ကိုမောင်ကောင်းနဲ့မချောဘုံတို့ ဒီနေ့မင်္ဂလာဆောင်ကြပြီး အကြင်လင်မယားဘဝရောက်ကြပါတယ်။ နှစ်ဘက်မိဘကလဲ ပြည့်စုံလှတာမဟုတ်တော့ မင်္ဂလာစရိတ်လေးရဖို့တောင် နှစ်တော်တော်ကြာ စုခဲ့ရတာလေ။ ဒီတော့သူများတွေလို ပျားရည်ဆမ်းခရီးတွေ၊ ဘာတွေလည်း မထွက်နိုင်ပါဘူး။ ကိုမောင်ကောင်းမိဘအိမ်မှာပဲ မင်္ဂလာဦးညကို လွန်မြောက်ခဲ့ရပါတယ်။မနက်မိုးလင်းတော့ ကိုမောင်ကောင်းရဲ့ညီလေးဖြစ်တဲ့ မောင်ရွှေအေးဟာ ကျောင်းသွားခါနီး အမေပြင်ဆင်ပေးတဲ့ မနက်စာကို စားနေရင်း… “အမေ…။ အကိုနဲ့အမ ထကြပြီလား…” “မထကြသေးဘူး…” “ကျနော်တွေးမိတာကတော့…” “ကိုယ့်ဖာသာ စားမှာကိုမြန်မြန်စားစမ်းပါဟာ…။ တော်ကြာကျောင်းနောက်ကျနေအုန်းမယ်…” ဒီလိုနဲ့ မောင်ရွှေအေးလဲ မနက်စာစားပြီး ကျောင်းထွက်သွားပါတယ်…။ မုန့်စားကျောင်းဆင်းတော့ ကျောင်းနဲ့အိမ်က နီးနေတဲ့အတွက် မောင်ရွှေအေးက အိမ်ပြန်လာပြီး ထမင်းစားလေ့ ရှိပါတယ်…။ ထမင်းစားနေရင်း ခူးခပ်ပြင်ဆင်ပေးနေတဲ့ အမေကို… “အမေ…။ အကိုနဲ့အမ ထကြပြီလား…” “မထကြသေးဘူး…” “ကျနော်တွေးမိတာကတော့…” “ဟာ…။ ကလေးက ကလေးလိုနေစမ်း…။ နေရာတကာဝင်မပါစမ်းနဲ့…” အဟောက်ခံရတော့ မောင်ရွှေအေးပါးစပ်ပိတ်သွားပြီး ထမင်းကိုလက်စသတ်စားလို့ […]
ဟာသ
၂ကီလိုဂရမ်အလေးချိန်ရှိသော ရွှေလက်ကောက်နဲ့ လက်စွပ်ကြီးကြီးဝတ်ထားသောအဖိုးအိုအား အထင်ကြီးမိခဲ့သော်လည်း အမှန်တရားကိုသိရချိန်မှာတော့ ရယ်မောခဲ့ရသည့်အဖြစ်….
ဖုန်းဆိုင်ထဲပစ္စည်းဝင်ခိုးတဲ့သူခိုး မျက်နှာကျက်နဲ့ဦးခေါင်း တစ်ညလုံးတစ်နေ၍ ဆိုင်ဖွင့်ချိန် ဝိုင်းဝန်းကယ်ဆယ်ရ
ဖုန်းဆိုင်ထဲ ပစ္စည်းဝင်ခိုးတဲ့သူခိုး မျက်နှာကျက်နဲ့ ဦးခေါင်း တစ်ညလုံး တစ်နေ၍ ဆိုင်ဖွင့်ချိန် ဝိုင်းဝန်းကယ်ဆယ်ရ ထိုင်းနိုင်ငံ နခွန်ရတ်ခ်ျစီမာမြို့ရှိ ဈေးထဲမှ ဖုန်းဆိုင်ထဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၂၀:၀၀ အချိန်ကတည်းက မျက်နှာကျက် အမိုးမှတဆင့် ပစ္စည်းခိုးယူရန်ကြိုးစားသည့် သူခိုးခင်မြှာ ကံဆိုးစွာ ဦးခေါင်းနဲ့ တစ်နေပြီး အောက်ကိုဆင်းမရ၍ တန်းလန်းကြီးဖြစ်နေပြီး မနက်ဆိုင်ဖွင့်ချိန် ကယ်ပါယူပါ တစ်စာစာအော်ဟစ် အကူညီတောင်းနေ၍ ဘေးဆိုင်မှကြားပြီး တာဝန်ရှိသူများအား အကြောင်းကြားကာ ၁ နာရီကြာ ကယ်ဆယ်ပေးခဲ့ပြီး ရဲလက်သို့ အပ်လိုက်ကြောင်းသိရ ။ Photo Crd SiThuMaung zawgyi ဖုန်းဆိုင်ထဲ ပစ္စည်းဝင်ခိုးတဲ့သူခိုး မျက်နှာကျက်နဲ့ ဦးခေါင်း တစ်ညလုံး တစ်နေ၍ ဆိုင်ဖွင့်ချိန် ဝိုင်းဝန်းကယ်ဆယ်ရ ထိုင်းနိုင်ငံ နခွန်ရတ်ခ်ျစီမာမြို့ရှိ ဈေးထဲမှ […]
သွားဆရာဝန်ဆီကို အပျိုကြီးတစ်ယောက် သွားနှုတ်ဖို့ရောက်လာသောအခါ …
သွားဆရာဝန်ဆီကို အပျိုကြီးတစ်ယောက် သွားနုတ်ဖို့ရောက်လာတယ်။ သူမကိုကြည့်ရတာ ကြောက်နေပုံရတာနဲ့ ဆရာဝန်က ဟာသတစ်ခုလောက်ပြောဖို့ ဆုံးဖြတ်လိုက်တယ်။ စင်ပေါ်က ရာဘာလက်အိတ်ကို ယူဝတ်ရင်း မေးလိုက်တယ်။ဒီလက်အိတ်တွေဘယ်လိုထုတ်လုပ်သလဲ သိလားဗျ … “ဟင့်အင်း မသိဘူးဆရာ …” ဒီလိုဗျ စက်ရုံမှာ ကြက်ပေါင်စေးတွေကျိုထားတဲ့ စည်ကြီးတွေရှိတယ်။ အလုပ်သမားတွေက သူတို့လက်တွေကိုစည်ထဲနှစ်လိုက်ရတယ်ဗျ။ ပြီးမှလက်ကိုအခြောက်ခံပြီး ခြောက်သွားတဲ့အခါ အရေခွံခွာသလိုဖြည်းဖြည်းချင်း ဆွဲချွတ်ကြရတယ်… ပြီးရင်တော့ ကြီးငယ်လတ် အဆင့်ခွဲထားတဲ့ သေတ္တာတွေထဲပစ်ထည့်လိုက်ကြတာပေါ့ဗျာ” စကားဆုံးတော့ အပျိုကြီး ရယ်ဖို့ဝေးလို့ ပြုံးတောင်မှမပြုံးဘူး။အေးလေ ဘယ်တတ်နိုင်မလဲ။ ငါလည်း သူစိတ်ကြည်အောင် ကြိုးစားခဲ့သားပဲဒါနဲ့ ဆရာဝန်ကသွားနုတ်ဖို့ဆက်လုပ်တယ်။ သွားနုတ်ခါနီးအရေးကြီးဆုံးအချိန်ရောက်မှ အပျိုကြီးက ဗြဲခနဲ ထရယ်တယ်။ ခွက်ထိုးခွက်လန်ကို ရယ်တာပါ။ “ဟ ဘာဖြစ်တာတုန်းဗျ” “ကျမ စဉ်းစားမိသွားလို့ပါဆရာ”ဘာကို စဉ်းစားမိတာတုန်း…!!!!! ကွန်ဒုံးတွေဘယ်လိုထုတ်လုပ်သလဲ ဆိုတာကိုလေ ဟီးဟီး တော်တော်ပူမှာ…. […]
ကားပေါ်မှာ လူပျိုကြီးတစ်ယောက် ကောင်မလေးချောချောလေးရဲ့ ခြေသလုံးဝင်းဝင်းလေးကို မြင်လိုက်သောအခါ….
ကားပေါ်မှာ လူပျိုကြီးတစ်ယောက် ကောင်မလေးချောချောလေးရဲ့ ခြေသလုံးဝင်းဝင်းလေးကို မြင်လိုက်သောအခါ လူပျိုကြီးနဲ့ ကောင်မလေး(ဟာသ) ကားပေါ်မှာ လူပျူ ိကြီးနဲ့ကောင်မလေး အတူတူဆုံတော့ ကောင်မလေးက သူ့ခြေသလုံးဝင်းဝင်းလေးကို မမြင် မြင်အောင်ပြတယ်။ အဲဒီမှာ လူပျူ ိကြီးက အတင့်ရဲပြီး … ” နင့်စကပ်ကို အပေါ်နည်းနည်းတင်ပေးရင် ပိုက်ဆံ တစ်သောင်းပေးမယ် ” ဆိုတော့ …. ကောင်မလေးက ပိုက်ဆံကို တခါတည်းတောင်းပြီး စကပ်ကို အပေါ်တင်ပေးတယ်။ နောက် …ညု တုတုနဲ့ကြည့်ပြီး ကောင်မလေးက …. ” ရှင် နောက်ထပ်တစ်သောင်းထပ်ပေးရင် …ရှင့်ကို ကလေးမွေးတဲ့နေရာ ပြမယ် ” ” ဟာ ” …. လူပျူ ိကြီး တထွေးသီးသွားတယ်။ ပိုက်ဆံ တစ်သောင်းကိုလည်း လျှောလျှောလျူ […]
ဗိုက်တစ်လုံးနဲ့ထားခဲ့ပေမယ့် ငိုယိုမနေဘဲ ယောက္ခမအိမ်ထိလိုက်လာပြီး ကလေးတက်မွေးတဲ့ချွေးမ
ဗိုက်တစ်လုံးနဲ့ထားခဲ့ပေမယ့် ငိုယိုမနေဘဲ ယောက္ခမအိမ်ထိလိုက်လာပြီး ကလေးတက်မွေးတဲ့ချွေးမ ဂျစ်ပစီကောင် ငပွေကောင် တစ်နေ့တစ်နေ့ ကျမအိမ်က ထွက်သွားရင် မင်းသားရုပ်နဲ့ သန့်ပြန့် ပြန်လာရင် မီးသွေးပဲရောင်းခဲ့သလိုလိုဝပ်ရှော့ဆရာပဲလုပ်ခဲ့သလိုလို အိုးမည်းတွေနဲ့ပြန်ပြန်လာတာ ။ ဘယ်ဟုတ်မလဲ သူ့ရုပ်ကြီးနဲ့ ဖွန်သွားသွားကြောင်တာလေ မနေ့က ကျမမှာ ငိုလဲငို ရီလဲရီ အပြင်က ပြန်လာတော့ ကြောင်မလေးတစ်ကောင်က ထပ်ကြပ်မကွာလိုက်လာတယ် ။ ကျမ အိမ်ထဲဝင်တော့လဲ တစ်ချက်လေးမှ မဝံ့မရဲမဖြစ်ပဲ အိမ်ထဲထိ ဝင်ချလာပြီး ဂျစ်ပစီကောင်ကို တွေ့တော့ ပါးတွေချည်းချတာ သူ့ကိုဗိုက်တစ်လုံးနဲ့ထားခဲ့လို့ မကျေမနပ်တွေဖြစ်ပြီး အနံ့ခံပြီး မရရအောင်လိုက်ရှာတာ ထင်ပါရဲ့ တွေ့တာနဲ့ ကျမကိုလဲ စကားတွေပြော ကလေးမွေးချင်လို့ အော်လဲအော် ဒါနဲ့ပဲ သူနေချင်တဲ့နေရာလေးမှာ ပုဝါ သန့်သန့်လေးခင်းပေးလိုက်တော့ ပလွတ် ဆိုမွေးပါလေရော ။ ကျမ ဝမ်းနည်းရဆုံးအချက်က […]
ဘဏ်မန်နေဂျာကို ဘောင်းဘီချွတ်ခိုင်းပြီး ပညာပြသွားတဲ့ အဘွားအို
အဖွားအိုတစ်ဦး ဘဏ်တွင်ငွေလာအပ်သည်။ ငွေပမာဏက အလွန်များသဖြင့် ဘဏ်မန်နေဂျာကမေးသည်။ “အဘွားအဲ့လောက်ငွေအများကြီး ဘယ်လိုရှာလာတာလဲ” “ေဩာ်လောင်းကစားလုပ်လို့ နိုင်လာတာပါ” “အာမဖြစ်နိုင်ပါဘူး လူတစ်ယောက်က အမြဲကံကောင်းပါ့မလား” “မယုံရင်မင်းနဲ့ငါနဲ့လောင်းမလား တနင်္လာနေ့ဘဏ်ဖွင့်ချိန်ရောက်ရင် မင်းဖင်မှာ tattoo ထိုးပြီးသားဖြစ်နေရမယ်” “အာဘာလို့ tattoo ထိုးရမလဲ လောင်းမယ်ဗျာဘာကြေးလဲ” “ဒေါ်လာ ၅၀၀ ကြေးလောင်းမယ်” “ရတယ်စိန်လိုက်” တနင်္လာနေ့မနက်စောစော အဖွားအိုဘဏ်သို့ရောက်လာသည်။ မြို့မျက်နှာဖုံး လူကြီး ၂ ယောက်ခန့်လည်းပါလာသည်။ “ကဲမန်နေဂျာ မင်းဖင်မှာတက်တူးထိုးထားတယ်မဟုတ်လား” “ဘာမှ မထိုးထားဘူးဒီမှာကြည့်” မန်နေဂျာက ဘောင်းဘီကိုချွတ်ပြရင်းပြောသည်။ ထိုစဉ်အဖွားအိုနှင့် အတူပါလာသည့်လူတစ်ဦး မူးလဲကျသွားသည်။ “ကဲအဖွားရှုံးပြီ ဒေါ်လာ ၅၀၀ ပေးတော့ ဒါနဲ့ဟိုလူကဘာလို့ မူးလဲသွားရတာလဲ” “ရော့ဒီမှာငါရှုံးတဲ့အတွက် ဒေါ်လာ ၅၀၀ ဟိုလူက ဘာလို့မူးလဲသွားတာလဲဆိုတော့၊ ဘဏ်မန်နေဂျာကြီး ဖင်လှန်ပြမယ်ဆိုတာကို မယုံဘူးဆိုလို့ ဒေါ်လာတစ်သောင်းကြေးလောင်းထားမိလို့လေ” […]
2023 အတွက် သင်္ကြန်စာ ထွက်ပေါ်လာပါပြီ Seemore…
2023 အတွက် သင်္ကြန်စာထွက်ပေါ်လာပါပြီ…အရမ်းကောင်းပါတယ် ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ ဤနှစ်တွင် သိကြားမင်းသည် ဘီလူးကိုစီး၍ လက်ယာဘက်တွင် သံလျက်ကိုင်လျှက် လက်ဝဲဘက်တွင် ရေဖလားကိုင်ကာ လူ့ပြည်သို့ ဆင်းအံ့။ နှစ်စဉ် အဖော်အဖြစ်လိုက်ပါလာတတ်သော မာဒလိနတ်သားသည် ဤနှစ်တွင် လူ့ပြည်သို့အစောကြီးရောက်နေအံ့။ ထို့ကြောင် သင်္ကြန်ရက်အတွင်း မိုးရွာလျှင် ရေပါအံ့။ ငလျင်လှုပ်လျှင်မြေတုန်အံ့။ မုန်တိုင်းတိုက်လျှင် အခြေမခိုင်သော သစ်ပင်များ ကျိုးကျအံ့။ တနင်္ဂနွေသားသမီးများအနေဖြင့် သင်္ကြန်ရက်အတွင်းရေကစားထွက်လျှင် အဝတ်အစားများ စိုအံ့။ တနင်္လာသားသမီးများ ခိုးရာနောက် လိုက်လျှင် အိမ်ထောင်ကျအံ့။ အင်္ဂါသားသမီးများ စျေးသွားဝယ်လျှင် ငွေကုန်အံ့။ ဗုဒ္ဓဟူးသားသမီးများ အရက်သောက်လျှင် မူးအံ့။ ကြာသပတေးသားသမီးများ ကွမ်းစားလျင် ပါးစပ်ရဲအံ့။ သောကြာသားသမီးများ ဆိုင်ကယ်စီးလျှင် ဆီကုန်အံ့။ စေနသားသမီးများ အနေဖြင့် အစာစားပြီးလျှင် ဗိုက်ပြည့်တတ်အံ့။ ၇ ရက်သားသမီးအနေဖြင့် ဤနှစ်တွင် ကန်ကောင်းစေချင်လျှင် […]
မိန်းမခိုင်းလို့ ခရမ်းသီး သွားဝယ်တဲ့ ယောကျ်ားဖြစ်သူရဲ့အဖြစ်အပျက်
မိန်းမခိုင်းလို့ ခရမ်းသီး သွားဝယ်တဲ့ ယောက်ျားဖြစ်သူရဲ့အဖြစ်အပျက် မိန်းမက လမ်းထိပ်ကဆိုင်ကို ဈေးဝယ်ခိုင်းလိုက်လို့ သွားဝယ်တာ ဆိုင်ရောက်တော့ “အစ်မ ခရမ်းသီးတလုံး ဘယ်လောက်တုန်း” လို့မေးကြည့်တော့ ခရမ်းသီးက “အလုံးလိုက်မရောင်းဘူးမောင်လေး အချိန်နဲ့ရောင်းတာ”တဲ့။ ဒါနဲ့ “အာ့ဆို ဘယ်အချိန်လောက်ပြန်လာဝယ်ရမလဲ နေ့လည်လောက်ပြန်လာရင် ရမလား”ဆိုတော့ ဈေးသည်က မျက်စောင်းကြီးထိုးပီး ပြောတယ် “အဲဒီအချိန်ကိုပြောတာမဟုတ်ဘူး အလေးချိန်ကိုပြောတာဟဲ့”တဲ့။ ဒါနဲ့ ဒီလောက်ကပ်သီးကပ်သပ်နိုင်တဲ့ ခရမ်းသီး မဝယ်တော့ဘူးကွာ ကြက်ဥလေးပဲ ဝယ်တော့မယ်ဆိုပြီး မေးကြည့်လိုက်တယ် ဒီတခါတော့ ခုနက ခရမ်းသီးလို အဖြစ်မခံနိုင်တော့ဘူး နပ်သွားပြီလေ တလုံးချင်း မေးမနေတော့ပဲ “ကြက်ဥ အစိတ်သားလောက်”လို့ အချိန်နဲ့တန်းပြောလိုက်တယ် “ဟာ…ကြက်ဥက အချိန်နဲ့ရောင်းတာမဟုတ်ဘူးဟ အလုံးလိုက်ရောင်းတာ”တဲ့ ဖြစ်ပြန်ရော အမျိုးမျိုးပဲ။ အာ့နဲ့ ကိုယ်လည်းမထူးပါဘူး အလုံးလိုက်ပဲ ရွေးဝယ်တော့မယ်ဆို ပြီး ရွေးရအောင် “ဒီအရောင်မကြိုက်လို့ […]
အခုလေးတင် ရန်ကုန်-မန္တလေး Express ကားပေါ်မှာ ဖြစ်ပျက်သွားတာဗျာ
အခုလေးတင် ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်မှာဖြစ်ပျက်သွားတာဗျာ ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်မှာဖြစ်သည် … (ဖြစ်မှ ဖြစ်ရလေ အန်တီရယ်) ကားပေါ်ရောက်ရင်အိပ်တတ်တာကြောင့်အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်… ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်တွင်ဖြစ်သည်… ကားပေါ်ရောက်ရင်အိပ်တတ်တာကြောင့်အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်မှ ယဉ်မောင်းအားကားစတင်ထွက်ချိန်တွင် အော်ပြောလေသည်… ” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ရင်အဒေါ့်ကိုပြောပါကွယ်” ” ဟုတ်ကဲ့ ဂျီးဒေါ်ရေ” ထိုသို့ဖြင့် ကားစီးလာရင်း အဒေါ်ကြီးမှာအိပ်ငိုက်ပါလာတော့သည် နာရီအနဲငယ်အကြာတွင်တော့ အဒေါ်ကြီးအသံဟိန်းထွက်လာသည်…” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ပြီလားကွဲ့” ယဉ်မောင်းရော စပါယ်ယာပါအခက်တွေ့ကုန်ကြလေသည် …အုတ်ဖိုတာဆုံကိုအတော်လေးကျော်လွန်သွားတာကိုး ….. အခြားခရီးသယ်များကလည်းဒရိုင်ဘာကိုဝိုင်းဝန်းအပြစ်တင်ပြောဆိုနေကြတော့သည် ဒရိုင်ဘာလဲ မနေသာတော့ပဲ ” ကဲ ကဲကျနော့အပြစ်ပါဗျာ တောင်းပန်ပါတယ်နောက်ကိုပြန်မောင်းပေးပါ့မယ် ဂျီးဒေါ်ရေ” ထို့နောက်ကားကို လေးဆယ့်ငါးမိနစ်ခန့်နောက်ကြောင်းပြန်လှည့်မောင်းခဲ့ရလေသည်… ” ကဲ ဂျီးဒေါ်ရေ […]