ခ်စ္ရသူနဲ႔မေဝးရေအာင္ Toxic Relationship ကို အဖတ္ဆယ္ႏုိင္မယ့္နည္းလမ္း (၅) ခု
Toxic relationship ဆိုတာ အျမဲတမ္း ရန္ျဖစ္ျငင္းခုန္ေနရမယ္၊ တစ္ဖက္ဖက္က အရမ္းအတၱႀကီးလြန္းေနမယ္၊ ရည္းစားထားတာနဲ႔မဟုတ္ဘဲ အခ်ဳပ္က်ေနသလို ခံစားေနရမယ္၊ အႏုိင္က်င့္ခံရမယ္၊ လႊမ္းမိုးမႈခံေနရမယ္၊ ေဖာက္ျပန္မႈေတြပါေနမယ္ စသျဖင့္ေပါ့ … ။
မေကာင္းတဲ့အျဖစ္အပ်က္ေတြ အားလံုးရွိေနတာေတာင္ ႏွစ္ဦးႏွစ္ဖက္ ခ်စ္တဲ့စိတ္ေလးတစ္ခုတည္းနဲ႔ ဖက္တြယ္ေနတာကို toxic relationship လို႔ေခၚပါတယ္။
ဒီလိုအဆိပ္အေတာက္ျဖစ္ေစတဲ့ relationship မ်ိဳးဟာ ျဖတ္ေတာက္ပစ္လိုက္သင့္ေပမယ့္လို႔ ခ်စ္ရတဲ့လူနဲ႔ မေဝးရေလေအာင္ ဒီအခ်က္ေလးေတြကိုနမူနာယူၿပီး ျပင္ဆင္ၾကည့္ရေအာင္လား။
(၁) ခဏေလာက္အဆက္သြယ္ျဖတ္လိုက္ပါ
Take a break ေပါ့။ သူနဲ႔ကိုယ္နဲ႔ၾကား ဆက္သြယ္မႈေတြကို ျဖတ္ေတာက္လိုက္တဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ႕ တန္ဖိုးကို သိလာပါလိမ့္မယ္။
(၂) ျပႆနာရဲ႕အရင္းအျမစ္ကိုရွာပါ
ဘာေၾကာင့္ toxic ျဖစ္ရတာလဲဆိုတာကို ရွာပါ။ ကိုယ္ဟာလည္း ကိုယ့္ရဲ႕ျပစ္ခ်က္ေတြကို ျပန္သံုးသပ္ပါ။ သူဟာလည္း သူ႕ရဲ႕အျပစ္ေတြကို ျပန္သံုးသပ္ခုိင္းလိုက္ပါ။ တစ္ေယာက္ရဲ႕အျပစ္ တစ္ေယာက္ျမင္ေနမယ့္အစား ကုိယ့္အျပစ္ေတြကို ျမင္ေအာင္ၾကည့္ပါ။ လူတုိင္း အေကာင္းခ်ည္းပဲမဟုတ္ပါဘူး။
(၃) စိတ္ကိုရင့္က်က္ပါေစ
ဘယ္သူမွားမွား၊ ဘယ္သူမွန္မွန္ေပါ့။ အျမဲတမ္း ထစ္ခနဲရွိျပႆနာရွာတာေတြ၊ အက်ိဳးဆက္ကို မစဥ္းစားဘဲ ခဏတာစိတ္သင္သာဖုိ႔အတြက္ ထင္တုိင္းၾကဲတာေတြမျဖစ္ေတာ့ေအာင္လို႔ ရင့္က်က္ဖို႔ ႀကိဳးစားပါ။
(၄) အျပစ္မတင္ပါနဲ႔
ျပႆနာတစ္ခုျဖစ္လာတာနဲ႔ မေကာင္းတဲ့အခ်က္ေတြကိုပဲ နင္းၿပီးေျပာ၊ အျပစ္ေတြတင္ေနတာမ်ိဳးေတကို ရပ္တန္႔ပစ္လိုက္ပါေတာ့။ မဟုတ္ရင္ ဒီအဆိပ္အေတာက္ျဖစ္ေစတဲ့ အခ်စ္ေရးထဲကေန ရုန္းထြက္လို႔ရမွာမဟုတ္ပါဘူး။
(၅) ေျပာင္းလဲမႈေတြကို တည္တံ့ပါေစ
ေခြးၿမီးေကာက္က်ည္ေတာက္စြပ္ဆိုသလိုပဲ ျဖစ္ျဖစ္ခ်င္းမွာေတာ့ ျပင္ေနေပမယ့္လို႔ ေနာက္ပိုင္း ဒံုရင္းက ဒံုရင္းပဲ ျပန္မျဖစ္ဖုိ႔ သင့္ဖက္က ႀကိဳးစားပါ။ သူ႕ဖက္က ဒီလိုျဖစ္ေနၿပီဆိုရင္ေတာ့ လမ္းခြဲလိုက္တာ အေကာင္းဆံုးပါပဲ။
penny
Unicode
ချစ်ရသူနဲ့မဝေးရအောင် Toxic Relationship ကို အဖတ်ဆယ်နိုင်မယ့်နည်းလမ်း (၅) ခု
Toxic relationship ဆိုတာ အမြဲတမ်း ရန်ဖြစ်ငြင်းခုန်နေရမယ်၊ တစ်ဖက်ဖက်က အရမ်းအတ္တကြီးလွန်းနေမယ်၊ ရည်းစားထားတာနဲ့မဟုတ်ဘဲ အချုပ်ကျနေသလို ခံစားနေရမယ်၊ အနိုင်ကျင့်ခံရမယ်၊ လွှမ်းမိုးမှုခံနေရမယ်၊ ဖောက်ပြန်မှုတွေပါနေမယ် စသဖြင့်ပေါ့ … ။
မကောင်းတဲ့အဖြစ်အပျက်တွေ အားလုံးရှိနေတာတောင် နှစ်ဦးနှစ်ဖက် ချစ်တဲ့စိတ်လေးတစ်ခုတည်းနဲ့ ဖက်တွယ်နေတာကို toxic relationship လို့ခေါ်ပါတယ်။
ဒီလိုအဆိပ်အတောက်ဖြစ်စေတဲ့ relationship မျိုးဟာ ဖြတ်တောက်ပစ်လိုက်သင့်ပေမယ့်လို့ ချစ်ရတဲ့လူနဲ့ မဝေးရလေအောင် ဒီအချက်လေးတွေကိုနမူနာယူပြီး ပြင်ဆင်ကြည့်ရအောင်လား။
(၁) ခဏလောက်အဆက်သွယ်ဖြတ်လိုက်ပါ
Take a break ပေါ့။ သူနဲ့ကိုယ်နဲ့ကြား ဆက်သွယ်မှုတွေကို ဖြတ်တောက်လိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရဲ့ တန်ဖိုးကို သိလာပါလိမ့်မယ်။
(၂) ပြဿနာရဲ့အရင်းအမြစ်ကိုရှာပါ
ဘာကြောင့် toxic ဖြစ်ရတာလဲဆိုတာကို ရှာပါ။ ကိုယ်ဟာလည်း ကိုယ့်ရဲ့ပြစ်ချက်တွေကို ပြန်သုံးသပ်ပါ။ သူဟာလည်း သူ့ရဲ့အပြစ်တွေကို ပြန်သုံးသပ်ခိုင်းလိုက်ပါ။ တစ်ယောက်ရဲ့အပြစ် တစ်ယောက်မြင်နေမယ့်အစား ကိုယ့်အပြစ်တွေကို မြင်အောင်ကြည့်ပါ။ လူတိုင်း အကောင်းချည်းပဲမဟုတ်ပါဘူး။
(၃) စိတ်ကိုရင့်ကျက်ပါစေ
ဘယ်သူမှားမှား၊ ဘယ်သူမှန်မှန်ပေါ့။ အမြဲတမ်း ထစ်ခနဲရှိပြဿနာရှာတာတွေ၊ အကျိုးဆက်ကို မစဉ်းစားဘဲ ခဏတာစိတ်သင်သာဖို့အတွက် ထင်တိုင်းကြဲတာတွေမဖြစ်တော့အောင်လို့ ရင့်ကျက်ဖို့ ကြိုးစားပါ။
(၄) အပြစ်မတင်ပါနဲ့
ပြဿနာတစ်ခုဖြစ်လာတာနဲ့ မကောင်းတဲ့အချက်တွေကိုပဲ နင်းပြီးပြော၊ အပြစ်တွေတင်နေတာမျိုးတေကို ရပ်တန့်ပစ်လိုက်ပါတော့။ မဟုတ်ရင် ဒီအဆိပ်အတောက်ဖြစ်စေတဲ့ အချစ်ရေးထဲကနေ ရုန်းထွက်လို့ရမှာမဟုတ်ပါဘူး။
(၅) ပြောင်းလဲမှုတွေကို တည်တံ့ပါစေ
ခွေးမြီးကောက်ကျည်တောက်စွပ်ဆိုသလိုပဲ ဖြစ်ဖြစ်ချင်းမှာတော့ ပြင်နေပေမယ့်လို့ နောက်ပိုင်း ဒုံရင်းက ဒုံရင်းပဲ ပြန်မဖြစ်ဖို့ သင့်ဖက်က ကြိုးစားပါ။ သူ့ဖက်က ဒီလိုဖြစ်နေပြီဆိုရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။
penny