ကျန်းမာရေး ျပည္တြင္းသတင္း

မြင်းခြံမြို့မှ မန္တလေးဆေးရုံကြီးသို့ ဆေးလာကုသသည့် အမျိုးသားတွင် ကိုဗစ်ရောဂါတွေ့

(ပေါ့ဆလို့ လုံးဝမရတော့ပါ)

မြင်းခြံမြို့မှ မန္တလေးဆေးရုံကြီးသို့ ဆေးလာကုသသည့် အမျိုးသားတွင် ကိုဗစ် ရောဂါတွေ့

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးလာကုသသည့် အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုဗစ် ရောဂါ စစ်ဆေးတွေ့ ရှိကြောင်း မန္တလေးအထွေထွေရောဂါကုဆေးရုံကြီမှ သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သြဂုတ်လ ၃၁ ရက် ညပိုင်းက ထုတ်ပြန်ချက်တွင် စံချိန်တင်တွေ့ရှိမှုအဖြစ် ပိုးတွေ့လူနာသစ် ၉၅ ဦးထိရှိရာ မန္တလေးမြို့မှ မန္တလေးမြို့မှ ၇ ဦးမြောက် ကိုဗစ် အတည်ပြု ပိုးတွေ့လူနာသစ် ပါရှိခဲ့ခြင်းဖြစ်သည်။

“တစ်ဦးပါပါတယ်၊ဒီနေ့ည ထုတ်ပြန်တာမှာ သူက မန္တလေးက မဟုတ်ဘူး၊ မြင်းခြံမြို့ကပါ၊ မြင်းခြံမှာ ဖျားလို့ဆိုပြီး ဆရာဝန်နဲ့ပြပြီး မသက်သာလို့ မန္တလေးမှာ ဆေးခန်းလာပြတာ၊ အဲဒီမှာ ဆရာဝန်က ကြည့်ပြီးတော့ ကျမတို့ ဆေးရုံကြီးကို လွှဲပေးလိုက်တာပါ၊ သူ့ကို ကျမတို့က စောင့်ကြပ်ကြည့်ရှုလူနာထဲမှာ ထည့်ထားပြီးတော့ Swab ယူပြီး စစ်ခဲ့တာဟု မန္တလေးအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

ပိုးတွေ့လူနာသစ်သည် မြင်းခြံမြို့၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သူဖြစ် အသက် ၄၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ပိုးတွေ့လူနာနှင့် ထိတွေ့မရှိသလို နိုင်ငံခြားခရီးသွားရာဇဝင်လည်း မရှိဘဲ လွန်ခဲ့သည့် ၂၁ ရက်အတွင်းက ပြည်တွင်း ခရီးသွားရာဇဝင်ရှိကြောင်း သိရသည်။

ပိုးတွေ့လူနာအမျိုးသားသည် ပြည်တွင်းခရီးစဉ်အဖြစ် ရန်ကုန်မြို့မှ မြင်းခြံမြို့နေအိမ်သို့ သြဂုတ်လ ၁၈ ရက်နေ့က ပြန်လည်ရောက်ရှိလာပြီးနောက် ဖျားနာမှု ရှိလာခြင်းကြောင့် ဆေးခန်းပြသရာက မသက်သာသဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံသို့ လာရောက်ပြသခဲ့ကြောင်း သိရသည်။

ပုဂ္ဂလိကဆေးရုံသို့ သြဂုတ်လ ၃၀ ရက်နံနက်ပိုင်းက လာရောက်ပြသခဲ့ပြီး မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သဖြင့် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဟု သိရသည်။

“မနေ့က Swab ယူပြီး စစ်ခဲ့တာ ဒီနေ့ အဖြေထွက်တာပါ၊ သူ့ကို ဆေးရုံကြီးမှာ သီးသန့်ထားပြီးတော့ အဖြေထွက်လာ တာကြောင့် ကန်တော်နဒီကို ပို့လိုက်ပါပြီ၊ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုတော့ မရှိပါဘူး၊ ရန်ကုန်ကို ခရီးသွားရာဇဝင်လေးတော့ ရှိတယ်ဟု ဒေါက်တာစုစုဒွေးက ဆက်လက်ပြောသည်။

ယခုအခါ ကိုဗစ် အတည်ပြု ပိုးတွေ့လူနာ နေထိုင်ခဲ့သည့် မြင်းခြံမြို့ ၆ ရပ်ကွက်ရှိ နေအိမ်ကို Lock Down ပြုလုပ်ထားပြီးပိုးသတ်ဆေးဖြန်းခြင်းများလည်း စတင်ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ပိုးတွေ့လူနာရဲ့ အိမျကျို ယာယီပိတ်ခိုင်းထားတယ်၊ ထိတွေ့မှု ရှိနိုင်တဲ့သူတွေကိုလည်း Home Quarantine နေဖို့ ပြောထားပါတယ်၊ ထိတွေ့မှုရှိနိုင်တဲ့သူတွေကိုလည်း စုံစမ်းနေတယ်လို့ သိရတယ်၊ အခုလောလောဆယ်မှာ သူနေတဲ့ ရပ်ကွက်ကို ပိုးသတ်ဆေးတွေ ဖြန်းဖို့လုပ်နေကြပါတယ်၊ လူမှုရေးအသင်းကားတွေလည်း ရောက်နေကြပါတယ်ဟု မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်တွင်နေထိုင်သည့် ကိုလင်းနိုင်ဦးက ပြောသည်။

ထို့အပြင် နေအိမ်တွင် ကျန်ရှိနေသော ပိုးတွေ့လူနာ၏ မိသားစုဝင်များကိုလည်း အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း (Facility Quarantine)နှင့် ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိမှာတော့ ပိုးတွေ့လူနာရဲ့ မိသားစုဝင်တွေကို အသွားအလာ ကန့်သတ်စောင့်ကြည့်ဖို့ လုပ်ထားတယ်၊ သူ့ရဲ့ ထိတွေ့မှုတွေကိုလည်း လိုက်နေတုန်း ရှိပါသေးတယ်၊ မိသားစုဝင်တွေကိုတော့ Swab ယူပြီး စစ်ဆေးသွားမယ်ဟု မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ တိုင်းဦးစီးမှုး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

ယခုအခါ ပိုးတွေ့လူနာအား ၆၂လမ်းပေါ်ရှိ ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ထားပြီး မန္တလေးမြို့၌ အတည်ပြုလူနာ နှစ်ဦးအား ဆေးဝါးကုသ မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

Credit- နိုင်ထူး

(ေပါ့ဆလို႔ လုံးဝမရေတာ့ပါ)

ျမင္းၿခံၿမိဳ႕မွ မႏၲေလးေဆး႐ုံႀကီးသို႔ ေဆးလာကုသသည့္ အမ်ိဳးသားတြင္ ကုိဗစ္ ေရာဂါေတြ႕

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕မွ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ ေဆးလာကုသသည့္ အသက္ ၄၇ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးတြင္ ကုိဗစ္ ေရာဂါ စစ္ေဆးေတြ႕ ရွိေၾကာင္း မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီမွ သိရသည္။

က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ ၾသဂုတ္လ ၃၁ ရက္ ညပိုင္းက ထုတ္ျပန္ခ်က္တြင္ စံခ်ိန္တင္ေတြ႕ရွိမႈအျဖစ္ ပိုးေတြ႕လူနာသစ္ ၉၅ ဦးထိရွိရာ မႏၲေလးၿမိဳ႕မွ မႏၲေလးၿမိဳ႕မွ ၇ ဦးေျမာက္ ကုိဗစ္ အတည္ျပဳ ပိုးေတြ႕လူနာသစ္ ပါရွိခဲ့ျခင္းျဖစ္သည္။

“တစ္ဦးပါပါတယ္၊ဒီေန႔ည ထုတ္ျပန္တာမွာ သူက မႏၲေလးက မဟုတ္ဘူး၊ ျမင္းၿခံၿမိဳ႕ကပါ၊ ျမင္းၿခံမွာ ဖ်ားလို႔ဆိုၿပီး ဆရာ၀န္နဲ႔ျပၿပီး မသက္သာလို႔ မႏၲေလးမွာ ေဆးခန္းလာျပတာ၊ အဲဒီမွာ ဆရာ၀န္က ၾကည့္ၿပီးေတာ့ က်မတို႔ ေဆး႐ုံႀကီးကို လႊဲေပးလိုက္တာပါ၊ သူ႔ကို က်မတို႔က ေစာင့္ၾကပ္ၾကည့္ရႈလူနာထဲမွာ ထည့္ထားၿပီးေတာ့ Swab ယူၿပီး စစ္ခဲ့တာဟု မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာသည္။

ပိုးေတြ႕လူနာသစ္သည္ ျမင္းၿခံၿမိဳ႕၊ အမွတ္ ၆ ရပ္ကြက္တြင္ ေနထိုင္သူျဖစ္ အသက္ ၄၇ ႏွစ္အရြယ္ အမ်ိဳးသားျဖစ္ၿပီး ပိုးေတြ႕လူနာႏွင့္ ထိေတြ႕မရွိသလို နိုင္ငံျခားခရီးသြားရာဇ၀င္လည္း မရွိဘဲ လြန္ခဲ့သည့္ ၂၁ ရက္အတြင္းက ျပည္တြင္း ခရီးသြားရာဇ၀င္ရွိေၾကာင္း သိရသည္။

ပိုးေတြ႕လူနာအမ်ိဳးသားသည္ ျပည္တြင္းခရီးစဥ္အျဖစ္ ရန္ကုန္ၿမိဳ႕မွ ျမင္းၿခံၿမိဳ႕ေနအိမ္သို႔ ၾသဂုတ္လ ၁၈ ရက္ေန႔က ျပန္လည္ေရာက္ရွိလာၿပီးေနာက္ ဖ်ားနာမႈ ရွိလာျခင္းေၾကာင့္ ေဆးခန္းျပသရာက မသက္သာသျဖင့္ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ရွိ ပုဂၢလိကေဆး႐ုံသို႔ လာေရာက္ျပသခဲ့ေၾကာင္း သိရသည္။

ပုဂၢလိကေဆး႐ုံသို႔ ၾသဂုတ္လ ၃၀ ရက္နံနက္ပိုင္းက လာေရာက္ျပသခဲ့ၿပီး မႏၲေလးေဆး႐ုံႀကီးသို႔ လႊဲေျပာင္းေပးခဲ့သျဖင့္ ဓာတ္ခြဲနမူနာ ရယူစစ္ေဆးခဲ့ျခင္းဟု သိရသည္။

“မေန႔က Swab ယူၿပီး စစ္ခဲ့တာ ဒီေန႔ အေျဖထြက္တာပါ၊ သူ႔ကို ေဆး႐ုံႀကီးမွာ သီးသန္႔ထားၿပီးေတာ့ အေျဖထြက္လာ တာေၾကာင့္ ကန္ေတာ္နဒီကို ပို႔လိုက္ပါၿပီ၊ ပိုးေတြ႕လူနာနဲ႔ ထိေတြ႕မႈေတာ့ မရွိပါဘူး၊ ရန္ကုန္ကို ခရီးသြားရာဇ၀င္ေလးေတာ့ ရွိတယ္ဟု ေဒါက္တာစုစုေဒြးက ဆက္လက္ေျပာသည္။

ယခုအခါ ကုိဗစ္ အတည္ျပဳ ပိုးေတြ႕လူနာ ေနထိုင္ခဲ့သည့္ ျမင္းၿခံၿမိဳ႕ ၆ ရပ္ကြက္ရွိ ေနအိမ္ကို Lock Down ျပဳလုပ္ထားၿပီးပိုးသတ္ေဆးျဖန္းျခင္းမ်ားလည္း စတင္ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ပိုးေတြ႕လူနာရဲ့ အိမ်ကိ်ဳ ယာယီပိတ္ခိုင္းထားတယ္၊ ထိေတြ႕မႈ ရွိနိုင္တဲ့သူေတြကိုလည္း Home Quarantine ေနဖို႔ ေျပာထားပါတယ္၊ ထိေတြ႕မႈရွိနိုင္တဲ့သူေတြကိုလည္း စုံစမ္းေနတယ္လို႔ သိရတယ္၊ အခုေလာေလာဆယ္မွာ သူေနတဲ့ ရပ္ကြက္ကို ပိုးသတ္ေဆးေတြ ျဖန္းဖို႔လုပ္ေနၾကပါတယ္၊ လူမႈေရးအသင္းကားေတြလည္း ေရာက္ေနၾကပါတယ္ဟု ျမင္းၿခံၿမိဳ႕ အမွတ္ ၆ ရပ္ကြက္တြင္ေနထိုင္သည့္ ကိုလင္းနိုင္ဦးက ေျပာသည္။

ထို႔အျပင္ ေနအိမ္တြင္ က်န္ရွိေနေသာ ပိုးေတြ႕လူနာ၏ မိသားစုဝင္မ်ားကိုလည္း အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ျခင္း (Facility Quarantine)ႏွင့္ ဓာတ္ခြဲနမူနာ ရယူစစ္ေဆးျခင္းမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး က်န္းမာေရးႏွင့္ကုသေရး ဦးစီးဌာနမွ သိရသည္။

လက္ရွိမွာေတာ့ ပိုးေတြ႕လူနာရဲ့ မိသားစုဝင္ေတြကို အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ဖို႔ လုပ္ထားတယ္၊ သူ႔ရဲ့ ထိေတြ႕မႈေတြကိုလည္း လိုက္ေနတုန္း ရွိပါေသးတယ္၊ မိသားစု၀င္ေတြကိုေတာ့ Swab ယူၿပီး စစ္ေဆးသြားမယ္ဟု မႏၲေလးတိုင္းေဒသႀကီး က်န္းမာေရးႏွင့္ကုသေရး ဦးစီးဌာနမွ တိုင္းဦးစီးမႈး ေဒါက္တာသန္းသန္းျမင့္က ေျပာသည္။

ယခုအခါ ပိုးေတြ႕လူနာအား ၆၂လမ္းေပၚရွိ ကန္ေတာ္နဒီေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး မႏၲေလးၿမိဳ႕၌ အတည္ျပဳလူနာ ႏွစ္ဦးအား ေဆးဝါးကုသ မႈမ်ား ျပဳလုပ္ေပးလ်က္ရွိေၾကာင္း သိရသည္။

Credit- နိုင္ထူ