ကျန်းမာရေး ျပည္တြင္းသတင္း

တောင်ဥက္ကလာပမြို့နယ်မှ ကိုဗစ်လူနာတစ်ဦး မြောက်ဒဂုံ CAPITAL Supermarket မှ အမျိုးသမီးဝန်ထမ်းဖြစ်

တောင်ဥက္ကလာပမြို့နယ်မှ ကိုဗစ်လူနာတစ်ဦး မြောက်ဒဂုံ CAPITAL Supermarket မှ အမျိုးသမီးဝန်ထမ်းဖြစ်

ရန်ကုန်၊ ဩဂုတ် ၃

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်လူနာ ၂ ဦးတွေ့ရှိကြောင်း အစိုးရက ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်ပြီးနောက် လူနာတစ်ဦးမှာ

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ Capital အရောင်းစင်တာတွင် အလုပ်လုပ်သူဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမိုးမြင့်က ပြောဆိုသည်။

“ဟုတ်တယ်။ သူက ဖျားလို့ ဆိုပြီး ဆေးရုံ သွားစစ်လိုက်တဲ့အခါမှာ ကိုဗစ်တွေ့တာပါ။ တောင်ဥက္ကလာမှာတော့ ၂ ဦးတွေ့တယ်လို့ ကျန်းမာရေးဘက်က ထုတ်ပြန်ထားပါတယ်။

သူက Capital က ဝန်ထမ်းလို့ သိရပါတယ်။ တစ်ဦးကတော့ မသိသေးဘူးဗျ။ မထုတ်ပြန်သေးတော့” ဟု ဦးမိုးမြင့်က ပြောဆိုသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် NLD ပါတီပြန်ကြားရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင်မူ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၇)ရပ်ကွက်

နေထိုင်သူ အသက်(၂၇)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ သင်းဝင် မှတ်တိုင်အနီးရှိ ( CAPITAL super market )တွင်

အလုပ်လုပ်ကိုင်လျှက်ရှိသော ဝန်ထမ်းတစ်ဦးဖြစ်ပြီး ( M O H S ) မှထုတ်ပြန် Covid -19 စာရင်းတွင် အတည်ပြုလူနာ (Positive) အဖြစ် ပါဝင်လာကြောင်း၊

သို့ပါသောကြောင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အဆိုပါနေရာအား အများပြည်သူအသွားအလာကန့်သတ်ထားရှိရာ နေရာအဖြစ် ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

Khit Thit Media

Zawgyi

ေတာင္ဥကၠလာပၿမိဳ႕နယ္မွ ကိုဗစ္လူနာတစ္ဦး ေျမာက္ဒဂုံ CAPITAL Supermarket မွ အမ်ိဳးသမီးဝန္ထမ္းျဖစ္

ရန္ကုန္၊ ဩဂုတ္ ၃

ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ ကိုဗစ္လူနာ ၂ ဦးေတြ႕ရွိေၾကာင္း အစိုးရက ယေန႔ နံနက္ပိုင္း သတင္းထုတ္ျပန္ၿပီးေနာက္ လူနာတစ္ဦးမွာ

ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ရွိ Capital အေရာင္းစင္တာတြင္ အလုပ္လုပ္သူျဖစ္ေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စား လွယ္ ဦးမိုးျမင့္က ေျပာဆိုသည္။

“ဟုတ္တယ္။ သူက ဖ်ားလို႔ ဆိုၿပီး ေဆး႐ုံ သြားစစ္လိုက္တဲ့အခါမွာ ကိုဗစ္ေတြ႕တာပါ။ ေတာင္ဥကၠလာမွာေတာ့ ၂ ဦးေတြ႕တယ္လို႔ က်န္းမာေရးဘက္က ထုတ္ျပန္ထားပါတယ္။

သူက Capital က ဝန္ထမ္းလို႔ သိရပါတယ္။ တစ္ဦးကေတာ့ မသိေသးဘူးဗ်။ မထုတ္ျပန္ေသးေတာ့” ဟု ဦးမိုးျမင့္က ေျပာဆိုသည္။

ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္ NLD ပါတီျပန္ၾကားေရးေကာ္မတီ၏ သတင္းထုတ္ျပန္ခ်က္တြင္မူ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္ (၇)ရပ္ကြက္

ေနထိုင္သူ အသက္(၂၇)ႏွစ္အ႐ြယ္ရွိ အမ်ိဳးသမီးတစ္ဦးသည္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ သင္းဝင္ မွတ္တိုင္အနီးရွိ ( CAPITAL super market )တြင္

အလုပ္လုပ္ကိုင္လွ်က္ရွိေသာ ဝန္ထမ္းတစ္ဦးျဖစ္ၿပီး ( M O H S ) မွထုတ္ျပန္ Covid -19 စာရင္းတြင္ အတည္ျပဳလူနာ (Positive) အျဖစ္ ပါဝင္လာေၾကာင္း၊

သို႔ပါေသာေၾကာင့္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္ရွိ အဆိုပါေနရာအား အမ်ားျပည္သူအသြားအလာကန္႔သတ္ထားရွိရာ ေနရာအျဖစ္ ေဆာင္႐ြက္ထားရွိၿပီး ျဖစ္ေၾကာင္း သတင္းထုတ္ျပန္သည္။

Khit Thit Media