ပည်သူ့ အချစ်တော် စာရေးဆရာ အကြည်တော် ကွယ်လွန်

ပြည်သူ့ အချစ်တော် စာရေးဆရာ အကြည်တော် ကွယ်လွန် ပင်လုံဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတဲ့ စာရေးဆရာအကြည်တော်ဟာ ဒီကနေ့ နိုဝင်ဘာ၉ရက် ညပိုင်း၈နာရီမိနစ်၂၀ကျော်အချိန်မှာ ကွယ်လွန်သွားပြီလို့ မိသားစုဝင်တွေထဲက တစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။ စာရေးဆရာအကြည်တော်ဟာ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ နောက်ဆုံးပတ်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ သွားရောက်ဆေးကုသမှုခံယူခဲ့တဲ့နောက် မြန်မာနိုင်ငံကို ပြီးခဲ့တဲ့လကပြန်လည်ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီနောက်ပင်လုံဆေးရုံမှာ ရက်ရှည် တက်ရောက် ဆေးကုသမှုခံယူပြီးတဲ့‌နောက်မှာ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ အကြည်တော်ဟာ ဟာသစာပေတစ်ခေတ်မှာ အလွန်အောင်မြင်တဲ့ စာရေးဆရာတစ်ဦးဖြစ်ပြီး သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲ ဇော်ကကနေသည်၊ ဘီလူး၊ ရွှေမိုးသည်း၊ ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊ နတ်နေကိုင်း၊ ချစ်လို့စတာ နာတယ်၊ ကဝေပျိုရဲ့နိဒါန်း စတဲ့ လက်ရာတွေက ထင်ရှားပြီး အဲဒီထဲက တချို့ကို ရုပ်ရှင် ဗီဒီယိုတွေအဖြစ် ပြန်လည်ရိုက်ကူးရာမှာလည်းအလွန်အောင်မြင်ခဲ့တဲ့ … Read more

သူခိုးမိပေမယ့် ပြောလိုက်တဲ့ စကားတခွန်းကြောင့်

ဂုဏ်သိက္ခာရှိသော သူခိုးပါ.. မန္တလေးမှာ သူခိုးမိပေမယ့် ဒေါကြီးမောကြီးနဲ့ သူခိုးပြောလိုက်တဲ့ စကားတခွန်းကြောင့် ရပ်ကွက်က ငွေ‌ပေးပြီး ပြန်လွှတ်လိုက်ရတဲ့ ဖြစ်ရပ်..။ မန္တလေးမှာ သူခိုးလိုက်ရင်း မိတော့ သူခိုးက မျက်နှာ ငယ်လေးနဲ့ ထိုင်နေတုန်း အဲ့အချိန် လူအုပ်ထဲက.. ” စစ်စမ်းကွာ.. ဒီကောင် ရဲလား စစ်သားလား?” ဆိုတော့.. စောနက ပြိုတော့မယောင် မျက်နှာငယ်လေးနဲ့သူခိုးက ဝုန်းခနဲဆို မတ်တပ်ရပ် လက်သီးကျစ်ကျစ်ပါ အောင်ဆုပ်ပြီး.. “ဒီမှာဗျ.. ကျတော် မရှိလို့ ခိုးချင်ခိုးမယ် မှန်တယ်.. ကျတော် သူခိုးပဲ.. ကျတော့်ကို လုပ်ချင်သလို လုပ်လိုက်… ဒီကောင်တွေနဲ့ မနိူင်းနဲ့.. ကျတော် လူယုတ်မာ အရိုင်းအစိုင်း မဟုတ်ဘူးဗျ.” ဆိုပြီး ထ သောင်းကျန်းနေလို့ ရပ်ကွက်က မုန့်ဖို့းစုပေးပြီး ချော့မော့ … Read more

ခြေဖဝါးကွဲသူများအတွက် (၁ )ရက်အတွင်း ပျောက်စေမည့် အိမ်တွင်းနည်းလမ်း

ခြေဖဝါးကွဲသူများအတွက် ၁ ရက်အတွင်း ပျောက်စေမည့် နည်းလမ်း ရာသီဥတုပူပြင်းခြင်း၊အေးလွန်းခြင်းနှင့်ခြေထော က်မှ ခြေဆီမပြန်ခြင်းတို့ကြောင့် ခြေဖဝါးနာခြင်း၊ကွဲခြင်းတို့ဖြစ် တတ်ကြပါသည်။ အကျိုးဆက်က ဖိနပ်လည်းမစီးနိုင် သလို လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ချေ။ အိမ်တွင်းသုံးကုထုံ းနည်းလေးဖြင့် ယုံယုံကြည်ကြည်စမ်းသပ်ကြည့်ပါအံ့ဖွယ်သက်သာပျောက်ကင်းစေပါသည် နည်းလမ်းလေးမှာညအိပ်ရာဝင်ချိန်တွင်ခြေထောက်ကိုသန့်စင်အောင်ဆေးပြီးမန်ကျည်းမှည့်အနှစ်အနည်းငယ်နှင့်ကွမ်းရွက်အနည်းငယ်ကိုကြိတ်ပြီးခြေဖဝါးကွဲဒဏ်ရာအားသုတ်လိမ်းပေးပါ။သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ဘေးထွက်ဆိုးကျိုးမရှိသောမြန်မာနည်းလေးဖြစ်ပါသည်လိုသူတို့သုံးစိတ်နှလုံးရွှင်ပြုံးကြပါစေရဲမျိုးသူဗောဓိမြိုင်ဆောင်း တွင်းမှာခြေဖနောင့်ကွဲခြင်းကိုကာကွယ်ကုသရန်နိုဝင်ဘာလကုန်ရင်ခရစ္စမတ်ရာသီထဲလည်းဝင်တော့မယ်။ ဆောင်းရာသီလိုရာသီဥတုအေးတဲ့အချိန်မှာအရေပြားဆဲလ်သေတွေဖနောင့်မှာစုပုံပြီး ဖနောင့်ကွဲတတ်ပါတယ်။ ဖနောင့်ကွဲတဲ့အခါနာကျင်မှုဝေဒနာကိုခံစားရတဲ့အပြင်အသားမာကြီးတက်ပြီး ခြေထောက်အလှကိုပျက်ဆီးစေနိုင်ပါတယ်။ မိန်းကလေးတွေဆိုတစ်ကိုယ်လုံးလန်းအောင်ဘယ်လောက်ပြင်ထားပြင်ထားခြေညှပ်ဖိနပ်စီးမိတဲ့နေ့မှာခြေဖနောင့်ကအက်ကွဲနေရင်အလှပျက်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေကို ရှောင်ရှားနိုင်ဖို့ဖနောင့်ကွဲခြင်းကိုကုစားနိုင်တဲ့သဘာဝကုထုံးလေးတစ်မျိုးကိုဖော်ပြပေးလိုက်ပါတယ်နော်။ အဆင့် (၁)ရေနွေးကုထုံးအရင်ဆုံးကြက်သီးနွေးရုံလောက်ရေနွေးတစ်အိုးရယ်၊မုန့်ဖုတ်ရာမှာသုံးတဲ့မုန့်ဖုတ်ဆိုဒါ (၂)ဇွန်းရယ်၊ချေးတွန်းကျောက်လို့လူသိများကြတဲ့ ရေမြှုပ်ကျောက်ရယ်၊ဆား(၂)ဇွန်းရယ်လိုအပ်ပါတယ်။ကြွေဇလုံ(သို့)စတီးလ်ဇလုံထဲမှာကြက်သီးနွေးရုံလောက်ရေနွေးကိုထည့်လိုက်ပါ။ ရေနွေးထဲမှာမုန့်ဖုတ်ဆိုဒါနဲ့ ဆားနည်းနည်းရောလိုက်ပါ။ပြီးရင်သမအောင်ရောမွှေလိုက်ပါ။ သမသွားပြီဆိုရင်ခြေထောက်ကိုရေထဲမှာနှစ်ပြီး(၁၅)မိနစ်လောက်စိမ်ပေးလိုက်ပါ။(၁၅)မိနစ်ကြာအောင်စိမ်ပြီးရင်ခြေ ထောက်ကို ရေစင်အောင်ပြန်သုတ်ပြီး ချေးတွန်းကျောက်နဲ့အရေပြားဆဲလ်သေလွှာတွေကွာကျသွားအောင်ညင်သာစွာပွတ်တိုက်ပေးလိုက်ပါ။အဆင့် (၂)ချေးချွတ်ခြင်းဆဲလ်သေတွေကိုဖယ်ရှားပြီးပြီဆိုရင်တော့ချေးချွတ်လို့ရပါပြီ။ ချေးချွတ်မယ်ဆိုရင်လိုအပ်တဲ့ပစ္စည်းတွေကတော့ဆီ(၂)ဇွန်းနဲ့သကြားနည်းငယ်ဖြစ်ပါတယ်။အရင်ဆုံးကြွေဇလုံတစ်လုံးထဲမှာဆီ(၂)ဇွန်းနဲ့သကြား(၁)ဇွန်းကိုထည့်လိုက်ပါ။ သမအောင်မွှေပြီးရင်တော့သဘာဝချေးချွတ်ဆေး(scrub)လေးကအဆင်သင့်ဖြစ်သွားပါပြီ။အဲဒီချေးချွတ်ဆေး(scrub)လေးနဲ့ခြေထောက်နဲ့ဖနောင့်ကို(၅)မိနစ်ခန့် ညင်သာစွာပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင်တော့ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ပါ။အဆင့်(၃)အစိုဓာတ်ထိန်းသိမ်းခြင်းချေးချွတ်ပြီးပြီဆိုရင်တော့အရေပြားအစိုဓာတ်ပြန်လည်ထိန်းသိမ်းခြင်း(moisturizer)သုံးဖို့လိုအပ်လာပါပြီ။ မိမိနှစ်သက်ရာmoisturizerတစ်မျိုးမျိုးကို သုံးပြီးအရေပြားအစိုဓာတ်ကိုပြန်လည်ထိန်းသိမ်းလို့ရပါတယ်။Moisturizerသုံးမယ်ဆိုရင်ခရင်မ်ကို ခြေဖဝါးတစ်ခုလုံးနှံ့စပ်အောင် လိမ်းပေးရမှာဖြစ်ပြီးပြီးရင်ခြေအိတ်အပါးလေးနဲ့ခဏလောက်စွပ်ထားပေးလိုက်ပါ။ ခဏကြာရင်တော့ ခြေအိတ်ပြန်ချွတ်နိုင်ပါပြီ။ခြေဖနောင့် အက်ကွဲတဲ့အခါတိုင်း ဒီနည်းလမ်းလေးကို ပြုလုပ်ပေးနိုင်ပါတယ်။ ခရက်တစ်ပါ zawgyi ခြေဖဝါးကွဲသူများအတွက် … Read more

စပါးရိတ်သိမ်း ပျော်ပွဲစား သီချင်းဆိုရင်း မိုက်လုရာမှ လူသ-တ်မှုဖြစ်ပွား

စပါးရိတ်သိမ်း ပျော်ပွဲစား သီချင်းဆိုရင်း မိုက်လုရာမှ လူသ-တ်မှုဖြစ်ပွား သီချင်းဆိုရင်း မိုက်လုရာက စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ် ကြို့ပင်ကောက် နိုဝင်ဘာ ၈ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုန်းကျေးရွာမှာ ဒီနေ့မနက်အစောပိုင်းက ကျေးရွာသားအချင်းချင်း စကားများရန်ဖြစ်ပြီး လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ နိုဝင်ဘာ ၈ ရက် မနက် ၁ နာရီခန့်က လှေတုန်းကျေးရွာမှာ စပါးရိတ်သိမ်းပြီးတဲ့ အထိမ်းအမှတ်နဲ့ ပျော်ပွဲစားပြုလုပ်ကာ သီချင်းဆိုနေစဉ် အဲ့ဒီကျေးရွာက ဦးမျိုးလွင်နဲ့ ကိုကျော်ခိုင်တို့ဟာ သီချင်းဆိုနေရင်း မိုက်လုရာက စကားများရန်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲ့ဒီလို စကားများရန်ဖြစ်ရာ ဦးမျိုးလွင်က တစ်ရွာတည်းနေထိုင်သူ ကိုကျော်ခိုင်ကို အရိုးအသွား ၆ လက်မခန့်ရှိတဲ့ ဓားမြှောင်နဲ့ထိုးလိုက်ရာ ဓားထိုးခံရသူ ကိုကျော်ခိုင်မှာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဓားနဲ့ထိုးခဲ့တဲ့ … Read more

စိတ်ညစ်စရာကောင်းတဲ့ ဆားဝက်ခြံတွေကို ရှင်းထုတ်နိုင်မယ့် နည်းလမ်း (၈) ခု

ဆားဝက်ခြံ (blackheads) ဆိုတာ ဘာလဲ? ဆားဝက်ခြံဆိုတာဟာ အဆီများ, အရေပြားဆဲလ်သေများ, ဆံပင်ပေါ်က keratinအလွှာများစသည်တို့က ချွေးပေါက်များအတွင်း သို့ ဝင်ရောက်ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာသော အရေပြားပြဿနာ တစ်ခုဖြစ် ပါတယ်။ ဆားဝက်ခြံများဟာ မျက်နှာပေါ်တွင်သာမက ကျောဘက်, နားရွက်နှင့် ချွေးပေါက်ရှိသော အခြားနေရာ များပေါ်တွင်လဲ ဖြစ်ပေါ်နိုင် ပါတယ်။ Skin care အမျိုးမျိုး အသုံးပြုပေမယ့် ဆားဝက်ခြံတွေ ရှိနေသေးတယ် ဆိုသူတွေအတွက် အကုန်အကျသက်သာပြီး လွယ်ကူတဲ့ အောက်ပါ နည်းလမ်းတွေကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် …။ (1) သံပရာသီး” သံပုရာသီးအရည်ဟာ ချွေးပေါက်တွေကို သိသာစွာ ကျဉ်းစေတဲ့အပြင် အသားအရေကိုသဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။ ဝက်ခြံပိုးတွေကို သေစေတဲ့အပြင် ဆဲလ်သေတွေကို ဖယ်ရှားပေးတာမို့ သံပုရာသီးကို အသုံးပြုနိုင်ပါတယ်။ … Read more

ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ် ယာဥ်မတော်တဆမှုမှာ ကားပေါ်ပါသူ အားလုံး

unicode ဖြင့်ဖတ်ရန် ကော့ကရိတ်-မြဝတီ အာရှလမ်းပေါ် ယာဥ်မတော်တဆမှုမှာ ကားပေါ်ပါသူ အားလုံး သေဆုံး “အစကတော့ ၅ ဦးရဲ့ ရုပ်အလောင်းတွေ တွေ့ပါတယ်။ နောက်တစ်ခါ ကားကို ကရိန်းနဲ့ မ လိုက်တော့ နောက်ထပ် ၂ ဦးရဲ့ ရုပ်အလောင်းထပ်တွေ့ပါတယ်။ ကျား ၅ ဦးနဲ့ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးရဲ့ ရုပ် အလောင်းတွေ ဖြစ်ပါတယ်…..” လို့ ယာဉ်တိုက်မှုဖြစ်တဲ့နေရာကို သွားရောက်ကယ်ဆယ်ရေး လုပ်ပေး‌တဲ့ ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့က တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ ‌သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ကော့ကရိတ်ဆေးရုံရဲ့ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ – ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ zawgyi ဖြင့်ဖတ်ရန် … Read more

နိုဝင်ဘာ ၉ ရက်နေ့ အတွက် ဒေါ်လာစျေး ရွှေစျေး စက်သုံးဆီစျေး

နိုဝင်ဘာ ၉ ရက်နေ့ အတွက် ဒေါ်လာစျေး ရွှေစျေး စက်သုံးဆီစျေး နိုဝင်ဘာ ၉ ရက်နေ့ အတွက် ဒေါ်လာစျေး ရွှေစျေး စက်သုံးဆီစျေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါတယ်။ ပြင်ပ ဒေါ်လာစျေး USD =2960~3030 ဒေါ်လာ) SGD = 2020~2130 (စင်္ကာပူဒေါ်လာ) THB = 77~83 (ထိုင်းဘတ်) ကမ္ဘာ့ရွှေစျေး တစ်အောင်စ 1710 USD ဖြစ်ပါတယ်။ YGEA ရည်ညွှန်းစျေးနှုန်း (10:30 Am) အခေါက်ရွှေ တစ်ကျပ်သား − 2014000 ကျပ် ပြင်ပ ရွှေစျေး အခေါက်ရွှေ တကျပ်သား − 2670000 ကျပ် (ဝယ်) အခေါက်ရွှေ တကျပ်သား − 2710000 ကျပ် … Read more

ယောကျ်ားဖြစ်သူကို ပြန်မပြောနဲ့လို့မှာလိုက်တဲ့ ဗေဒင်ဆရာရဲ့ စကားကိုနားမထောင်တဲ့ အမျိုးသမီးရဲ့အဖြစ်

ယောက်ျားဖြစ်သူကို ပြန်မပြောနဲ့လို့မှာလိုက်တဲ့ ဗေဒင်ဆရာရဲ့ စကားကိုနားမထောင်တဲ့ အမျိုးသမီးရဲ့အဖြစ် ရှေးတုန်းက အမျိုးသမီးတယောက်ဟာအပ်ချုပ်ရင်းနဲ့အပ်တချောင်း ကျပျောက်သွားတယ်။ ကျသွားတဲ့အပ်ကိုမရှာဘဲ ဗေဒင်ဆရာဆီသွားမေးပါလေရော။ ဗေဒင်က တခါမေးရင်ဆန်တစ်ပြည်နဲ့ ငွေတမတ်ပေးရတယ်။ ဒီတော့ ဗေဒင်ဆရာက တချက်စဉ်းစားသလိုဟန်ပြင်ကာ ကျောက်သင်ပုန်းပေါ် ဟိုခြစ်ဒီခြစ် လုပ်ပြီး။ “ခင်ဗျားအပ်က ခင်ဗျားအပ်ချုပ်တဲ့နေရာအောက်မှာရှိတယ် ဆန်ကာစိပ်နဲ့ထိုးရှာရင်ရကိန်းရှိတယ် ဒါပေမယ့်တခုတော့မှာလိုက်မယ်” “ဟုတ်ကဲ့ ပြောပါ ဆရာ ”“အပ် ပြန်ရတဲ့အချိန်မှာခင်ဗျားယောင်္ကျားကို သွားမပြောနဲ့”“ဘာဖြစ်လို့လဲ ဆရာ”“သွားပြောရင် သွေးထွက်သံယိုဖြစ်ကိန်းရှိတယ်” အမျိုးသမီးလည်းသေချာမှတ်သားပြီး အိမ်ပြန်လာခဲ့တယ်။ ဒါနဲ့အိမ်ပြန်ရောက်တော့ဘဗေဒင်ဆရာဟောတဲ့အတိုင်းဆန်ကာစိပ်နဲ့ရှာလိုက်တာ အပ်ကိုပြန်တွေ့သွားတယ်။ အဲ့ဒါနဲ့ညနေအလုပ်ကပြန်လာတဲ့ ယောင်္ကျားကိုဗေဒင်မှန်တဲ့အကြောင်းဝမ်းသာအားရနဲ့ ပြန်ပြောမိသွားတယ်။ ဒီတော့ ယောင်္ကျားက – “အတော် အ တဲ့ မိန်းမ၊ အပ်လေးတချောင်းမှ တပြားတောင်မတန်ဘဲနဲ့ဆန်တပြည်၊ ငွေတမတ် အကုန်ခံပြီးသွားမေးရသလား အဲဒီငွေနဲ့ အပ်ဝယ်ရင်နင့်ကိုတောင်ဖို့ပစ်လို့ ရသေးတယ်ဟဲ့” ဆိုပြီးပြောလည်းပြောလက်ကလည်း ထုလိုက်တာအမျိုးသမီးရဲ့ခေါင်းပေါက်သွားပါလေရော။အဲ့ဒီမှာ နာလို့ယောင်ပြီး … Read more

၁၃ သောကြာ ကြောက်စရာလား

အနောက်တိုင်းဂမ္ဘီရပညာအရဆိုရင် လတစ်လရဲ့ ၁၃ ရက်နေ့နဲ့ သောကြာနေ့ တစ်ထပ်တည်းကျတဲ့ နေ့မျိုးကို (အခုလိုနေ့မျိုး) မှာ ကံဆိုးမိုးမှောင် ကျတတ်တဲ့၊ အတိတ်နိမိတ် မကောင်းတဲ့ နေ့အဖြစ် သတ်မှတ် ယူဆကြပါတယ်။ တိုက်ဆိုင်ချင်တော့ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ အဲလို ၁၃ ရက်နေ့နဲ့ သောကြာနေ့ တိုက်တဲ့နေ့မျိုးက သုံးရက်တောင် ဖြစ်ခဲ့ပါတယ်။ ကမ္ဘာပျက်မယ်လို့ နာမည်ကြီးခဲ့တဲ့ ၂၀၁၂ တုန်းကလည်း ၁၃ နဲ့ သောကြာက ၃ ကြိမ် ထပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ သမိုင်းတွင်အောင် ရေကြီးခဲ့တဲ့ ၂၀၁၅ တုန်းကလည်း ၁၃ နဲ့ သောကြာ ၃ ကြိမ် ထပ်ခဲ့တာ တွေ့ရပါတယ်။ ၁၃ နဲ့ သောကြာ တွဲလျက်ကျတာကို အနောက်တိုင်းသားတွေ … Read more

နာမည်ကိုသိရုံနှင့် စိတ်ဓါတ်ကို သိနိုင်အောင် တွက်နည်း

သင့်ရဲ့နာမည်ကိုကြည့်ပြီး သင့်ရဲ့စိတ်နေသဘာဝကို အကြမ်းဖျင်းတွက်လို့ရတဲ့နည်း ရှိတယ်။ သင့်ရဲ့လူသိများသောအမည်ကိုအောက်ပါအတိုင်းတွက်ပါ။ (အ-အာ-ဥ-ဩ-ဧ = ၁) (က-ခ-ဂ-ဃ-င =၂) (စ-ဆ-ဇ-စ်-ည =၃) (ယ-ရ-လ-၀ =၄) (ပ-ဖ-ဗ-ဘ-မ =၅) (သ-ဟ =၆) (တ-ထ-ဒ-ဓ-န-ဌ =၇) ဥပမာတွက်ပြမယ်။ ။ ပန်း အိ ဖြိုး= ၅+ ၁+ ၅= ၁၁ ရပါတယ်၊ ၁၁ထဲကနေ ၁၀ကိုနှုတ်ပါ (၉နဲ့ ၉အောက်ဆို နှုတ်ပေးစရာမလိုပါ။ ၁၀ အထက်ကျော်ရင်တော့ နှုတ်ပေးရပါမယ်)။ ၁၁ – ၁၀= ၁ (၀၁ ကြွင်းခေါ်ပါတယ်)။ ၁ ခုကြွင်းကို ကြည့်ပါ။ (၁) ရလျှင်မိတ်ဆွေသည် စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်၏။ ရည်ရွယ်ချက်၊ ရည်မှန်းချက် ပြင်းထန်သူဖြစ်၏။ ပြတ်သားထက်မြတ်သော စိတ်ဓာတ်ရှိသူဖြစ်၏။ … Read more