ပြည်တွင်းသတင်း

အခုချိန် နေပြည်တော်သွားရန်ရှိပါက စစ်ဆေးရေးဂိတ်တွင် ဒါတွေစစ်ပါတယ်

“နေပြည်တော်သို့ လာသူများ အောက်ပါ အချက်အလက်များကို စစ်ဆေးရေးဂိတ်များတွင် ပြသနိုင်ရပါမည်”

(၁)အစိုးရ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခရီးသွားလာခွင့်အမိန့် MO ပြသနိုင်ရပါမည်။

(၂) ပြည်ထောင်စုအဆင့် အစိုးရ / ဝန်ကြီးဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်သည့် နိုင်ငံခြား သားများ / လူပုဂ္ဂိလ်များ / အဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာ ပြည် ထောင်စု အစိုးရ အဖွဲ့ / ဝန်ကြီးဌာန ၏ ခေါ်စာပြသနိုင်ရမည်။

(၃) ပုဂ္ဂလိက ကုမ္ပဏီများ / ပြည်သူများ အနေ ဖြင့် မိမိတို့ နေထိုင်သည့် နေရာ ရပ်ကွက်မှ အဆို ပါ နေရာတွင်မိမိအမှန်တကယ် နေထိုင်ကြောင်း ထောက်ခံစာပြသရပါမည်။

၇ရက်အတွင်းသာ အဆိုပါ ထောက်ခံစာသည်တရားဝင်ပါသည်။( နိုင်ငံခြားသားဖြစ်ပါက passport / visa ပါပူးတွဲပြသရပါမည် )

(၄)ရခိုင်ပြည်နယ်ပြန်/ နိုင်ငံခြားပြန် ဖြစ်ပါက ပြန်လာသူမှန်သမျှ Q ဝင်ရပါမည်

(၅) ကျန်းမာရေးထောက်ခံစာ / ကျန်းမာကြောင်းထောက်ခံစာ လုံးဝ မလိုပါ ဂိတ်မှာ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပါမည်။

အသေးစိတ်သိရှိလိုပါက နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ( 067- 550294) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဓန










ဓန