ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးတွေကို အမေရိကန်နိုင်ငံတွင်းမှာ စတင်ဖြန့်ဝေနိုင်ဖို့ ပြင်ဆင်နေပါပြီ။နောက်အကျဆုံးအနေနဲ့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာလောက်မှာ ဒီဆေးဖြန့်ဝေနိုင်ရေး အသင့်ပြင်ထားကြဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျန်းမာရေးဌာနတွေကို အမေရိကန်ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီရေးဌာန CDC က အသိပေးစာတွေ ဖြန့်ဝေထားကြောင်း ဌာနေသတင်းဌာနတွေကဖော်ပြပါတယ်။
ဒီဆေးကို ကျန်းမာရေးလုပ်သားတွေ၊ မရှိမဖြစ်လိုတဲ့လုပ်သားတွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ နာတာရှည် လူနာစောင့်ရှောက်ပေးရေးစင်တာတွေနဲ့ ဝန်ထမ်းတွေကို ဦးစားပေးထိုးပေးဖို့လည်း CDC ကအကြံပြုထားပါတယ်။CDC ရဲ့ပေးပို့တဲ့စာထဲမှာ ဒီဆေးကိုဖြန့်နိုင်ဖို့သာ အသင့်ပြင်ဖို့ပြောထားတာဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ဒီဆေးထုတ်နိုင်မယ်လို့ တိတိကျကျပြောမထားပါဘူး။
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန်ရဲ့ရွေးကောက်ပွဲအမှီ ဒီဆေးဖြန့်ဖို့ အလျင်စလိုလုပ်နေတာလို့ ပညာရှင်တချို့ကဝေဖန်နေကြသလို တချို့ပညာရှင်တွေက လက်တွေ့စမ်းသပ်မှု (clinical trail) မပြီးခင် ဒီဆေးဖြန့်နိုင်မှ လူ့အသက်တွေကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေကြတာပါ။ဒီကနေ့အထိ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ တစ်သိန်းကိုးသောင်းနီးပါးနဲ့ရောဂါကူးစက်ခံထားရသူ ၆ သန်း ၂ သိန်းကျော်ရှိပါတယ်။
တစ်ကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံးမှာ သေဆုံးတဲ့သူ ၈ သိမ်းခွဲကျော်နဲ့ ကူးစက်ခံရတဲ့သူ ၂၆ သန်းကျော်နေပါပြီ။Source: RFA
unicode . . .
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စဖြန့်ဖို့အမေရိကန်ပြင်ဆင်
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးတွေကို အမေရိကန်နိုင်ငံတွင်းမှာ စတင်ဖြန့်ဝေနိုင်ဖို့ ပြင်ဆင်နေပါပြီ။နောက်အကျဆုံးအနေနဲ့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာလောက်မှာ ဒီဆေးဖြန့်ဝေနိုင်ရေး အသင့်ပြင်ထားကြဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျန်းမာရေးဌာနတွေကို အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီရေးဌာန CDC က အသိပေးစာတွေ ဖြန့်ဝေထားကြောင်း ဌာနေသတင်းဌာနတွေက ဖော်ပြပါတယ်။
ဒီဆေးကို ကျန်းမာရေးလုပ်သားတွေ၊ မရှိမဖြစ်လိုတဲ့လုပ်သားတွေ၊ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ နာတာရှည် လူနာစောင့်ရှောက်ပေးရေးစင်တာတွေနဲ့ ဝန်ထမ်းတွေကို ဦးစားပေးထိုးပေးဖို့လည်း CDC ကအ ကြံပြုထားပါတယ်။CDC ရဲ့ပေးပို့တဲ့စာထဲမှာ ဒီဆေးကိုဖြန့်နိုင်ဖို့သာ အသင့်ပြင်ဖို့ပြောထားတာဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှာ ဒီဆေးထုတ်နိုင်မယ်လို့ တိတိကျကျပြောမထားပါဘူး။
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ အမေရိကန်ရဲ့ရွေးကောက်ပွဲအမှီ ဒီဆေးဖြန့်ဖို့ အလျင်စလိုလုပ်နေတာလို့ ပညာရှ င်တချို့ကဝေဖန်နေကြသလို တချို့ပညာရှင်တွေက လက်တွေ့စမ် သပ်မှု (clinical trail) မပြီးခင် ဒီဆေးဖြန့်နိုင်မှ လူ့အသက်တွေကို ကယ်တင်နိုင်မယ်လို့ ယုံကြည်နေကြတာပါ။ ဒီကနေ့အထိ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ တစ်သိန်းကို သောင်းနီးပါးနဲ့ရောဂါကူးစက်ခံထားရသူ ၆ သန်း ၂ သိန်းကျော်ရှိပါတယ်။
တစ်ကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံးမှာ သေဆုံးတဲ့သူ ၈ သိမ်းခွဲကျော်နဲ့ ကူးစက်ခံရတဲ့သူ ၂၆ သန်းကျော်နေပါပြီ။
Source: RFA