ရွှေဆိုင်တွေရဲ့ နှစ်ကျပ်ကွက်ဂျင်းတွေကြောင့် ရွှေဝယ်ယူသူတွေ နစ်နာမှုတွေ…….

ရွှေဆိုင်တွေရဲ့ နှစ်ကျပ်ကွက်ဂျင်းတွေကြောင့် ရွှေဝယ်ယူသူတွေ နစ်နာမှုတွေရှိနေ ပြည်တွင်း ရွှေဈေးကွက်မတည်ငြိမ်ချိန်ရွှေဆိုင်တွေကဘောင်ချာမှာဖွင့်ပေးတဲ့ရွှေဈေး၊အလျော့တွက်လက်ခနဲ့ရောင်းတော့တစ်မျိုး ဝယ်တော့တစ်မျိုးနဲ့ အပြင်မှာစကားအရသဘောတူဝယ်ယူခဲ့တဲ့ဈေးတွေကကွာဟနေတာကြောင့်ရွှေဝယ်ယူသူတွေနစ်နာမှုရှိခဲ့တယ်လို့သိရပါတယ် ကျပ်ငွေတန်ဖိုးကျလာလို့ရွှေဝယ်ယူသူတွေများလာတဲ့အခါ နာမည်ကြီးရွှေဆိုင်တွေကိုရွေးချယ်ဝယ်ယူခဲ့ကြပေမယ့် ဆိုင်တွေရဲ့မသမာမှုတွေကြောင့်ရွှေဝယ်ယူသူတွေနစ်နာမှုရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ရွှေဆိုင်နဲ့သဘောတူဝယ်ယူခဲ့တဲ့ဈေးနဲ့အမှန်တကယ်ပြန်ရောင်းချိန်မှာရရှိတဲ့ဈေးက ကွာဟတဲ့အတွက်ကြောင့် ကျပ်သိန်း ၂၀ ကျော်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာမှာ ရွှေဝယ်ယူသူတစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုကို ယခုလိုပြောပြထားပါတယ်။ ရွှေဝယ်ယူသူတစ်ဦးက “အောက်တိုဘာ ၂၂ ရက်နေ့ မြန်မာငွေရှုပ်ရှုပ်ဖြစ်နေတဲ့ချိန် ၁၅ ပဲရည် ရွှေဈေး(၂၄၄၇၀၅၉)ကျပ်နဲ့လုပ်တာဘောင်ချာဖွင့်ပြီးအလျော့တွက်ကို ၅ပဲနဲ့ဆိုတော့ဝန်ထမ်းကိုမေးတဲ့အခါ ရွှေဈေးအတက်အကျမြန်လို့ ဘောင်ချာထဲ အလျော့အတွက် ၅ပဲဖြတ်ပေးထားပါ။ ပြန်လာရောင်းရင် ၄ ပဲ ၄ရွေး ထပ်ပေါင်းပေးပါမယ်ပြောတယ်။ ၂၃ ရက်နေ့မှာ ပြန်ရောင်းတော့အလျော့အတွက်မပေါင်းပေးဘူး မနေ့ကဝယ်တာချက်ချင်းပြန်ရောင်းမှာ ပေါင်းပေးတာဆိုပြီးပြောတယ်။ဘယ်လောက်ရှုံးမှာလဲဆိုတော့ သိန်း ၃၀ ကျော်ဆိုတော့ မရောင်းဘဲပြန်သွားခဲ့တယ်။ အမှန်တကယ်က တခြားရွှေဆိုင်တွေမှာ သွားရောင်းဖို့ပြမှ ပုံမှန်အလျော့အတွက်က ၁ ပဲကျော်လေးပဲရှိတာ။ ဘယ်လောက်ရရအရှုံးခံသွားရောင်းမယ်ဆိုတော့ … Read more

ထိုင်းနဲ့ ဗီယက်နမ်က အဝယ်သွက်နေတဲ့မြန်မာ့ကြက်သွန်နီ

မြန်မာ့ကြက်သွန်နီကို အိမ်နီးချင်း ဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက တစ်နှစ်ပတ်လုံး ဝယ်လိုအား များနေလို့ ဒီနှစ်မှာ ကြက်သွန်သစ် ပေါ်လာချိန်မှာတောင် ဈေးက ကျမသွားဘဲ ဆက်တက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်၊ ဘုရင့်နောင်ဒိုင်မှာ ကြက်သွန်နီတစ်ပိဿာကို ကျပ် ၃၃၀၀ ကနေ ကျပ် ၄၅၀၀ အထိ အစားစား ရှိနေပြီး ဒီဈေးတွေက အရင်နှစ်ဈေးတွေထက် ၃ ဆလောက် မြင့်နေတဲ့အပြင် စံချိန်တင်ဈေးနှုန်းတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ နွေကြက်သွန်ဟောင်းက တစ်ပိဿာ ၄၅၀၀ အထိ ရှိနေပြီး မိုးကြက်သွန်အသစ်ကလည်း ကျပ် ၃၅၀၀ ခန့် ရှိနေကြောင်း၊ ထိုင်းနိုင်ငံက မြန်မာ့ကြက်သွန်နီ ၁ တန်ကို ကျပ် ၃၁-၃၄ သိန်းကြား ပေးဝယ်နေကြောင်းနဲ့ အရင် ၂ နှစ်လောက် … Read more

ယနေ့ နိုဝင်ဘာ ၂၄ ရက် (ကြာသပတေးနေ့) အတွက် ပြင်ပ ရွှေစျေး၊ ကမ္ဘာ့ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းများ

ယနေ့ နိုဝင်ဘာ ၂၄ ရက် (ကြာသပတေးနေ့) အတွက် ပြင်ပ ရွှေစျေး၊ ကမ္ဘာ့ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းများ ယနေ့ နိုဝင်ဘာ ၂၄ ရက် (ကြာသပတေးနေ့) အတွက် ပြင်ပ ရွှေစျေး၊ ကမ္ဘာ့ရွှေစျေး၊ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှုန်းတို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကမ္ဘာ့ရွှေစျေး တအောင်စ − 1738 ဒေါ်လာ YGEA ရည်ညွှန်းစျေး အခေါက်ရွှေတစ်ကျပ်သား − 2067000 ပြင်ပ ငွေလဲနှုန်းများ USD =2890~2920 (ဒေါ်လာ) Euro = 2900~2960 (ယူရို) SGD = 2070~2120 (စင်္ကာပူဒေါ်လာ) CNY = 395~420 (တရုတ်ယွမ်) THB = 79.75~80.5 (ထိုင်းဘတ်) MYR … Read more

“၂၀၂၃ကို ညဏ်နဲ့ဖြတ်မှရမယ် ” လာတော့မယ့် ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ မြန်မာပြည်ကို ဝင်ဆောင့်နိုင်တဲ့ အခြေအနေ…

လာတော့မယ့် ၂၀၂၃ ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ မြန်မာပြည်ကို ဝင်ဆောင့်နိုင်တဲ့ အခြေအနေ ကမ္ဘာ့စီးပွားရေးပညာရှင် နျူရီရယ် ရူဘီနီ (Nouriel Roubini) က ဟောကိန်းထုတ်တယ်။ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြုံမယ်၊ အတော်ဆိုးဆိုးကြုံမယ်၊ ၂၀၀၈ ခုနှစ်ထက် ပိုဆိုးမယ်၊ အတော်ရှည်ကြာမယ်၊ မလှမပ ဖြစ်မယ်တဲ့။ သူပြောရင်မှန်တယ်၊ ၂၀၀၇-၈ တုန်းကလည်း သာသာယာယာအချိန် ကတည်းက သူကစပြောတယ်၊ စီးပွားပျက်ကပ် လာတော့မယ်တဲ့၊ ပြောတဲ့အတိုင်းဖြစ်တယ်။ သူဟောတာ နံကြားထောက်တာမဟုတ်ပါဘူး၊ တကမ္ဘာလုံးရဲ့ အခြေအနေတွေ ငွေပေးငွေယူတွေ ဝယ်လိုအား ရောင်ရလိုအား စစ်ပွဲအခြေအနေတွေကြည့်ဟောတာ။ ၂၀၂၃ ဇန်နဝါရီက စပြီး လုပ်ငန်းရှင်တွေ ရင်ခုံကြရပြီ။ အခုကောကောင်းလို့လားဆိုတော့ မကောင်းဘူး၊ ဒါပေမယ့် လက်ရှိအခြေအနေဟာ မုန်တိုင်း မဝင်ခင်ကာလတဲ့။ လက်ခံခံ မခံခံ အရှိတရားကတော့ … Read more

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ ပြန်လွတ်

ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ အင်းစိန်ထောင်က ပြန်လွတ် ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ အဆိုတော် စောဖိုးခွားတို့ ဒီနေ့ နိုဝင်ဘာ ၁၅ ရက်မှာ အင်းစိန်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။ သူတို့နှစ်ဦးလုံးဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တည်းက အစောဆုံးဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး မင်းထင်ကိုကိုကြီးကို ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ)နဲ့ ထောင်၂နှစ်၊ ရက်ဂေးအဆိုတော်အဖြစ်လူသိများတဲ့ စောဖိုးခွားကိုတော့ သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀(က) ၊ ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နှစ်မှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတုန်းက စုစုပေါင်း ထောင်နှစ်နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ မင်းထင်ကိုကိုကြီးဟာ သူ့အိမ်ရှေ့ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်သားတွေရာက်နေပြီ ဆိုတဲ့အကြောင်း … Read more

နံနံပင်ပြီးတော့ ငရုတ်သီးစိမ်း လာပါပြီ (ရခိုင်တွင် ငရုတ်သီး တတောင့် ငွေ ၁၀၀ နဲ့ ဝယ်နေရ)

လတ်တလော ရန်ကုန်မှာ နံနံပင် တပိဿာ သုံးသောင်းဈေး ဖြစ်နေတာကြောင့် ပြည်သူလူထုတွေ အကြား ဝေဖန်မှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။ နံနံပင်ကို လူတိုင်း မစားပေမယ့် မြန်မာ့ထမင်းဝိုင်းတွေမှာ မရှိမဖြစ် အရာတခု ဖြစ်ပါတယ်။ နံနံပင်ဈေး အဆမတန်မြင့်တက်လာပြီးတဲ့နောက် ထပ်မံမြင့်တက်လာတဲ့ ကုန်စိမ်းကတော့ ငရုတ်သီးစိမ်းပဲ ဖြစ်ပါတယ်။ ရန်ကုန်လို လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသများမှာ ဈေးနှုန်း မသိသာပေမယ့် အခြေအနေ မတည်ငြိမ်တဲ့ ရခိုင်ပြည်နယ်လို ဒေသမျိုးမှာ ကုန်စိမ်းဈေးတွေ အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။ ငရုတ်သီးစိမ်း တတောင့်ကို ကျပ်ငွေ ၁၀၀ နဲ့ ဝယ်ယူနေရတဲ့အကြောင်း ရခိုင်ပြည်နယ်က အိမ်ရှင်မတဦးရဲ့ ရင်ဖွင့်သံကို ဖော်ပြလိုက်ပါတယ်- “ကျမတို့မြို့မှာ ငရုတ်သီး တစ်တောင့် ၁၀၀ ဖြစ်နေတယ်။ ပုံထဲကဟာက ၂၀၀၀ … Read more

ထိန်းလို့မရတဲ့ ရွှေဈေးကွက်ကို စစ်ကောင်စီက ဇွတ်ထိန်းဖို့ ကြိုးစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးလာပါပြီ

ထိန်းလို့မရတဲ့ ရွှေဈေးကွက်ကို စစ်ကောင်စီက ဇွတ်ထိန်းဖို့ ကြိုးစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးလာပါပြီ စကစရဲ့ ရွှေပုံသေဈေးနှုန်းနဲ့ ရန်ကုန်ရွှေဆိုင်များ မရောင်းချ၊ ရွှေဈေး (၃) ခုကွဲပြီး ဈေးကွက်ပျက် ရန်ကုန်မှာရှိတဲ့ ရွှေဆိုင်တွေအားလုံးကို အခေါက်ရွှေတစ်ကျပ်သား ၂၅၃၀၀၀၀ ကျပ်နဲ့ပဲ အရောင်းအဝယ်လုပ်ဖို့ စကစက ထုတ်ပြန်ထားပေမယ့် ဈေးကွက်ထဲမှာတော့ ကျပ် ၂၆ သိန်းခွဲ အထက်ဈေးနဲ့ပဲ အရောင်းအဝယ်လုပ်နိုင်တယ်လို့ ရန်ကုန်မြို့ ရွှေဆိုင်တချို့ဆီကနေ သိရပါတယ်။ ဒီနေ့နေ့လည် ၁၂ နာရီဈေးအရ ခန့်မှန်းရွှေဈေးအနေနဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၆၅၀၀၀၀ နဲ့ရောင်းပြီး ၁၅ ပဲရည်ကိုတော့ ၂၅ သိန်းဝန်းကျင်မှာအရောင်းအဝယ်လုပ်တယ်လို့ ရန်ကုန်မြို့ကရွှေဆိုင်တစ်ဆိုင်က ပြောပါတယ်။ ရွှေပြန်ရောင်းချင်ရင်တော့ ဆိုင်ရောင်းဈေးထက် ကျပ် ၃၀၀၀၀ မှ ၅၀၀၀၀ ဝန်းကျင်အကွာ နည်းတဲ့ဈေးနဲ့ ရွှေဆိုင်တွေက ပြန်ဝယ်တာဖြစ်တယ်လို့ … Read more

YBS ကားပေါ်မှာ အားကိုးတကြီး အကူအညီတောင်းခံသော်လည်း

YBS ကားပေါ်မှာ အားကိုးတကြီး အကူအညီတောင်းခံသော်လည်း အကူအညီမရလို့ ဝမ်းနည်းခဲ့တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်… တစ်ခုလောက်ပြောချင်လို့ပါ။ ညီမဒီနေ့ သင်တန်းကအပြန် ဇဝနကနေ ၃၂စီးတာပါ။ မှတ်တိုင်မှာကားစောင့်ရင်းဖုန်းပြောနေတာ ဖုန်းပြောရင်း ကိုယ့်ကိုတယောက်ယောက်ကြည့်နေသလိုခံစားရလို့ ဘေးဘက်ကို ကြည့်လိုက်တော့ ဦးလေးကြီးတယောက်က ကြည့်နေတာ အော်ကိုယ်လည်းသတိမထားလိုက်ဘူး အာ့နဲ့ကားလာတော့ ကားပေါ်ပါလာပါတယ် ကိုယ်နဲ့သုံးယောက်လောက်အကျော်ကနေတဖြေးဖြေး ကိုယ့်နားရောက်လာတယ် အာ့နဲ့ ကိုယ်လည်းနေရာပြောင်းလိုက်ပါတယ် အဲ့တာခနကြာတော့ နောက်လူနှစ်ယောက်အကျော်ကနေ ဘယ်သွားမို့လည်း လိုက်ပို့ရမလား ဘညာမေးပါတယ် ကိုယ်ကကြားပေမဲ့လှည့်မကြည့်ပါဘူး။ ခနကြာတော့ ဘက်ခနဲ့ နဲ့လူနားအရှိန်နဲ့ရောက်ချလာတော့ လန့်သွားပြီး တစ်ဖက်ခြမ်းက ကောင်လေးတွေဆီ အကိုကြီးတို့လုပ်ပါအုံး လူနားအရမ်းကပ်လာလို့ပါပြောပြီး ကောင်လေးတွေထဲ ဝင်လိုက်ပါတယ် ကိုယ်က ကောင်လေးတွေဆိုတော့ရှိန်မလားဆိုပြီး သွားတော့ မကူညီတဲ့အပြင် ရှောင်ပြီးဟိုဖက်တောင်တိုးသွားကြပါတယ် ကောင်လေးတယောက်က ခန ကာထားပေးပါတယ်။ ခနကြာတော့ သူလည်းကြောက်လို့ထင်ပါတယ် မကာပေးတော့ဘူး ကားကကြပ်ပါတယ် … Read more

ရန်ကုန်၊သိမ်ဖြူလမ်းက ငွေလဲလုပ်ငန်းဓားပြတိုက်ခံရမှု တရားခံမမိသေး

ရန်ကုန်၊သိမ်ဖြူလမ်းက ငွေလဲလုပ်ငန်းဓားပြတိုက်ခံရမှု တရားခံမမိသေး ရန်ကုန် ၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ သိမ်ဖြူလမ်းက Ye Min Aung Money Changer – ရဲမင်းအောင်ငွေလဲလုပ်ငန်း သေနတ်ပြလုယက်ခံရမှုမှာ ငွေကျပ်သိန်း၃၀၀ နဲ့ ဖုန်းတစ်လုံးပါသွားပြီးတရားခံဖမ်းဆီးမိရေးလုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးပိုင်းဘက်ကနေသိရပါတယ်။ မနေ့ နိုဝင်ဘာ၁၂ရက် ညနေပိုင်းက ငွေလွှဲလုပ်ငန်းဆိုင်ကို မျက်နှာဖုံးစွပ်ထားတဲ့လူတစ်စုရောက်လာပြီး ဆိုင်ဝန်ထမ်းတွေနဲ့ ငွေလဲဖို့ရောက်နေတဲ့သူတွေကိုပစ္စတိုသေနတ်နဲ့ ချိန်ရွယ်ပြီး ငွေတွေထုတ်ပေးဖို့ ခြိမ်းခြောက်ဓားပြတိုက်ခဲ့တာကို လူမှုကွန်ရက်မှာထွက်လာတဲ့ ရုပ်သံဖိုင်တွေမှာတွေ့ရပါတယ်။ အဲဒီ ဓားပြတိုက်သူတွေဟာ ဆိုင်ရဲ့ကောင်တာကို ရိုက်ခွဲပြီး အံဆွဲအတွင်းက ကျပ်သိန်း ၃၀၀ နဲ့ iPhone တစ်လုံးကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။ ” သိန်း ၃၀၀ကအတိအကျဆိုတာ ဆိုင်ရှင်က အိမ်ကနေဆိုင်ကိုယူလာတာ အိတ်အမည်းနဲ့ ထုတ်ပြီးယူလာတာ။ အဲဒါကိုယူသွားတာဆိုတော့ အတိအကျပဲ။ ဖုန်းလည်းပါသွားတယ်။ တစ်ယောက်ကကားထဲကစောင့်တယ်။တစ်ယောက်ကအပြင်မှာကြည့်တယ်။ … Read more

ထူးခြားဆန်းကြယ်တဲ့ နည်းလမ်းတွေ သုံးလာတဲ့ YBS ပေါ်က ခါးပိုက်နှိုက်များ (မပေါ့ဆကြပါနဲ့)

မနေ့က မြို့ထဲက အပြန်.. YBS ကားပေါ်မှာဗျ.. ကားက အရမ်း အကျပ်ကြီး မဟုတ်ပေမယ့်.. ထိုင်ခုံနေရာတွေတော့..မရှိတော့ဘူးလေ.. ဒီတော့.. ကျတော့် ထုံစံအတိုင်း နောက်ဆုံးထိ တိုးဝင်ပြီး.. မတ်တတ်ရပ် စီးခဲ့တာပေါ့.. အဲ.. လမ်းတစ်ဝက်လောက်.. ရောက်တော့.. မှတ်တိုင် တစ်ခုကနေ.. တက်လာတဲ့ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ကျတော့်ရဲ့ဘေးကို လာရပ်ကြတယ်ဗျ.. အမျိုးသားက အသားညိုညို ညင်းသိုးသိုး ပုံစံနဲ့.. ဟမ်းဘတ်အိတ် တစ်လုံးကိုလည်း စလွယ်သိုင်း..လွယ်ထားသေးသဗျ.. သူ့နောက်က ပါလာတဲ့ အမျိုးသမီးကတော့.. အသက် ၄၀ ဝန်းကျင်.. အဝတ်အစားပြောင်ပြောင်ရောင်ရောင်နဲ့ သူ့မှာလည်း..စလင်းဘတ်အိတ်ကြီးချိုင်းကြားညှပ်လို့ခုနက..အမျိုးသားဘေးကို လာရပ်တာပေါ့.. ခက်တာက.. အမျိုးသမီးက ဂဏာမငြိမ်ပဲ သူ့စလင်းဘတ်အိတ်ကို.. ခဏခဏ.. ဘယ်ညာ ဘက်ပြောင်းပြီး..ညပ်နေတာပဲ.. ဒါက.. ခါးပိုက်နှိုက်ကို.. လက်ယပ် ခေါ်သလိုမျိုး ဖြစ်နေတာပေါ့.. … Read more