက် တော်တော်များများမှာ ပါဝင် ပတ်သက်နေ ပါတယ်။

ကြက်ဥတစ်လုံးမှာ ပရိုတိန်း 6 grams လောက် ပါဝင်ပြီးတော့ ခန္ဓာကိုယ်မှာ ပရိုတိန်းဓာတ် လုံလောက်စွာ ရရှိ တဲ့အခါ အရိုးတွေကို ဆွဲဆန့်စေပြီး ကြွက်သားတွေကို သန်မာကာ ဝိတ်ကို ကျစေန်ိုင် ပါတယ်။

(3) မျက်လုံးအတွက် ကောင်းမွန်စေတယ်

ကြက်ဥပြုတ်မှာ antioxidant နှစ်မျိုးဖြစ်တဲ့ lutein and zeaxanthin ဆိုတဲ့ ဓာတ်နှစ်မျိုး ပါဝင်ပါတယ်။

ဒီဓာတ်နှစ်မျိုးက မျက်လုံးနဲ့ ပတ်သက်တဲ့ အရာတွေနဲ့ မျက်လုံးရဲ့ အမြင်အာရုံတွေ အတွက် ကောင်းမွန်စေတဲ့ ဓာတ်တွေဖြစ်လို့ ကြက်ဥပြုတ်စားပေးခြင်းက မျက်လုံးအတွက် တကယ့်ကို အထောက်အကူပြုစေ ပါတယ်။

(4) ဦးနှောက်ကျန်းမာရေး

ခန္ဓကိုယ်မှာ ရှုပ်ထွေးတဲ့ ဖွဲ့စည်းတည်ဆောက် ပုံရှိတဲ့ ဦးနှောက်က လူတစ်ယောက်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းပဲ ဖြစ်ပါတယ်။

ကြက်ဥမှာ လိုအပ်တဲ့ ဓာတ်သတ္တုဓာတ်တွေနဲ့ ဆဲလ်တွေရဲ့ လုပ်ဆောင်မှု နှုန်းကို မြှင့်တင်စေပေးတဲ့ အတွက် မှတ်ဉာဏ်တွေ၊ အာရုံခံအဖွဲ့အစည်းတွေနဲ့ ဇီဝဖြစ်စဉ်တွေအတွက် တကယ့်ကို ကောင်းကျိုးဖြစ်စေပါတယ်။

Khin

Credit