ရာသီဥ တုပူလောင် အိုက်စပ်တဲ့အ တွက်ကြောင့် ခန္ဓာကိုယ်မှ ချွေးထွက်များခြင်း၊ ချွေးထွက် လွန်ခြင်းတို့ကြောင့် ပြင်းထန်စူးရှတဲ့ကို ယ်နံ့တွေက စိတ်အနှောင့်အယှက် ဖြစ်စေပြီး လူကြားထဲမှာ မဝံ့မရဲနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်။ လူကြားထဲမှာ မဝံ့မရဲဖြစ်စေတဲ့ ပြင်းထန်တဲ့ကိုယ်နံ့ကို ဖျောက်ဖျက်ပေးနိုင်တဲ့ သဘာဝ ဆေးစွမ်းကောင်းလေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
ကိုယ်သင်းနံ့လေးကို သင်းပျံ့စေဖို့အတွက် အုန်းဆီက ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများ ကို ဖယ်ရှားပေးပြီး ပြင်းထန်တဲ့ကိုယ်နံ့ မနံအောင် ကူညီပေးပါတယ် ။ရေချိုးပြီးတဲ့အချိန်တိုင်း ဂျိုင်းကြားနေရာကို အုန်းဆီလေးနဲ့ တစ်နေ့နှစ်ကြိမ်ခန့် သုတ်လိမ်းပေး လိုက်ပါ။အစားအစာ စားသုံးတဲ့အခါမှာလည်း အုန်းဆီ အသုံးပြုမယ်ဆိုရင် အကျိုး သက်ရောက်မှု ပိုမိုကောင်းမွန်ပါတယ်။ဂျိုင်းချွေးနံ့တစ်ခုတည်း အနံ့အသက်ပြင်းတာ မဟုတ်ပါဘူး။
ခြေထောက်နံ့တွေကလည်း စိတ်အနှောင့် အယှက်ဖြစ်စေ ပါတယ်။ သံပုရိုရည် (သို့) သံပုရာရည်တစ်ဖန်ခွက်ကို မနက်ပိုင်းမှာ သောက်သုံးပေးပါ။နောက်ထပ်နည်းလမ်းတစ်ခုကတော့ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ခြေဖဝါး၊ ဂျိုင်းကြားနေရာတွေမှာ ပွတ်တိုက်ပေးပါ။ မိနစ် အနည်းငယ် လေသလပ် ထားပြီးနောက် ရေချိုးပေး လိုက်ပါ။
အစားအသောက်တွေထဲကို သစ်ကြမ်းပိုးခေါက် ထည့်ချက်ပြီး စားသုံးခြင်းက အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ခံတွင်းနံ့ နံခြင်းကို သက်သာပျောက်ကင်းစေ တဲ့ သဘာဝဆေးစွမ်းကောင်း တစ်ခုပါပဲ။ နေ့စဉ်မှန်မှန်မှီဝဲမယ်ဆိုရင် ချွေးထွက်လွန်ခြင်းမှ ကာကွယ်ပေးပြီး အနံ့အသက်ဆိုး များ ဖယ်ရှားပေး ပါတယ်။
လက်ဖက်စိမ်းနေ့စဉ် သောက်သုံးခြင်း က ချွေးထွက်လွန်စေ တဲ့ ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားနှုန်းကို တားဆီးပေးပြီး ခြေထောက်အနံ့ နံခြင်း၊ ခန္ဓာကိုယ် အနံ့အသက်ပြင်းခြင်းနဲ့ ခံတွင်းအနံ့ဆိုးခြင်းတို့ကိုလည်း ဖယ်ရှားပေးပါတယ်။ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်ကို ကျစ်လျစ်သွယ်လျစေတာကြောင့် ဝိတ် ချချင်သူတွေ အတွက်လည်း သင့်တော်ပါတယ်။လက်တွေ့ အသုံးပြုခြင်းဖြင့် ချွေးနံ့ကင်းစင်၍ သန့်ရှင်းကျန်းမာကြပါစေ။
credit
unicode . . .
ချွေး ထွ က် လွန် ကဲပြီး မိမိ ခန္ဓာ ကိုယ် မှ အနံ့ အသက် မကောင်း ဘူး ဆိုရင်
ရာသီဥ တုပူလောင် အိုက်စပ်တဲ့အ တွက်ကြောင့် ခန္ဓာကိုယ်မှ ချွေးထွက်များခြင်း၊ ချွေးထွက် လွန်ခြင်းတို့ကြောင့် ပြင်းထန်စူးရှတဲ့ကို ယ်နံ့တွေက စိတ်အနှောင့်အယှက် ဖြစ်စေပြီး လူကြားထဲမှာ မဝံ့မရဲနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်။ လူကြားထဲမှာ မဝံ့မရဲဖြစ်စေတဲ့ ပြင်းထန်တဲ့ကိုယ်နံ့ကို ဖျောက်ဖျက်ပေးနိုင်တဲ့ သဘာဝ ဆေးစွမ်းကောင်း လေးတွေကို ဖော်ပြပေးလို က်ပါတယ်။
ကိုယ်သင်းနံ့လေးကို သင်းပျံ့စေဖို့အတွက် အုန်းဆီက ကောင်း ကောင်းကူညီပေးနိုင်ပါတယ်။ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများ ကို ဖယ်ရှားပေးပြီး ပြင်းထန်တဲ့ကိုယ်နံ့ မနံအောင် ကူညီပေးပါတယ် ။ ရေချိုးပြီးတဲ့အချိန်တိုင်း ဂျိုင်းကြားနေရာကို အုန်းဆီလေးနဲ့ တစ်နေ့နှစ်ကြိမ်ခန့် သုတ်လိမ်းပေး လိုက်ပါ။ အစာ အစာ စားသုံးတဲ့အခါမှာလည်း အုန်းဆီ အသုံးပြုမယ်ဆိုရင် အ ကျိုး သက်ရောက်မှု ပိုမိုကောင်းမွန်ပါတယ်။ ဂျိုင်းချွေးနံ့တစ်ခုတ ည်း အနံ့အသက်ပြင်းတာ မဟုတ်ပါဘူး။
ခြေထောက်နံ့တွေကလည်း စိတ်အနှောင့် အယှက်ဖြစ်စေ ပါတယ်။ သံပုရိုရည် (သို့) သံပုရာရည်တစ်ဖန်ခွက်ကို မနက်ပိုင်းမှာ သောက်သုံးပေးပါ။နောက်ထပ်နည်းလမ်းတစ်ခုကတော့ သံပုရာသီးကို ထ က်ခြမ်းခြမ်းပြီး ခြေဖဝါး၊ ဂျိုင်းကြားနေရာတွေမှာ ပွတ်တိုက်ပေးပါ။ မိနစ် အနည်းငယ် လေသလပ် ထားပြီးနောက် ရေချိုးပေး လို က်ပါ။
အစားအသောက်တွေထဲကို သစ်ကြမ်းပိုးခေါက် ထည့်ချက်ပြီး စားသုံးခြင်းက အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ခံတွင်းနံ့ နံခြင်းကို သက်သာပျောက်ကင်းစေ တဲ့ သဘာဝ ဆေးစွမ်းကောင်း တစ်ခုပါပဲ။ နေ့စဉ် မှန်မှန်မှီဝဲမယ်ဆိုရင် ချွေးထွက်လွန်ခြင်းမှ ကာကွယ်ပေးပြီး အနံ့အသက်ဆိုး များ ဖယ်ရှားပေး ပါတယ်။
လက်ဖက်စိမ်းနေ့စဉ် သောက်သုံးခြင်း က ချွေးထွက်လွန်စေ တဲ့ ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားနှုန်းကို တားဆီးပေးပြီး ခြေ ထောက်အနံ့ နံခြင်း၊ ခန္ဓာကိုယ် အနံ့အသက်ပြင်းခြင်းနဲ့ ခံတွင်းအနံ့ဆိုးခြင်းတို့ကိုလည်း ဖယ်ရှားပေးပါတယ်။ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်ကို ကျစ်လျစ်သွယ်လျစေတာကြောင့် ဝိတ် ချချင်သူတွေ အတွက်လည်း သင့်တော်ပါတယ်။လက်တွေ့ အသုံးပြုခြင်းဖြင့် ချွေးနံ့ကင်းစင်၍ သန့်ရှင်းကျန်းမာကြပါစေ။ credit