အသည်းဆိုတာ ခန္ဓာကိုယ်ထဲမှာ အလုပ်တွေ အများဆုံးလုပ်ရတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပြီး အသည်းမှာ ရောဂါတစ်ခုခုဖြစ်ရင် လူကို အချိန်တိုအတွင်း သေဆုံးစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
အသည်းပျက်စီးလာတဲ့အခါ စောစောသိရင် ကုသဖို့ဖြစ်နိုင်ပေမယ့် သိတာနောက်ကျခဲ့ရင်တော့ ကုသဖို့ မလွယ်တော့ပါဘူး။ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတဲ့ အသည်း မပျက်စီးခင်မှာ
ကုသနိုင်အောင် အသည်းမှာ ရောဂါတစ်ခုခုဖြစ်ရင် ကြုံရတတ်တဲ့ ရှေ့ပြေးလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်လုံးနဲ့အသားအရောင်ဝါလာခြင်း
အသားအရေနဲ့ မျက်လုံးတွေ ဝါနေတယ်ဆိုရင် အသည်းက ပြဿနာတစ်ခုခုဖြစ်နေပါပြီ။ တကယ်လို့ တံတွေးတွေကပါ ဝါကျင်ကျင်အရောင်ပြောင်းလာပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြသင့်တဲ့ အခြေအနေဖြစ်နေပါပြီ။
(၂) ဝမ်းဗိုက်အလွန်ဖောင်းလာခြင်း
ဝမ်းဗိုက်နေရာက အမြဲလိုလို ဖောင်းနေတယ်၊ နေရထိုင်ရတာလည်း သက်တောင့်သက်သာမရှိဘူး၊ အမြဲလိုလိုပြည့်အင့်တဲ့ခံစားချက်မျိုးဖြစ်နေတယ်၊ ကိုယ်ဝန်ဆောင်တစ်ယောက်လို့ ထင်ရလောက်အောင် ဝမ်းဗိုက်က ဖောင်းနေတယ်ဆိုရင်လည်း အသည်းကြောင့်ဖြစ်နိုင်ပါတယ်။
အသည်းက သူ့ဆီ ဝင်ရောက်လာတဲ့ အရည်တွေကို ကောင်းကောင်းမစစ်ထုတ်နိုင်တဲ့အခါ တခြားအစိတ်အပိုင်းတွေဆီ အရည်တွေရောက်လာပြီး ရောင်ရမ်းခြင်းကိုဖြစ်စေတာပါ။ အသည်းမကောင်းတဲ့အခါ ဝမ်းဗိုက်အပြင် ခြေထောက်နဲ့ ခြေကျင်းဝတ်တွေပါ ရောင်ရမ်းတတ်ပါတယ်။
(၃) ကိုယ်အလေးချိန်ရုတ်တရက်ကျဆင်းခြင်း
ဝမ်းဗိုက်က ပြည့်အင့်နေသလိုခံစားချက်မျိုးအမြဲဖြစ်နေပြီး အစားစားချင်စိတ်လည်း မရှိတာမျိုး၊ အစားစားလိုက်တာနဲ့ ဗိုက်အောင့်တာမျိုးတွေဖြစ်နေတော့ ပုံမှန်မစားသောက်ဖြစ်တော့ဘဲ ကိုယ်အလေးချိန် ကျဆင်းလာပါတယ်။
ဘာမှမစားထားဘဲ အချိန်တိုင်းပြည့်အင့်နေပြီး အစားစားချင်စိတ် မရှိတာမျိုး၊ ကိုယ်အလေးချိန် သိသိသာသာကျဆင်းလာတာမျိုးတွေဖြစ်လာရင် ဆေးစစ်သင့်ပါတယ်။
(၄) အရေပြားပေါ်မှာ သွေးကြောပြတ်ရာတွေပေါ်လာခြင်း
အသည်းမကောင်းတဲ့အခါ အရေပြားအောက်မှာ ကပ်ရက်ရှိနေတဲ့ သွေးလွှတ်ကြောမျှှင်လေးတွေကို ပျက်စီးစေနိုင်တာကြောင့် အရေပြားပေါ်မှာ သွေးကြောပြတ်ရာလေးတွေ ပေါ်လာတတ်ပါတယ်။
ရင်ဘတ်၊ လက်၊ လည်ပင်း နဲ့ မျက်နှာတွေမှာ သွေးကြောပြတ်ရာတွေ တွေ့လာရင် အသည်းရောဂါရှိ/မရှိ အမြန်စစ်ဆေးပါ။
(၅) သွေးခြေဥလွယ်ခြင်း
အသည်းမှာ ပြဿနာတစ်ခုခု ရှိတဲ့အခါ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကို ပရိုတင်းထောက်ပံ့မှု နည်းသွားပါတယ်။ အဲ့ဒီအခါ သွေးကြောမျှင်လေးတွေမှာ သွေးခဲခြင်းဖြစ်လာပြီး အတွင်းပိုင်းမှာ သွေးယိုစိမ့်မှုတွေဖြစ်လွယ်စေပါတယ်။
အဲ့ဒီတော့ တစ်ခုခုနဲ့ ထိခိုက်မိတာနဲ့ သွေးခြေဥသွားပြီး လွယ်လွယ်နဲ့ မပျောက်တော့တာမျိုးဖြစ်တတ်ပါတယ်။
(၆) ဆီးအရောင်အရမ်းရင့်လာခြင်း
လူတစ်ယောက်ထဲမှာတောင် ဆီးအရောင်က အမြဲတမ်းတော့ တူမနေနိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အရောင်တွေကွဲပြားနေမှာပါ။ ဒါပေမယ့် အမြဲတမ်းလိုလို ရှိသင့်တဲ့ အရောင်ထက် ရင့်တဲ့အရောင်ဖြစ်နေတာမျိုး၊
တခါတလေ အညိုရောင်၊ လိမ္မော်ရောင် နဲ့ အဝါရောင်ရင့်ရင့်တွေဖြစ်လာရင်တော့ အသည်းမှာ Bilirubin လို ခေါ်တဲ့ ပစ္စည်းတွေ အရမ်းပိုလျှံနေတာကြောင့်လို့ ပြောရမှာပါ။
(၇) အရေပြားပေါ်မှာ ပုံမှန်ထက်ယားယံခြင်း
ရေချိုးဆပ်ပြာနဲ့ မတည့်လို့ပဲဖြစ်ဖြစ်၊ အရေပြားခြောက်သွေ့တာကြောင့်ပဲဖြစ်ဖြစ် ယားယံတတ်ပါတယ်။ အဲ့ဒါမျိုးက ပုံမှန်ပါ။ ဒါပေမယ့် ညအိပ်တဲ့အခါ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ယားတာမျိုး၊
အစားအစာတွေ တော်တော်များများနဲ့ ဓာတ်မတည့်ဖြစ်လာတာမျိုးတွေ ကြုံလာရင်တော့ အသည်းမကောင်းတာကြောင့်ဖြစ်နိုင်ပါတယ်။
MAY THAZINHTOO
Zawgyi
အသည္းဆိုတာ ခႏၶာကိုယ္ထဲမွာ အလုပ္ေတြ အမ်ားဆုံးလုပ္ရတဲ့ ကိုယ္တြင္းအဂၤါတစ္ခုျဖစ္ၿပီး အသည္းမွာ ေရာဂါတစ္ခုခုျဖစ္ရင္ လူကို အခ်ိန္တိုအတြင္း ေသဆုံးေစတဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။
အသည္းပ်က္စီးလာတဲ့အခါ ေစာေစာသိရင္ ကုသဖို႔ျဖစ္ႏိုင္ေပမယ့္ သိတာေနာက္က်ခဲ့ရင္ေတာ့ ကုသဖို႔ မလြယ္ေတာ့ပါဘူး။ ခႏၶာကိုယ္အတြက္ အရမ္းအေရးႀကီးတဲ့ အသည္း မပ်က္စီးခင္မွာ
ကုသႏိုင္ေအာင္ အသည္းမွာ ေရာဂါတစ္ခုခုျဖစ္ရင္ ႀကဳံရတတ္တဲ့ ေရွ႕ေျပးလကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) မ်က္လုံးနဲ႔အသားအေရာင္ဝါလာျခင္း
အသားအေရနဲ႔ မ်က္လုံးေတြ ဝါေနတယ္ဆိုရင္ အသည္းက ျပႆနာတစ္ခုခုျဖစ္ေနပါၿပီ။ တကယ္လို႔ တံေတြးေတြကပါ ဝါက်င္က်င္အေရာင္ေျပာင္းလာၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ ခ်က္ခ်င္းသြားျပသင့္တဲ့ အေျခအေနျဖစ္ေနပါၿပီ။
(၂) ဝမ္းဗိုက္အလြန္ေဖာင္းလာျခင္း
ဝမ္းဗိုက္ေနရာက အၿမဲလိုလို ေဖာင္းေနတယ္၊ ေနရထိုင္ရတာလည္း သက္ေတာင့္သက္သာမရွိဘူး၊ အၿမဲလိုလိုျပည့္အင့္တဲ့ခံစားခ်က္မ်ိဳးျဖစ္ေနတယ္၊ ကိုယ္ဝန္ေဆာင္တစ္ေယာက္လို႔ ထင္ရေလာက္ေအာင္ ဝမ္းဗိုက္က ေဖာင္းေနတယ္ဆိုရင္လည္း အသည္းေၾကာင့္ျဖစ္ႏိုင္ပါတယ္။
အသည္းက သူ႔ဆီ ဝင္ေရာက္လာတဲ့ အရည္ေတြကို ေကာင္းေကာင္းမစစ္ထုတ္ႏိုင္တဲ့အခါ တျခားအစိတ္အပိုင္းေတြဆီ အရည္ေတြေရာက္လာၿပီး ေရာင္ရမ္းျခင္းကိုျဖစ္ေစတာပါ။ အသည္းမေကာင္းတဲ့အခါ ဝမ္းဗိုက္အျပင္ ေျခေထာက္နဲ႔ ေျခက်င္းဝတ္ေတြပါ ေရာင္ရမ္းတတ္ပါတယ္။
(၃) ကိုယ္အေလးခ်ိန္႐ုတ္တရက္က်ဆင္းျခင္း
ဝမ္းဗိုက္က ျပည့္အင့္ေနသလိုခံစားခ်က္မ်ိဳးအၿမဲျဖစ္ေနၿပီး အစားစားခ်င္စိတ္လည္း မရွိတာမ်ိဳး၊ အစားစားလိုက္တာနဲ႔ ဗိုက္ေအာင့္တာမ်ိဳးေတြျဖစ္ေနေတာ့ ပုံမွန္မစားေသာက္ျဖစ္ေတာ့ဘဲ ကိုယ္အေလးခ်ိန္ က်ဆင္းလာပါတယ္။
ဘာမွမစားထားဘဲ အခ်ိန္တိုင္းျပည့္အင့္ေနၿပီး အစားစားခ်င္စိတ္ မရွိတာမ်ိဳး၊ ကိုယ္အေလးခ်ိန္ သိသိသာသာက်ဆင္းလာတာမ်ိဳးေတြျဖစ္လာရင္ ေဆးစစ္သင့္ပါတယ္။
(၄) အေရျပားေပၚမွာ ေသြးေၾကာျပတ္ရာေတြေပၚလာျခင္း
အသည္းမေကာင္းတဲ့အခါ အေရျပားေအာက္မွာ ကပ္ရက္ရွိေနတဲ့ ေသြးလႊတ္ေၾကာမွ်ွင္ေလးေတြကို ပ်က္စီးေစႏိုင္တာေၾကာင့္ အေရျပားေပၚမွာ ေသြးေၾကာျပတ္ရာေလးေတြ ေပၚလာတတ္ပါတယ္။
ရင္ဘတ္၊ လက္၊ လည္ပင္း နဲ႔ မ်က္ႏွာေတြမွာ ေသြးေၾကာျပတ္ရာေတြ ေတြ႕လာရင္ အသည္းေရာဂါရွိ/မရွိ အျမန္စစ္ေဆးပါ။
(၅) ေသြးေျခဥလြယ္ျခင္း
အသည္းမွာ ျပႆနာတစ္ခုခု ရွိတဲ့အခါ ခႏၶာကိုယ္ရဲ႕တျခားအစိတ္အပိုင္းေတြကို ပ႐ိုတင္းေထာက္ပံ့မႈ နည္းသြားပါတယ္။ အဲ့ဒီအခါ ေသြးေၾကာမွ်င္ေလးေတြမွာ ေသြးခဲျခင္းျဖစ္လာၿပီး အတြင္းပိုင္းမွာ ေသြးယိုစိမ့္မႈေတြျဖစ္လြယ္ေစပါတယ္။
အဲ့ဒီေတာ့ တစ္ခုခုနဲ႔ ထိခိုက္မိတာနဲ႔ ေသြးေျခဥသြားၿပီး လြယ္လြယ္နဲ႔ မေပ်ာက္ေတာ့တာမ်ိဳးျဖစ္တတ္ပါတယ္။
(၆) ဆီးအေရာင္အရမ္းရင့္လာျခင္း
လူတစ္ေယာက္ထဲမွာေတာင္ ဆီးအေရာင္က အၿမဲတမ္းေတာ့ တူမေနႏိုင္ပါဘူး။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အေရာင္ေတြကြဲျပားေနမွာပါ။ ဒါေပမယ့္ အၿမဲတမ္းလိုလို ရွိသင့္တဲ့ အေရာင္ထက္ ရင့္တဲ့အေရာင္ျဖစ္ေနတာမ်ိဳး၊
တခါတေလ အညိဳေရာင္၊ လိေမၼာ္ေရာင္ နဲ႔ အဝါေရာင္ရင့္ရင့္ေတြျဖစ္လာရင္ေတာ့ အသည္းမွာ Bilirubin လို ေခၚတဲ့ ပစၥည္းေတြ အရမ္းပိုလွ်ံေနတာေၾကာင့္လို႔ ေျပာရမွာပါ။
(၇) အေရျပားေပၚမွာ ပုံမွန္ထက္ယားယံျခင္း
ေရခ်ိဳးဆပ္ျပာနဲ႔ မတည့္လို႔ပဲျဖစ္ျဖစ္၊ အေရျပားေျခာက္ေသြ႕တာေၾကာင့္ပဲျဖစ္ျဖစ္ ယားယံတတ္ပါတယ္။ အဲ့ဒါမ်ိဳးက ပုံမွန္ပါ။ ဒါေပမယ့္ ညအိပ္တဲ့အခါ တစ္ကိုယ္လုံး မခံမရပ္ႏိုင္ေအာင္ ယားတာမ်ိဳး၊
အစားအစာေတြ ေတာ္ေတာ္မ်ားမ်ားနဲ႔ ဓာတ္မတည့္ျဖစ္လာတာမ်ိဳးေတြ ႀကဳံလာရင္ေတာ့ အသည္းမေကာင္းတာေၾကာင့္ျဖစ္ႏိုင္ပါတယ္။
MAY THAZINHTOO